နေ့စဥ်သတင်း

ဖမ်းဆီးရမိ တရားမဝင် ကုန်တင်ကားအချို့ကို ကျပ်သိန်းသောင်းချီ လာဘ်ယူ၍ ရပခ တိုင်းမှူး ပြန်လွှတ်

မဲခေါင် 18 Jun - 2026
မဲခေါင်၊ ဇွန် ၁၈ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးသည် ၎င်းကိုယ်တိုင် ဖမ်းဆီးထိန်းသိမ်းထားသည့် တရားမဝင် ကုန်စည်တင်မော်တော်ယာဉ်များအနက် ၁၀ စီးထက်မနည်းကို ငွေကျပ်သိန်းပေါင်းသောင်းချီ လာဘ်ငွေရယူကာ လျှို့ဝှက်ပြန်လွှတ်ပေးခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။ တောင်ကြီးမြို့၊ ဘန်ကွဲကျေးရွာရှိ PNO ပြည်သူ့စစ် စခန်းကုန်းအနီးတွင် တရားမဝင် ကုန်စည်တင်ကား ၃၄ စီး ရောက်ရှိပုန်းခိုနေကြောင်း သတင်းအရ ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့က ရပခ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးကိုယ်တိုင် သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်yjD; ထိုသို့ ဖမ်းဆီးရမိသည့် ယာဉ်များအနက် ၃၁ စီးကို တောင်ကြီးမြို့ရှိ အမှတ် (၂၂၂)

မဲခေါင်၊ ဇွန် ၁၈

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးသည် ၎င်းကိုယ်တိုင် ဖမ်းဆီးထိန်းသိမ်းထားသည့် တရားမဝင် ကုန်စည်တင်မော်တော်ယာဉ်များအနက် ၁၀ စီးထက်မနည်းကို ငွေကျပ်သိန်းပေါင်းသောင်းချီ လာဘ်ငွေရယူကာ လျှို့ဝှက်ပြန်လွှတ်ပေးခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။

တောင်ကြီးမြို့၊ ဘန်ကွဲကျေးရွာရှိ PNO ပြည်သူ့စစ် စခန်းကုန်းအနီးတွင် တရားမဝင် ကုန်စည်တင်ကား ၃၄ စီး ရောက်ရှိပုန်းခိုနေကြောင်း သတင်းအရ ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့က ရပခ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးကိုယ်တိုင် သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်yjD; ထိုသို့ ဖမ်းဆီးရမိသည့် ယာဉ်များအနက် ၃၁ စီးကို တောင်ကြီးမြို့ရှိ အမှတ် (၂၂၂) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ် (ထပရ – ၂၂၂) အတွင်း၌ ထိန်းသိမ်းထားရှိကာ ဥပဒေအရ အမှုဖွင့်အရေးယူရန် တိုင်းမှူးကိုယ်တိုင် လမ်းညွှန်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

သို့သော်လည်း ဖမ်းဆီးထားသည့် ကုန်တင်ကားများအနက် တိုင်းမှူးနှင့် ဗိုလ်သင်တန်းတစ်ပတ်စဉ်တည်းဆင်း သူငယ်ချင်းဖြစ်သူနှင့် ၎င်း၏ ယောက်ဖဖြစ်သူတို့၏ တရားမဝင် ကုန်စည်ကားများ ပါဝင်နေသဖြင့် နောက်ကွယ်မှ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြပြီး ယင်းသို့ ညှိနှိုင်းချက်အရ မေလ ၂၄ ရက်နေ့တွင် မြန်မာငွေကျပ် သိန်းပေါင်း ၁၈,၀၀၀ (၁ သောင်း ၈ ထောင်) ဖြင့် ၁၂ ဘီး ကုန်တင်ကား ၄ စီးကိုလည်းကောင်း၊ မေလ ၂၇ ရက်နေ့တွင် ၇ စီးကိုလည်းကောင်း၊ စုစုပေါင်း ကုန်တင်ကား ၁၁ စီးကို ပြင်ပသို့ သတင်းမပေါက်ကြားစေရန် တင်းကြပ်သည့် ခံဝန်ကတိစာချုပ်များ လက်မှတ်ရေးထိုးစေကာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

