နေ့စဥ်သတင်း

ပအိုဝ်းဒေသတွင် ဘိန်းများကို ပိုက်ဆံတစ်ဝက် ယာမဆေးပြားတစ်ဝက် ပေးချေပြီး ရောင်းဝယ်ကြသည်ဟု PNO ပြော

မဲခေါင် 7 Jul - 2026
မဲခေါင်၊ ဇူလိုင် ၇ ပအိုဝ်းဒေသထွက် ဘိန်းများကို ပိုက်ဆံတစ်ဝက် ယာမဆေးပြားတစ်ဝက် ပေးချေပြီး အရောင်းအဝယ်ပြုလုပ်ကြသည်ဟု စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပြောသည်။ PNO ပြည်သူ့စစ်က ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတစ်ခုအတွင်း PNO ဒုတိယစစ်ဦးစီးချုပ် ဦးနေဝင်းထွန်းက ယင်းကဲ့သို့ ဝန်ခံထည့်သွင်း ပြောဆိုထားခြင်း ဖြစ်သည်။ ယမန်နေ့ ဇူလိုင် ၆ ရက်တွင် PNO က ထုတ်ပြန်သည့် ဗီဒီယိုအတွင်း ဦးနေဝင်းထွန်းက “ပွဲစားပဲများတာ ဝယ်တဲ့သူက တစ်ဦးနှစ်ဦးပဲ ရှိတယ်။ ငွေတွေချည်း ပေးနေရင် ဒီလူတွေကို ငါတို့စိုးမိုးလို့ မရတော့ဘူးဆိုပြီး ယာမထိုးထည့်တယ်။ ဒီမူးယစ်ဆေးဝါး ဘိန်းကို သူတိုယူတဲ့ အချိန်မှာ ယာမ တစ်ဝက်ပေးတယ်။ ယာမကို

မဲခေါင်၊ ဇူလိုင် ၇

ပအိုဝ်းဒေသထွက် ဘိန်းများကို ပိုက်ဆံတစ်ဝက် ယာမဆေးပြားတစ်ဝက် ပေးချေပြီး အရောင်းအဝယ်ပြုလုပ်ကြသည်ဟု စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပြောသည်။

PNO ပြည်သူ့စစ်က ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတစ်ခုအတွင်း PNO ဒုတိယစစ်ဦးစီးချုပ် ဦးနေဝင်းထွန်းက ယင်းကဲ့သို့ ဝန်ခံထည့်သွင်း ပြောဆိုထားခြင်း ဖြစ်သည်။

ယမန်နေ့ ဇူလိုင် ၆ ရက်တွင် PNO က ထုတ်ပြန်သည့် ဗီဒီယိုအတွင်း ဦးနေဝင်းထွန်းက “ပွဲစားပဲများတာ ဝယ်တဲ့သူက တစ်ဦးနှစ်ဦးပဲ ရှိတယ်။ ငွေတွေချည်း ပေးနေရင် ဒီလူတွေကို ငါတို့စိုးမိုးလို့ မရတော့ဘူးဆိုပြီး ယာမထိုးထည့်တယ်။ ဒီမူးယစ်ဆေးဝါး ဘိန်းကို သူတိုယူတဲ့ အချိန်မှာ ယာမ တစ်ဝက်ပေးတယ်။ ယာမကို စျေးတင်လိုက်တဲ့အတွက် ဘိန်း အလကားယူသွားတယ်။ အဲ့ဒီယာမက ကျနော်တို့ဒေသအတွင်းမှာ အကုန်ပျံ့နှံ့နေတော့ ရွာတိုင်းရွာတိုင်းမှာ ကလေးတွေမက လူကြီးလူငယ်ပါ သုံးတယ်။ ဒီမူးယစ်ဆေးဝါး မကောင်းဆိုးဝါးတွေ ကျနော်တို့ အသွေးအသားထဲမှာ စီးဝင်ပြီးတော့ စိတ်တွေပါ အမျိုးမျိုးပျက်လာပြီ။ ” ဟု ပြောသည်။

ပအိုဝ်းဒေသအတွင်း ထွက်ရှိသည့် ဘိန်းများကို လာရောက်ဝယ်ယူသူများသည် ငွေအပြည့်ပေးချေခြင်း မရှိဘဲ ယာမစိတ်ကြွဆေးပြားများဖြင့် လဲလှယ်ကာ ဝယ်ယူနေခြင်းသည် ပအိုဝ်းဒေသကို မူးယစ်ဆေးဝါးဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည် ဦးနေဝင်းထွန်းက ဆိုသည်။

ဦးနေဝင်းထွန်းက ထိုသို့ ပြောဆိုနေသော်လည်း ၎င်းဦးဆောင်သည့် PNO ပြည်သူ့စစ်ကိုယ်တိုင် ပင်လောင်းမြို့နယ် လုံးနဂါးပတ်ကျေးရွာ အနောက်ဘက်ရှိ တောထဲတွင် မူးယစ်ဆေးဝါး ချက်လုပ်နေသည်ကို မဲခေါင်သတင်းဌာနက စုံစမ်းဖော်ထုတ်ထားပြီး ဖြစ်သည်။

လက်ရှိတွင်လည်း ၎င်းတို့ မူးယစ်ဆေးဝါး ချက်လုပ်သည်ကို သတင်းပေးသည်ဟုဆိုကာ လုံးနဂါးပတ်ကျေးရွာကို တာဝါတိုင်များ လည်ပတ်ခွင့် မပြုတော့ဘဲ PNO ပြည်သူ့စစ်က ဖုန်းလိုင်း အင်တာနက်လိုင်း ပိတ်ပင်ထားလျက်ရှိသည်။

လက်ရှိမြေပြင်တွင်လည်း ဘိန်းများကို ဝယ်ရောင်းခြင်း၊ သယ်ယူခြင်းများတွင် ပြည်သူများ လုပ်ကိုင်၍မရပဲ PNO ပြည်သူ့စစ်များကို ပွဲစားများက ငှားရမ်းကာ သယ်ဆောင်ခိုင်းခြင်း၊ PNO အရာရှိများကိုယ်တိုင် ရောင်းဝယ်ခြင်းများသာ လုပ်ကိုင်ခွင့်ရှိသည်ဟု ဘိန်းစိုက်သူတစ်ဦးဖြစ်သည့် ခွန်အောင်ဒိက ပြောသည်။

“ရောင်းဝယ်တာ သယ်တာက PNO မပါရင် ဘာမှလုပ်လို့မရဘူး။ ပင်လောင်းကနေ ဆိုက်ခေါင်ကို ဘိန်းစိမ်းသယ်တာ PNO ကို ငှားရတာ တပိဿာကို သယ်ခ တစ်သိန်းပေးရတယ်။ စိုက်တဲ့သူက ဘာမှမစားရဘူး PNO က အခွန်လည်းစားရတယ်။ သယ်ယူခလည်း စားရတယ်။ အခုမှ ပြည်သူကို အပြစ်ပုံချနေတာ မယုံရင် ဗိုလ်မှူးကောင်းတို့ ဗိုလ်ကြီးတားတို့ကို မေးကြည့်လို့ရတယ်”ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။

ကုလသမဂ္ဂ၏ စာရင်းအရ မြန်မာနိုင်ငံသည့် ဘိန်းစိုက်ပျိုးမှုအများဆုံး နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံထဲတွင် ရှမ်းပြည်သည် ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်သည်။

#MeKongNews
#ပအိုဝ်းဒေသ
#ဘိန်းများ
#ပိုက်ဆံတစ်ဝက်
#ယာမဆေးပြားတစ်ဝက်
#PNO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now