နေ့စဥ်သတင်း

နှစ် ၇၀ နီးပါး သုံးလာသည့် လမ်းကို ကလောဆေးရုံအုပ်ကြီး ပိတ်လိုက်သဖြင့် ပြည်သူများ အခက်အခဲဖြစ်နေ

မဲခေါင် 9 Jun - 2026
မဲခေါင်၊ ဇွန် ၉ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ ကလောဆေးရုံဝင်းအပြင်ဘက် ဆေးရုံဝန်ထမ်းအိမ်ရာအနီးမှ အများပြည်သူ ဖြတ်သန်းသွားလာနေသည့် လမ်းကို ကလောခရိုင်ဆေးရုံအုပ် ဆရာဝန်မကြီးက ပိတ်လိုက်သဖြင့် မြို့ခံများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။ ယင်းလမ်းမှာ ကလောမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ ရွှေတောင်ကြားနယ်မြေနှင့် စော်ဘွားကြီးကုန်းနယ်မြေတို့မှ မြို့တွင်းသို့ သွားရာတွင် အဓိကအသုံးပြုနေသည့် လမ်းဖြစ်သဖြင့် ယခုကဲ့သို့ ဖြတ်သန်းခွင့်ပိတ်ပင်ခြင်းမှာ ဒေသခံလူထုအတွက် သွားလာမှု အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ဟု မြို့ခံများက ဆိုသည်။ “အခုလို လမ်းပိတ်တာမျိုး မလုပ်သင့်ပါဘူး။ ဒီလမ်းက အများပြည်သူ အသုံးပြုနေတဲ့ လမ်းမို့လို့ တံခါးတောင် မတပ်သင့်တဲ့ နေရာမျိုးပါ” ဟု ကလောဒေသခံတစ်ဦးက

မဲခေါင်၊ ဇွန် ၉

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ ကလောဆေးရုံဝင်းအပြင်ဘက် ဆေးရုံဝန်ထမ်းအိမ်ရာအနီးမှ အများပြည်သူ ဖြတ်သန်းသွားလာနေသည့် လမ်းကို ကလောခရိုင်ဆေးရုံအုပ် ဆရာဝန်မကြီးက ပိတ်လိုက်သဖြင့် မြို့ခံများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

ယင်းလမ်းမှာ ကလောမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ ရွှေတောင်ကြားနယ်မြေနှင့် စော်ဘွားကြီးကုန်းနယ်မြေတို့မှ မြို့တွင်းသို့ သွားရာတွင် အဓိကအသုံးပြုနေသည့် လမ်းဖြစ်သဖြင့် ယခုကဲ့သို့ ဖြတ်သန်းခွင့်ပိတ်ပင်ခြင်းမှာ ဒေသခံလူထုအတွက် သွားလာမှု အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ဟု မြို့ခံများက ဆိုသည်။

“အခုလို လမ်းပိတ်တာမျိုး မလုပ်သင့်ပါဘူး။ ဒီလမ်းက အများပြည်သူ အသုံးပြုနေတဲ့ လမ်းမို့လို့ တံခါးတောင် မတပ်သင့်တဲ့ နေရာမျိုးပါ” ဟု ကလောဒေသခံတစ်ဦးက ပြောသည်။

ယင်းလမ်းကို လွန်ခဲ့သည့် နှစ် ၇၀ ကျော်ကတည်းက ရွှေတောင်ကြားနှင့် စော်ဘွားကြီးကုန်းနယ်မြေတွင် နေထိုင်ကြသည့် ရပ်ကွက်သူ၊ ရပ်ကွက်သားများအပြင် အခြားအရပ်မှ လာရောက်သူများပါ နေ့စဉ်နှင့်အမျှ ဥဒဟို ဖြတ်သန်းသွားလာခဲ့ကြခြင်း ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်ကလည်း ကလောမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ စီမံမှု၊ ရပ်ကွက်သူ ရပ်ကွက်သားများ၏ ပူးပေါင်းမှုတို့ဖြင့် လမ်းမြေဖော်ခြင်းနှင့် လမ်းချဲ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ဖူးကြောင်း သိရသည်။

