နေ့စဥ်သတင်း

“အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” သည် အတုသာဖြစ်ပြီး ဒေသတွင်း မတည်ငြိမ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံထားဟု ဆို

မဲခေါင် 22 Jun - 2026
မဲခေါင်၊ ဇွန် ၂၂ ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးကန်ဒေသ ကောလာဟာလများနှင့် ဝါဒဖြန့်ချိမှုများ ဆက် တိုက်ထွက်ပေါ်နေသည့်အနက် ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သော “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် စာရွက်စာတမ်းမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးထားသည့် သတင်းအတု (Fake News) မျှသာဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု အင်းလေးသတင်းရင်းမြစ်များက ဆိုသည်။ ယမန်နေ့ ဇွန် ၂၁ ရက်က ထွက်ပေါ်လာသည့်.ထုတ်ပြန်ချက်အတုတွင် အင်းလေးဒေသသည် အင်းတိုင်းရင်းသားများ ပိုင်ဆိုင်သည့်နယ်မြေ ဖြစ်၍ အခြားတိုင်းရင်းသားများ ဝင်ရောက်လှူဒါန်းခြင်း၊ လည်ပတ်ခြင်းနှင့် စီးပွားရေး လာရောက်ရင်းနှီးမြှုပ်နှံခြင်းများကို (လုံးဝ) ခွင့်မပြုတော့ကြောင်းနှင့် “အင်းတိုင်းရင်းသားများ၏ ဥက္ကဋ္ဌ” ဆိုသူက လက်မှတ်ရေးထိုး ထုတ်ပြန် ရေးသားထားခြင်း ဖြစ်ကြောင်း သိရသည်။ အင်းလေးဒေသခံများနှင့်

မဲခေါင်၊ ဇွန် ၂၂

ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးကန်ဒေသ ကောလာဟာလများနှင့် ဝါဒဖြန့်ချိမှုများ ဆက် တိုက်ထွက်ပေါ်နေသည့်အနက် ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သော “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် စာရွက်စာတမ်းမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးထားသည့် သတင်းအတု (Fake News) မျှသာဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု အင်းလေးသတင်းရင်းမြစ်များက ဆိုသည်။

ယမန်နေ့ ဇွန် ၂၁ ရက်က ထွက်ပေါ်လာသည့်.ထုတ်ပြန်ချက်အတုတွင် အင်းလေးဒေသသည် အင်းတိုင်းရင်းသားများ ပိုင်ဆိုင်သည့်နယ်မြေ ဖြစ်၍ အခြားတိုင်းရင်းသားများ ဝင်ရောက်လှူဒါန်းခြင်း၊ လည်ပတ်ခြင်းနှင့် စီးပွားရေး လာရောက်ရင်းနှီးမြှုပ်နှံခြင်းများကို (လုံးဝ) ခွင့်မပြုတော့ကြောင်းနှင့် “အင်းတိုင်းရင်းသားများ၏ ဥက္ကဋ္ဌ” ဆိုသူက လက်မှတ်ရေးထိုး ထုတ်ပြန် ရေးသားထားခြင်း ဖြစ်ကြောင်း သိရသည်။

အင်းလေးဒေသခံများနှင့် နီးစပ်သူများ၏ အဆိုအရ အင်းလေးဒေသတွင် ယခုကဲ့သို့ စာထုတ်ပြန်ပိုင်ခွင့်ရှိသည့် “အင်းတိုင်းရင်းသားများဥက္ကဋ္ဌ” ဟူသော ဖွဲ့စည်းပုံ သို့မဟုတ် ရာထူးအသုံးအနှုန်းမျိုး တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးကြောင်း အတည်ပြုပြောဆိုကြကြောင်း သိရသည်။

