မြန်မာ့နွေဦး

PDF များစိုးမိုးရာ ရေလည်ကျွန်းဒေသ တော်လှန်ရေးတပ်ဖွဲ့များ မဟာမိတ် အင်အားစုအဖြစ် ဖွဲ့စည်းပြီ

မဲခေါင် 5 Sep - 2023
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်း ဆုံရာဒေသ၊ မြောင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်ကြား၊ ရေလည်ကျွန်း ဒေသရှိ PDF တပ်ဖွဲ့တွေ မဟာမိတ် အင်အားစုအဖြစ် စက်တင်ဘာ ၁ ရက်က အောင်မြင်စွာ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၅

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်း ဆုံရာဒေသ၊ မြောင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်ကြား၊ ရေလည်ကျွန်း ဒေသရှိ PDF တပ်ဖွဲ့တွေ မဟာမိတ် အင်အားစုအဖြစ် စက်တင်ဘာ ၁ ရက်က အောင်မြင်စွာ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရေလည်ကျွန်းဟာ ဒေသတွင်း အချက်အခြာကျတဲ့ နေရာဖြစ်ပြီး PDF များ စိုးမိုးထားမှုကို အပြတ်ချေမှုန်းဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ သတင်းထွက်ပေါ်နေချိန် အခုလို မဟာမိတ် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

“အစည်းအဝေးကတော့ ပြီးသွားပြီ။ ဘုံသဘောတူညီချက် ၁၀ ချက်ကို ညှိနှိုင်း ဆွေးနွေးနေတာနဲ့ အချိန်တော်တော် ကြာသွားတယ်” လို့ မဟာမိတ် ဖွဲ့စည်းရေး ဦးဆောင်သူ Myingyan Black Tiger တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ စစ်ကောင်စီကို တိုက်စစ်ဆင်ချေမှုန်းရေး အတွက် ဘုံသဘောတူညီချက် ၁၀ ချက် သဘောတူညီခဲ့ပြီး မဟာမိတ် အင်အားစု အဖြစ် တက်ရောက်ကာ ပူးပေါင်းပါဝင်ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ အရေအတွက်ကိုမူ လုံခြုံရေးအရ မဖော်ပြဘူးလို့ ဆိုပါတယ်။

“ဘုံသဘောတူညီချက် ၁၀ ချက်ရယ်၊ ပူးပေါင်းပါဝင်လာတဲ့ မဟာမိတ်တွေကို လုံခြုံရေးအရ မဖော်ပြပါဘူး။ ပါဝင်တဲ့ မဟာမိတ်တွေကလည်း ဖော်ပြဖို့အတွက် ငြင်းဆိုထားပါတယ်။ ဘုံသဘောတူညီချက်ထဲက နံပါတ် ၈ အချက် တစ်ချက်တည်းကို တစ်နာရီကျော်လောက် ညှိနှိုင်းခဲ့ရတယ်” လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ အချင်းချင်း ပွတ်တိုက်မှု တချို့ ရှိပေမယ့် ရေလည်ကျွန်းဒေသရှိ PDF တပ်ဖွဲ့များ ပူးပေါင်းမှုကို အားရကျေနပ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ပြည်သူဘက်က သဘောကျကြတယ်။ ကိုယ့်ဘက်က ဘယ်လောက်ပဲ ဆုံးရှုံးနစ်နာမှုရှိရှိ ကျွန်တော်တို့ တော်လှန်ရေး ရဲဘော် အချင်းချင်း စည်းလုံးနေကြတယ်။ ညီညွတ်နေကြတယ်ဆိုရင် ပြည်သူအနေနဲ့ အားတစ်ရပ်ကို ဖြစ်နေတာ။ ပြည်သူ ဆိုတာက ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ ဘက်မှာပဲ မားမားမတ်မတ် ရပ်တည်နေတဲ့အတွက်ကြောင့်မို့လို့ အားလုံးကို အခုလို စည်းစည်းလုံးလုံး ရှိစေချင်တယ်ဗျာ” လို့ အစည်းအဝေးမှာ ပါဝင်တဲ့ ရဲဘော် တစ်ဦးက မှတ်ချက်ပြု ပြောပါတယ်။

လက်ရှိ မိုးတွင်းကာလ ရေလယ်ကျွန်းဒေသ ရေတက်ချိန်ဖြစ်လို့ ပွင့်လင်းရာသီ ဒီရေကျချိန်မှာ စစ်ကောင်စီ စစ်ကြောင်းများ ဝင်ရောက် သောင်းကျန်း၊ လုယက်မယ့် သတင်းတွေ ထွက်နေတာကြောင့် တိုက်စစ်ဖွင့် ချေမှုန်းဖို့ အတွက် Myingyan Black Tiger အဖွဲ့က ဦးဆောင်ပြီး ဒေသခံ ကာကွယ်ရေးတပ်များ မဟာမိတ် အင်အားစု ဖွဲ့စည်းဖို့ အခုလို ညှိနှိုင်း ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

CJ-005

#MeKongNews

#ဗိုလ်မိုက်ခဲ

#MyingyanBlackTiger

#မဟာမိတ်အင်အားစု

#ရေလည်ကျွန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now