မြန်မာ့နွေဦး

ဆောက်လုပ်ရေးသုံး ပစ္စည်းတွေ ဈေးတက်လာတာကြောင့် လုပ်ငန်းခွင်တချို့ ခေတ္တရပ်ဆိုင်းထားရ

မဲခေါင် 26 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၆ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာတာကြောင့် ရန်ကုန်မြို့ အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေက ဆောက်လုပ်ရေးလုပ်ငန်းခွင် တချို့ ခေတ္တရပ်ဆိုင်း ထားရတယ် လို့လုပ်ငန်းရှင်တွေ ဆီကသိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၆

ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာတာကြောင့် ရန်ကုန်မြို့ အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေက ဆောက်လုပ်ရေးလုပ်ငန်းခွင် တချို့ ခေတ္တရပ်ဆိုင်း ထားရတယ် လို့လုပ်ငန်းရှင်တွေ ဆီကသိရပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အဓိကအသုံးပြုရတဲ့ ပစ္စည်းတွေ ဈေးတက်လာတာကြောင့် တည်ဆောက်ရေးလုပ်ငန်းတွေမှာ တွက်ခြေမကိုက် ဖြစ်လာပြီး လုပ်ငန်းခွင်ဘယာယီ​ရပ်ဆိုင်းမှုတွေရှိနေတာပါ။

ဆောက်လုပ်ရေး လုပ်ငန်းသုံး အုတ်၊ သဲ၊ ကျောက်စရစ်၊ သံချောင်း နဲ့ ဘိလပ်မြေဈေးနှုန်း တွေဟာ ဇန်နဝါရီလ အစမှာတင် အနည်းဆုံး ၁၀၀၀ ကျပ် ကနေ အများဆုံး သောင်းဂဏန်း အထိတန်ဖိုး အနည်းအများ​အပေါ်မှုတည်ပြီး ဈေးနှုန်းမြင့်တက်လာတယ်လို့လည်းသိရပါတယ်။

“ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမရောက်ခင် ဈေးလေးတွေ ပြန်ကျတော့ လုပ်လက်စလုပ်ငန်းခွင်တွေ ပြန်လုပ်ကြတယ်။ နှစ်ကုန်ပိုင်းကနေစပြီး စျေးတွေပြန်တက်လာတာ၊ နောက်ပြီးတချို့ တည်ဆောက်ရေး ပစ္စည်းတွေက ပြည်ပက သွင်းရတာရှိတယ်။ လမ်းမှာ တိုက်ပွဲအခြေနေတွေကြောင့် တင်သွင်းလို့မရတာရယ် အစိုးရမူဝါဒ သတ်မှတ်ချက်တွေကြောင့် လိုသလောက်မှာလို့ မရတာအပြင် ဈေးတွေကတက်လာတော့ လုပ်ငန်းက ရပ်နားထားရတဲ့သဘောပေါ့။ ဘဏ်စနစ်တွေကြောင့်လည်း လုပ်ငန်းလုပ်ရတဲ့အပိုင်းမှာ အခက်ခဲတွေရှိနေတာပါလို့” ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။

အခုလို ဈေးနှုန်းမြင့်တက်နေတာကြောင့် ပုဂ္ဂလိကလုပ်ငန်းခွင်သာမက အစိုးရအဆောက်အဦးတွေဆောက်လုပ်နေတဲ့ ကုမ္မဏီတွေလည်း ရပ်နားထားမှုတွေရှိတယ်လို့ သူကပြောပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းအများ ဆုံးဖန်တီးပေးနိုင်တဲ့ ဆောက်လုပ်ရေးကဏ္ဍရပ်ဆိုင်းနေမှုကြောင့် အခြေခံလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်နေရပြီး စားဝတ်နေရေးအခက်ခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။

“ကိုဗစ်ပြီးတော့ နိုင်ငံရေးကြောင့်အလုပ်မရှိတာကြာပြီ။ အလုပ်ပြန်ရတာ ၄ လလောက်ပဲ ရှိသေးတယ်။ အခုထပ် ပြီးနားရတာပေါ့ အခြေခံလုပ်သားဖြစ်တဲ့အတွက် အပိုစုဆောင်းထားတာ မရှိပါဘူး။ အိမ်ဌားမနေနိုင်လို့ ကလေးတွေရွာပြန်ပို့ပြီး၊ ဒီမှာအဆောင်ဌားနေနေရတာပါ။ စားဝတ်နေရေး အခက်ခဲတွေနဲ့ ကြုံတွေနေရတယ်လို့” ရန်ကုန်မြို့နေသူ ဆောက်လုပ်ရေးလုပ်သားတစ်ဦးကဆိုပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေပါ ရပ်နားထားရတဲ့အတွက် ပန်းရံလုပ်သားတွေနဲ့ အခြေခံဆောက်လုပ်ရေးလုပ်သားတွေ အခက်ခဲနဲ့ကြုံတွေ့နေရတာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အကျိုးဆက် တွေကြောင့် ရုန်းကန်နေရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းဟာ ရပ်တန့်လုနီးပါးဖြစ်နေပြီး၊ ၂၀၂၃ ခုနှစ် မှာလည်းကောင်းလာနိုင်​ခြေ မရှိဘူးလို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

MK-006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now