“PNA (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်) ဘက်က ထုတ်ပြန်တဲ့စာတွေက ပုံစံပီပြင်မှု ရှိပေမဲ့ အခုထွက်လာတဲ့ ‘အင်းတိုင်းရင်းသားများဥက္ကဋ္ဌ’ ဆိုတဲ့စာကတော့ ကလေးကလား အရမ်းဆန်လွန်းပါတယ်။ ဒါဟာဒေသတွင်းမှာရှိတဲ့ တိုင်းရင်းသားအချင်းချင်း ကြားထဲမှာ သွေးခွဲဖို့နဲ့ အထင် အမြင်လွဲမှားအောင် လုပ်နေတာ ထင်ရှားပါတယ်”ဟု စာအတုနှင့် ပတ်သက်၍ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) တပ်ရင်းကော်မတီဝင် တစ်ဦးကလည်း သုံးသပ်ပြောကြားသည်။

မကြာသေးမီကလည်း အင်းလေးဒေသအပေါ် PNA ၏ သဘောထားဟုဆိုကာ စာရွက်စာတမ်းအချို့ပေါက်ကြားလာခဲ့ပြီးနောက် PNA တပ်ဖွဲ့ဘက်က ယင်းစာမှာ ၎င်းတို့ ထုတ်ပြန်သည့် စာမဟုတ်ကြောင်း ချက်ချင်း ပြန်လည်ငြင်းဆိုခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

ယခုကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် သံသယပွားစရာ စာရွက်စာတမ်းအတုများ၊ ဝါဒဖြန့်စာများကို ကန့်လန့်ကာနောက်ကွယ်မှ မည်သူက မည်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသနည်းဆိုသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်နေပြီးဒေသတွင်း သတင်းရင်းမြစ်အချို့၏ သုံးသပ်ချက်အရ အင်းလေးဒေသရှိ တိုင်းရင်းသားလူမျိုးစုများ (အင်းသားနှင့် ပအိုဝ်း) အကြား ရိုးရာချစ်ကြည်ရေး ပျက်ပြားစေရန်နှင့် စစ်ရေး၊ နိုင်ငံရေးအရ အမြတ်ထုတ်လိုသည့် အဖွဲ့အစည်းအချို့က စနစ်တကျ သွေးခွဲသပ်လျှိုနေခြင်း ဖြစ်နိုင်ကြောင်း အင်းဒေသခံအများစုက သုံးသပ်နေကြကြောင်း သိရသည်။

အင်းလေး သတင်းဌာနအနေ​ဖြင့်လည်း အင်းလေးဒေသသည် ရှေးယခင်ကတည်းက တိုင်းရင်းသားစုံလင်စွာ သဟဇာတဖြစ်စွာ နေထိုင်လာကြသည့် ခရီးသွားလုပ်ငန်း အခြေပြု ဒေသတစ်ခုဖြစ်သည်နှင့်ပြည်သူများအနေဖြင့် လူမှုကွန်ရက်ပေါ်ရှိ ခိုင်လုံမှုမရှိသော၊ လက်မှတ်နှင့် အဖွဲ့အစည်းအမည် အတုအယောင်များဖြင့် ရေးသားထားသော သွေးထိုးလှုံ့ဆော်မှု စာမျက်နှာများကို ယုံကြည်ခြင်း မရှိကြရန်နှင့် အထူးသတိပြုကြရန် တိုက်တွန်းနှိုးဆော်သည်ဟု ပြောကြားထားသည်။

အင်းလေးကန်ဒေသတွင် ရွာပေါင်း ၄၄၅ ရွာနှင့် ရပ်ကွက် ၈ ခုရှိပြီး ယင်းရွာများအနက် ပအိုဝ်း တိုင်းရင်းသားရွာ ၂၀ ရာခိုင်နှုန်းခန့်ရှိနေကြောင်း 1009 IPDF မှ တပ်ရေးတာဝန်ခံ အင်းသွေးနီက မဲခေါင်သို့ ပြောကြားထားသည်။

#MeKongNews
#အင်းတိုင်းရင်းသားများ
#သဘောထားထုတ်ပြန်ချက်
#အတု
#ရည်ရွယ်ချက်ရှိရှိ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now