“ကျန်ရှိတဲ့ ဆွေမျိုးလည်းမတော်၊ သူငယ်ချင်းလည်းမဟုတ်တဲ့ ကုန်ကား အစီး ၂၀ ကိုတော့ ဒရိုင်ဘာတွေကို ပြန်လွှတ်ပြီး နှုတ်ပိတ်ခိုင်းကာ ပိုင်ရှင်မဲ့အဖြစ် လုပ်ပစ်လိုက်တယ်။ ကုန်တွေအားလုံး ဆုံးရှုံးခံလိုက်ရတဲ့ အပယ်ခံ ကုန်သည်တွေအနေနဲ့ ကျောသားရင်သား ခွဲခြားအရေးယူခံရတဲ့အတွက် များစွာ နစ်နာရပါတယ်။ ကျွန်တော်တို့လည်း ငွေကြေးပေးပြီး သွားလာနိုင်တာပဲဗျာ။ အခုလို လုပ်တော့ မတရားဘူး။ တိုင်းမှူးကြီးရဲ့ အသိုင်းအဝိုင်းအစွဲကို သိတဲ့သူတွေကလည်း ပျက်ရယ်ပြုနေကြတယ်။ ဖမ်းထားတဲ့ ကုန်တင်ကားတွေ ပြန်ထွက်သွားတာကို မျက်မြင်တွေ့တဲ့သူတွေ ရှိနေတော့ တိုင်းလက်အောက်ခံ နယ်မြေတွေထဲမှာ တရားမဝင်လုပ်ငန်းတွေက ဟန်မပျက် ဆက်လုပ်နေကြတာပဲ” ဟု နစ်နာသူ ကုန်သည်တစ်ဦးက မဲခေါင်သို့ ပြောသည်။

စစ်တပ်အသိုင်းအဝိုင်းထံမှ သိရှိရသည့် အချက်အလက်များအရ ပိုင်ရှင်မဲ့အဖြစ် ပြောင်းလဲလိုက်သည့် ၁၂ ဘီး ကုန်တင်ကား ၂၀ ပေါ်တွင် ပါရှိသည့် ကုန်ပစ္စည်းများကိုလည်း ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းမရှိဘဲ ရပခ တိုင်းစစ်ဌာနချုပ်အတွင်းသို့ သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ယင်းကုန်ပစ္စည်းများထဲတွင် တန်ဖိုးကြီး လျှပ်စစ်ပစ္စည်း အမျိုးအစားပေါင်း ၄၀၀ ကျော်နှင့် မော်တော်ယာဉ်တာယာ အမျိုးစုံ ၆၆ လုံးတို့ ပါဝင်ကြောင်း သိရသည်။

ယခင် ရပခ တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ် နိုင်ဇော်ဦးကို တရားမဝင် ကုန်သွယ်မှုများဖြင့် ဖမ်းဆီးအရေးယူပြီးနောက်တွင်လည်း ၎င်း၏ရာထူးကို ဆက်ခံသည့် လက်ရှိတိုင်းမှူးသည်လည်း တရားမဝင် မှောင်ခိုကုန်သွယ်မှုများမှ အခကြေးငွေနှင့် လာဘ်ငွေများရယူကာ ပြန်လည်လွှတ်ပေးနေသည့် လုပ်ရပ်များကို ယခုအချိန်အထိ ဆက်လက်ကျူးလွန်နေဆဲ ဖြစ်ကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

ထို့ကြောင့် အစိုးရသစ်၏ ရက်တစ်ရာစီမံကိန်း ကာလအတွင်းမှာပင် စစ်တပ်နှင့် ဆက်နွှယ်နေသည့် တရားမဝင် မှောင်ခိုလုပ်ငန်းများသည် ရပ်တန့်သွားခြင်းမရှိဘဲ ပိုမိုကြီးထွားလျက်ရှိနေကြောင်း ဒေသခံများနှင့် ကုန်သည်များက ဝေဖန်ထောက်ပြနေကြသည်။

#MeKongNews
#ရပခ
#တိုင်းမှူး
#တရားမဝင်ကုန်စည်
#လာဘ်စား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now