မဲခေါင်၊ ဇွန် ၂၂
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေကြောင်း သံသယရှိသည့် အဆောက်အဦးတခုကို ယနေ့ ဇွန် ၂၂ ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသားအချို့ကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းဖမ်းဆီးမှုသည် ကောင်းမှုလွယ်ရပ်ကွက်ရှိ Skewars Garden စားသောက်ဆိုင်အနီးရှိ အဆောက်အဦတစ်ခုတွင် ဖြစ်ပြီး စစ်တပ်နှင့် ရဲပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့သည်ဟု သိရသည်။
“တရုတ်တွေချည်းပဲ van အပြည့် အရေတွက် မသိသေးဘူး။ ခုတလော ခပ်စိပ်စိပ် ဝင်ဖမ်းနေတာ”ဟု သတင်းရင်းမြစ်က ဆိုသည်။
လက်ရှိ ဖမ်းဆီးမှုနှင့် စပ်လျဥ်း၍ အသေးစိတ် အချက်အလက်များကို စစ်ကောင်စီဘက်မှ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့တွင် မတ် ၁၈ ရက်က တပ်ထိပ်ပိုင်းကို အပြောင်းအလဲ ပြုလုပ်ပြီးနောက် ကျားဖြန့် နှင့် လောင်းကစားရုံများကို ဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#မူဆယ်
#ကျားဖြန့်သံသယ
#ဝင်စီး
#တရုတ်နိုင်ငံသားများ








