မဲခေါင်၊ အောက်တိုဘာ ၂၅
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave 125 ဆိုင်ကယ် ၄ စီးနှင့် ဆိုင်ကယ် အရောင်ပြောင်းရန် အသုံးပြုသည့် မှုတ်ဆေးဘူး ၈ ဘူးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
၎င်းကို အောက်တိုဘာ ၂၄ ရက် ညနေ ၅ နာရီခန့်တွင် တာချီလိတ်မြို့မရဲစခန်းမှ အဖွဲ့က လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာတွင် ပုန်းအောင်းနေထိုင်ကြောင်း သတင်းရရှိပြီးနောက် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသူမှာ မျိုးမြင့်ထွန်း (ခ) ရမ်ဘို ဖြစ်ပြီး ၂၀၂၂ ခုနှစ်က ရာဇသတ်ကြီးပုဒ်မ ၃၇၉ နှင့် ကျင့်ဥပဒေပုဒ်မ ၅၁၂ တို့ဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေး ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးစဉ် ၎င်းနှင့်အတူ နေထိုင်သူ တရုတ်ကြီး (ခ) ရဲသူရိန်ရန်နိုင်ဝင်းမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဆက်လက်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
#MeKongNews
#တာချီလိတ်
#ဆိုင်ကယ်ခိုးမှု
#တရားခံပြေးဖမ်းမိ
#ငှက်ပျောတောကျေးရွာ








