မြန်မာ့နွေဦး

ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ ပတ်လည်ကို စစ်တပ်က မိုင်းထောင်ပြီး ရွာပြင်ထွက်ခွင့် ပိတ်ပင်ထား

မဲခေါင် 15 Sep - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာ ပတ်လည်မှာ စစ်ကောင်စီတပ်က မိုင်းအလုံး ၅၀ ခန့် ထောင်ထားပြီး ရွာသူ ရွာသားတွေ ရွာပြင်ထွက်ခွင့် ပိတ်ပင်ထားတယ်လို့ ဒေသအခြေစိုက် မှော်ဘုရင်စစ်ကြောင်း တာ၀န်ရှိသူက ဒီကနေ့ ပြောပါတယ်။

မဲခေါင်၊ စက်တာဘာ ၁၅

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာ ပတ်လည်မှာ စစ်ကောင်စီတပ်က မိုင်းအလုံး ၅၀ ခန့် ထောင်ထားပြီး ရွာသူ ရွာသားတွေ ရွာပြင်ထွက်ခွင့် ပိတ်ပင်ထားတယ်လို့ ဒေသအခြေစိုက် မှော်ဘုရင်စစ်ကြောင်း တာ၀န်ရှိသူက ဒီကနေ့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စခန်း နေရာကို သတင်းမပေးလို့ စစ်ကောင်စီက စက်တင်ဘာလ ၅ ရက်နေ့က စပြီး မိုင်းထောင်ကာ ရွာသူ ရွာသားတွေ ခြံထဲ၊ တောထဲ သွားခွင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“သူတို့ (စကစတပ်) က သူတို့ အတွေးအခေါ်လောက်နဲ့ ကျွန်တော်တို့ရှိတဲ့ နေရာကို ထင်နေတာက တစ်နေရာ၊ အဲ့နား အနီးတဝိုက်က ရွာတွေကို ဒုက္ခပေးနေတာ။ ငတ်ပြတ်အောင် လုပ်နေတာ။ သူတို့ရှာနေတဲ့ နေရာနဲ့ PDF ရှိတဲ့နေရာနဲ့ တခြားစီပဲ” လို့ မှော်ဘုရင်စစ်ကြောင်း တာဝန်ရှိသူက ရှင်းပြပါတယ်။

အခုလို မိုးတွင်းကာလ စိုက်ပျိုးရာသီမှာ စိုက်ခင်းထဲ မသွားဖို့ ပိတ်ပင်ခံထားရလို့ ရွာသူ၊ ရွာသားတွေ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ခုချိန်က နှစ်တိုသီးနှံစိုက်ချိန်၊ ရာသီဥတုဒဏ်ကြောင့် နေ့စဉ် ဆေးဖြန်းပေးရတာ ရှိတယ်။ ခရမ်းချဉ်တို့လို ရာသီပေါ် အသီးအနှံမျိုးကို သိန်းဆယ်ချီ၊ ရာချီ မရှိမဲ့ရှိမဲ့နဲ့ ရင်းနှီးထားရတာ။ အခုသွားခွင့် ပိတ်ပင်ထားတဲ့ အတွက် ပျက်စီးရပြီ။ ဒီတခါ ဆုံးရှုံးသွားရင် တခါပြန်စုဖို့ စုတာ လချီပြန်ရှာမှ ဒီအရင်းအနှီးရတာ။ တော်တော်လေးကို ဒုက္ခရောက်ရပါတယ်” လို့ ရွာငံမြို့နယ် ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ရွာသားတွေကို ၁၀ ရက်အတွင်း PDF တွေရှိတဲ့ နေရာ သတင်းမပေးပါက အိမ်တွေ မီးရှို့မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။

ဓနုဒေသ ရွာငံနဲ့ ပင်းတယမြို့နယ် အတွင်း ရွာ ၈ ရွာမှာ အခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့အထိ စစ်ကောင်စီတပ် မီးရှို့လို့ ပြည်သူနေအိမ် ၅၆ လုံး ပြာကျခဲ့တယ်လို့ မှော်ဘုရင်စစ်ကြောင်းရဲ့ စာရင်းတွေအရ သိရပါတယ်။

CJ-012

#MekongNews

#နွားဘန်းကြီးကျေးရွာ

#မိုင်းထောင်

#မှော်ဘုရင်စစ်ကြောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now