“အခု လမ်းပိတ်တဲ့ကိစ္စကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မြို့ခံတွေ စုစည်း လက်မှတ်ထိုးပြီး မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ကို တင်ပြခဲ့ကြတယ်။ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်၊ မြေစာရင်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီအထိ စာပို့ထားပေမဲ့ အခုထိတော့ ဘာမှ ထူးမလာသေးပါဘူး” ဟု မြို့ခံတစ်ဦးက ဆိုသည်။

ယင်းလမ်းမှာ ယူဇနာလမ်းနှင့် စည်ပင်ဆိုင်ခန်းများမှတစ်ဆင့် မြို့တွင်းသို့ ဆက်သွယ်ထားပြီး နေ့စဉ် လူဦးရေ ၁,၀၀၀ ခန့် သွားလာနေသည့် လမ်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စော်ဘွားကြီးကုန်းနှင့် ရွှေတောင်ကြား အပေါ်ပိုင်းနေရာများသည် ကုန်းမြင့်ပိုင်းတွင် ရှိသဖြင့် သောက်သုံးရေအတွက် ရေသယ်ယာဉ်များကိုသာ အားကိုးနေရရာ လမ်းပိတ်လိုက်သဖြင့် ရေကားများ ဝင်ရောက်နိုင်ခြင်း မရှိတော့သလို မြို့သန့်ရှင်းရေးအတွက် အမှိုက်သိမ်းယာဉ်များ ဖြတ်သန်းမှုမှာလည်း အခက်အခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အခြားလမ်းများဖြစ်သည့် ရွှေတောင်ကြားလမ်းသွယ် (၁) နှင့် (၂) တို့မှာ မတ်စောက်ပြီး ကျဉ်းမြောင်းသဖြင့် ရေသယ်ယာဉ်များ၊ အရေးပေါ်မီးသတ်ကားများနှင့် လူနာတင်ယာဉ်များ ဝင်ရောက်နိုင်ခြင်း မရှိသောကြောင့် ဆေးရုံဝင်းအတွင်းမှ ဖြတ်သန်းသွားလာမှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဆေးရုံလုံခြုံရေးအတွက် လမ်းပိတ်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း အများပြည်သူတို့၏ နေ့စဉ်ဘဝ သွားလာမှု၊ သောက်သုံးရေ ရရှိမှု၊ အမှိုက်သိမ်းဆည်းမှုနှင့် မီးဘေး၊ သဘာဝဘေးအန္တရာယ်များအတွက် အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရသဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်ကတည်းက အသုံးပြုခဲ့သည့် လမ်းအား ပြန်လည်ဖွင့်လှစ်ပေးရန် ဒေသခံများက အနူးအညွတ် တောင်းဆိုနေကြသည်။

လက်ရှိတွင် စော်ဘွားကြီးကုန်းနယ်မြေ၌ အိမ်ခြေ ၂၀၀ ခန့်၊ လူဦးရေ ၇၀၀ ခန့် နှင့် ရွှေတောင်ကြားအပေါ်ပိုင်းတွင် အိမ်ခြေ ၄၀ ခန့်၊ လူဦးရေ ၂၀၀ ခန့် ရှိရာ စုစုပေါင်း အိမ်ခြေ ၂၄၀ ခန့်မှ လူဦးရေ ၁,၀၀၀ နီးပါး လမ်းပိတ်ဆို့မှုဒဏ်ကို ခံစားနေရကြောင်း စုံစမ်းသိရှိရသည်။

#MeKongNews
#ကလောမြို့
#ဆေးရုံကြီး
#စော်ဘွားကြီးကုန်းရပ်ကွက်
#ရွှေတောင်ကြားနယ်မြေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now