မြန်မာ့နွေဦး

ဒီးမော့ဆို ကုန်းသာရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို KRU တိုက်ခိုက်ပြီး လက်နက်တွေရ

မဲခေါင် 8 Sep - 2023
မဲခေါင်၊ စက်တင်ဘာ ၈ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို ကရင်နီ တော်လှန်‌ရေး တပ်ပေါင်းစု-KRU က စက်တင်ဘာလ ၂ ရက်က ၀င်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ KRU ပြန်ကြားရေး တာ၀န်ရှိသူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၈

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို ကရင်နီ တော်လှန်‌ရေး တပ်ပေါင်းစု-KRU က စက်တင်ဘာလ ၂ ရက်က ၀င်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ KRU ပြန်ကြားရေး တာ၀န်ရှိသူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ကုန်းသာကျေးရွာမှာ လနဲ့ချီ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်မနက်ပိုင်းက စတင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အဲ့စခန်းက ဒီးမော့ဆိုဘက်မှာ တပ်စွဲထားတာ လနဲ့ချီနေပြီ။ လအတိအကျ‌တော့ ကျွန်တော်လည်း မသိတော့ဘူး။ စကစ ၂၀ ကျော်လောက်တော့ရှိမယ်။ တိုက်ပွဲမှာ သေသွားတာတော့ စာရင်းကောက်နေတုန်းပါပဲ။ လက်နက်တွေအရ ဆိုရင်တော့ အနည်းဆုံး လေးငါးယောက်ပဲ၊ ခန့်မှန်းပဲ ပြောနိုင်မယ်” လို့ သူကရှင်းပြပါတယ်။

ကုန်းသာ စစ်တပ်စခန်းကိုKRU ၊ DMO PDF တပ်ရင်း(၄)၊ KNDFတပ်ရင်း (၁) တို့ ပူးပေါင်း စီးနင်းခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်း တစ်ချို့ ရခဲ့ပေမဲ့စခန်း အနီးတစ်၀ိုက်မှာ စစ်ကောင်စီက မိုင်းကွင်း အများအပြား ပြုလုပ်ထားတာကြောင့် စခန်းသိမ်းဖို့ မလွယ်ကူဘူးလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာတာကြောင့် စက်တင်ဘာလ ၃ ရက်မှာ အင်အား လာဖြည့်တဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ သိရပြီး လက်ရှိမှာတော့ တိုက်ပွဲငြိမ်နေပြီလို့ ဆိုပါတယ်။

အလားတူ စက်တင်ဘာလ ၂ ရက် မနက်ပိုင်းက ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲနဲ့ ပူးဖားကျေးရွာက စစ်တပ်စခန်း ၂ ခုကို ကရင်နီ တော်လှန်ရေး အင်အားစုတွေ တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ရာ တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲနေတဲ့ကြားက စခန်း ၂ ခုနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းယူနိုင်ခဲ့တယ်လို့ KRU ပြန်ကြားရေး တာ၀န်ရှိသူက ပြောပါတယ်။

ကရင်နီပြည်နယ် တ၀ှမ်း ပြီးခဲ့တဲ့ မတ်လ အစောပိုင်းက စတင်ကာ စစ်ကောင်စီ ဆက်တိုက် စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေပြီး ပြည်သူတွေ အနေနဲ့ ကရင်နီတော်လှန်ရေး အင်အားစုတွေကို ဆက်လက် ကူညီပေးကြဖို့ KRU က မေတ္တာရပ်ခံ ထားပါတယ်။

MK-007

#MeKongNews

#ကုန်းသာရွာ

#KRU

#PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်၊ ဖက်နမ်ရွာတိုက်ပွဲမှာ PNO ၂ ဦးသေ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း မေ ၇ ရက်နေ့က PNLO နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNO ဘက်က ၂ ဦးသေ
မြန်မာ့နွေဦး

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်က ကျောင်းတွေ ကို မဖြစ်မနေဖွင့်ရမယ်လို့ဆို

လာမယ့် ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ဆီဆိုင်မြို့နယ်အတွင်းက ကျောင်းတွေကို မဖြစ်မနေဖွင့်လှစ်ရမယ်လို့ ပြည်နယ်ပညာရေးမှူးရုံးကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဘောလခဲမှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကား မိုင်းနင်းမိပြီးပျက်စီး

ကရင်နီပြည်၊ ဘောလခဲမြို့ နယ်မှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ တယ်လို့ ကရင်နီတော်လှန်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KNLA နဲ့ PDF ဝင်တိုက်တဲ့ ပဲဒက်စစ်ကောင်စီစခန်းမှ ၂၆ ယောက်ဖမ်းမိ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ ပဲဒက်ရွာမှ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF တို့ မေ ၅ ရက်က ဝင်တိုက်ခိုက်မှုမှာ စစ်ကောင်စီအဖွဲ့ ၂၆ ယောက်ကို အရှင်ဖမ်းမိပြီး လက်နက်တွေလည်း သိမ်မိတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မြစ်ကြီးနား ဗလမင်းထင်တံတားထိပ်မှာ တိုက်ပွဲ ပြင်းထန်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနား အဝင်က ဗလမင်းထင်တံတားထိပ်မှာ ဒီနေ့ မေ ၉ ရက် မွန်းလွဲ ၂ နာရီခန့်ကစပြီး လက်ရှိ သတင်းရေးသား နေချိန်ထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ရှေ့တန်း စစ်မြေပြင်မှာ မြေမြုပ်မိုင်း ထိသွားတဲ့ ရှမ်းတောင် PDF တပ်ဖွဲ့ဝင် တစ်ဦး အကူအညီလိုအပ်နေ

ရှမ်းတောင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် ၁၀၀၅ တပ်ရင်း(SSPDF)က တပ်ဖွဲ့ဝင်တစ်ဦးဟာ မြေမြုပ်မိုင်းကြောင့် ပြင်းထန်ဒဏ်ရာရခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ တော်လှန်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA နဲ့ ပူးပေါင်းအဖွဲ့ မလိုက်နိုင်အောင် တံတားကို မိုင်းခွဲပြီး စစ်ကောင်စီတပ် ထွက်ပြေး

ဗန်းမော် - မြစ်ကြီးနား လမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ်၊ ကဇူးရွာ အနီးက ဒဘတ်ချောင်းကူးတံတားကို မေလ ၈ ရက်နေ့ ည ၈ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့က ကား ၂ စီးနဲ့ လာရောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖယ်ခုံ PDF တည်ထောင်ခြင်း ၃ နှစ်ပြည့် ရဲဘော်အသစ်၊ ဟောင်းတွေ တက်ရောက်

ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (ဖယ်ခုံ PDF) တပ်ရင်း ၂၊ တပ်ခွဲ ၁ရဲ့ ၃ နှစ်ပြည့် မျက်နှာစုံညီပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now