နေ့စဥ်သတင်း

မိုးဗြဲတွင် စစ်ကောင်စီက စစ်မှုထမ်းများအား အသေခံ စစ်ကြောင်းထိုးနေ၍ တိုက်ပွဲ ပြင်းထန်

မဲခေါင် 9 Jul - 2026
မဲခေါင်၊ ဇူလိုင် ၉ ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့နယ်၊ လွယ်ယင်းမင်္ဂလာကျေးရွာအနီး သို့ စစ်ကောင်စီတပ်သည် စစ်မှုထမ်းများကို အင်အား အလုံးအရင်းဖြင့် ရှေ့တန်းတင်ကာ အသေခံစစ်ကြောင်းထိုး ဝင်ရောက်လာနေသဖြင့်တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။ ယင်းစစ်ကောင်စီ စစ်ကြောင်းကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူအများအပြားရှိပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။ “ယခုလ ၆ ရက်ကနေ ဒီနေ့အထိ လွယ်ယင်းမင်္ဂလာရွာဘက်မှာ တိုက်ပွဲဖြစ်နေတာ။ တော်တော်ပြင်းထန်တယ်။ စကစက လူလှိုင်းနဲ့ သွေးတိုးစမ်းနေတာ။ ထိတွေ့မှုဖြစ်လိုက် အထိနာပြီး ပြန်ဆုတ်လိုက် နဲ့ ပြန်တက်လာလိုက်နဲ့။ တိုက်ပွဲထဲမှာ လက်နက်ခဲယမ်းတွေ၊ အိုင်ကွန်တွေပါ သိမ်းဆည်းရရှိတာရှိတယ်။ အရင်ရက်ကလည်း စစ်ကောင်စီရဲ့

မဲခေါင်၊ ဇူလိုင် ၉

ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့နယ်၊ လွယ်ယင်းမင်္ဂလာကျေးရွာအနီး သို့ စစ်ကောင်စီတပ်သည် စစ်မှုထမ်းများကို အင်အား အလုံးအရင်းဖြင့် ရှေ့တန်းတင်ကာ အသေခံစစ်ကြောင်းထိုး ဝင်ရောက်လာနေသဖြင့်တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

ယင်းစစ်ကောင်စီ စစ်ကြောင်းကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူအများအပြားရှိပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

“ယခုလ ၆ ရက်ကနေ ဒီနေ့အထိ လွယ်ယင်းမင်္ဂလာရွာဘက်မှာ တိုက်ပွဲဖြစ်နေတာ။ တော်တော်ပြင်းထန်တယ်။ စကစက လူလှိုင်းနဲ့ သွေးတိုးစမ်းနေတာ။ ထိတွေ့မှုဖြစ်လိုက် အထိနာပြီး ပြန်ဆုတ်လိုက် နဲ့ ပြန်တက်လာလိုက်နဲ့။ တိုက်ပွဲထဲမှာ လက်နက်ခဲယမ်းတွေ၊ အိုင်ကွန်တွေပါ သိမ်းဆည်းရရှိတာရှိတယ်။ အရင်ရက်ကလည်း စစ်ကောင်စီရဲ့ UAV ဒရုန်း အဖြူရောင်တစ်စီးကို ရထားတာရှိတယ်။ သေတာတွေကတော့ စစ်မှုထမ်းအသစ်တွေချည်းပဲ” ဟု ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၆ ရက်မှစတင်ကာ ယနေ့ ဇူလိုင်လ ၈ ရက်အထိ ၃ ရက်တိုင်တိုင် မိုးဗြဲမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူထားသည့် တပ်သားအသစ်များကို အသုံးချကာ “လူလှိုင်းဗျူဟာ” ဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် တိုက်ပွဲများ နေ့စဉ်နှင့်အမျှ ပြင်းထန်နေခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ပွဲ ဖြစ်စဥ်များအတွင်း ဇူလိုင် ၂ ရက်တွင် လွယ်ယင်းမင်္ဂလာရွာဘက်သို့ စစ်ကြောင်းထိုးကာ နေရာယူထားသည့် စစ်ကောင်စီတပ်သားများကို ဖယ်ခုံ ၁၀၀၆ PDF၊ မိုးဗြဲ ၁၀၀၁ PDF နှင့် Falcon Wings ဒရုန်းတပ်ဖွဲ့များ ပူးပေါင်း၍ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၈ ရက် နေ့လည်ပိုင်းကလည်း မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီတပ်က ဒီးမော့ဆို မြို့နယ် အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသော်လည်း လူထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် မိုးဗြဲမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု များပြားနေခြင်းကြောင့် စစ်ကောင်စီသည် ပင်လောင်းနှင့် ဖယ်ခုံဘက်မှတစ်ဆင့် PNO ပြည်သူ့စစ်များ၊ ကရင်နီပြည်၊ ငွေတောင်အခြေစိုက် ခလရ – ၁၀၂ တပ်ရင်းနှင့် လွိုင်ကော်မြို့အခြေစိုက် တပ်ရင်းများမှ အင်အားများကို ထုတ်နုတ်ကာ မိုးဗြဲရှေ့တန်းစစ်မျက်နှာသို့ အင်အား ဖြည့်တင်းလျက်ရှိကြောင်းသိရသည်။

ဖရူဆိုဘက်တွင်လည်းဖရူဆို ခမရ – ၅၃၁ တပ်နှင့်ခမရ – ၄၂၈ တပ်များသို့ စစ်ကောင်စီက လူအင်အား လက်နက်ခဲယမ်း ဖြည့်တင်းလျက်ရှိကြောင်း သိရသည်။

#MeKongNews
#မိုးဗြဲ
#စစ်ကောင်စီ
#စစ်မှုထမ်းများ
#အသေခံ
#စစ်ကြောင်းထိုး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now