မြန်မာ့နွေဦး

ဗဟန်းမြို့နယ်မှာ စည်ပင် အရာရှိနဲ့ အောက်ခြေဝန်ထမ်းတွေ ပေါင်းပြီး အိမ်အသေးစား ပြင်ဆင်မှုတွေအပေါ် ငွေသိန်း ဆယ်ချီ တောင်းခံနေ

မဲခေါင် 25 Jan - 2023
မဲခေါင်၊ ဇန်နဝါရီလ ၂၅ ဗဟန်းမြို့နယ် စည်ပင်သာယာရုံးရှိ အခွန်ကောက်ရာထူးအဆင့်သာရှိတဲ့ ဝန်ထမ်းတွေက အထက်အရာရှိတွေနဲ့ ပူပေါင်းပြီး အသေးစား တပိုင်တနိုင် အိမ်ပြင်ဆင်မှုအပေါ် ခြိမ်းခြောက်ကာ ငွေ သိန်း ဆယ်ဂဏန်းချီ တောင်းယူမှုတွေပြုလုပ်နေတယ်လို့ နီးစပ်ရာအသိုင်းအဝန်းကသိရပါတယ်

မဲခေါင်၊ ဇန်နဝါရီလ ၂၅

ဗဟန်းမြို့နယ် စည်ပင်သာယာရုံးရှိ အခွန်ကောက်ရာထူးအဆင့်သာရှိတဲ့ ဝန်ထမ်းတွေက အထက်အရာရှိတွေနဲ့ ပူပေါင်းပြီး အသေးစား တပိုင်တနိုင် အိမ်ပြင်ဆင်မှုအပေါ် ခြိမ်းခြောက်ကာ ငွေ သိန်း ဆယ်ဂဏန်းချီ တောင်းယူမှုတွေပြုလုပ်နေတယ်လို့ နီးစပ်ရာအသိုင်းအဝန်းကသိရပါတယ်။

ပုံမှန်ဆိုရင် အိမ်ဆောက်လုပ်ခွင့်နဲ့ပတ်သက်ပြီး မြို့တော် စည်ပင်သာယာရေးရုံးရဲ့ ခွင့်ပြုမိန့်စောင့်တာ၊ သက်ဆိုင်ရာက လာရောက်စစ်ဆေးပြီး အိမ်ဟောင်းဖျက်ခွင့်၊ အိမ်အသစ်ဆောက်လုပ်ခွင့် အဆင့်ဆင့်ရှိတာကြောင့် တနိုင်တပိုင် အိမ်ပြင်ဆင်ခွင့် အတွက် ရုံးကို အကြောင်းကြားစာပို့ရုံသာ လုပ်ဆောင်ရတယ်လို့လည်း သိရပါတယ်။

“အိမ်ဆောက်လုပ်ခွင့်ကို ပါမစ်မတင်ဘဲ အောက်ခြေဝန်ထမ်းတွေနဲ့ ပေါင်းပြီးစားနေတာ။ တပိုင်တနိုင် အိမ်ပြင်တာကိုတောင် ဥပဒေအရတရားစွဲဆိုနိုင်တယ်လို့ ခြိမ်းခြောက်ပြီး ငွေညစ်နေတာ၊ အရာရှိတွေနဲ့ ပေါင်းစားနေတာ။ မိုးယိုလို့ ခေါင်မိုးပြင်ဆင်ရင်တောင် ၁၀ သိန်းလောက် တောင်းတယ်၊ တိုင်ကြားမှုတွေ လုပ်ကြပေမယ့် ပြန်ဖုံးအုပ်ပေးနေတာကြောင့် အရေးယူခံရမှု မရှိဘူး” လို့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

ဗဟန်းမြို့နယ် အတွင်းမှာ ရှိတဲ့ အကြီးစား ဆောက်လုပ်မှုတွေကို လည်းလုပ်ရိုးလုပ်စဥ် အတိုင်းပြုလုပ်ရင် အချိန်ကြာမြင့်တဲ့အပြင် စာရွက်စာတမ်း ပြည့်စုံမှုရှိမှ ဆောက်လုပ်ခွင့်ပါမစ်ရရှိတာကြောင့် လာဒ်ပေးလာဒ်ယူလုပ်ပြီး ဆောက်လုပ်မှုတွေ ရှိတယ်လို့လည်း သိရပါတယ်။

“စည်ပင်ကအသက် ၅၀ ဝန်းကျင် အမျိူးသမီးနဲ့ တခြားဝန်ထမ်း၂ ဦးလောက်က အမြဲလိုက်စစ်တယ်။ အိမ်ရှေ့အမိုးလေးလုပ်ရင်တောင် ခြိမ်းခြောက်ပြီး ငွေညစ်တယ်။ အိမ်ပြင်လို့ ၅ သိန်းကျော်လောက်ပဲကုန်ရင်တောင် သူတို့က ၁၀ သိန်းလောက်တောင်းတယ်။ အခုက သူတို့ခေတ်ဖြစ်နေတော့ ဘာမှ မပြောဘဲပေးလိုက်ရတယ်” လို့ ကိုယ်တိုင်ကြုံတွေခဲ့ရတဲ့ ဗဟန်းမြို့နေသူတစ်ဦးက ဆိုပါတယ်။

အရပ်သား အစိုးရခေတ်လက်ထက်က အဂတိလိုက်စားမှု ဥပဒေကြောင့် လာဒ်ပေး လာဒ်ယူ ခြိမ်းခြောက်ငွေတောင်းခံမှုတွေ လျော့နည်းသွားပေမယ့် စစ်အာဏာသိမ်း​ပြီးချိန်က စတင်ပြီး ပြည်သူတွေဆီက ငွေကြေးတောင်းခံမှုတွေ ဝန်ထမ်းတွေအနေနဲ့ ရဲရဲတင်းတင်း ပိုလုပ်လာတာဖြစ်ပါတယ်။

ဗဟန်းမြို့နယ်မှာ အသေးစားအိမ်ပြင်ဆင်မှုတွေအနေနဲ့ ပျှမ်းမျှအားဖြင့် တစ်ပတ်ကို အိမ် ၂ လုံးနီးပါးလောက် ပြင်ဆင်မှုရှိပြီး ပြဌာန်းဥပဒေအရ အသေးစားပြင်ဆင်မှုအပေါ် မြို့နယ်စည်ပင်ရုံးကို အကြောင်းကြားပြီး ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးသာ လုပ်ဆောင်ရပေမယ့် အခုအခါမှာတော့ ငွေတောင်းခံမှုတွေရှိနေတာပါ။

MK-006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now