နေ့စဥ်သတင်း

တရုတ်ပြည်မအထိ လူကုန်ကူးခံရကာ တရုတ်မယားအဖြစ် လိမ်လည်ရောင်းစားခံရသူ မြန်မာအမျိုးသမီးငယ်တစ်ဦး ပြန်လည် လွတ်မြောက်လာ

မဲခေါင် 27 May - 2026
မဲခေါင်၊ မေ ၂၇ တရုတ်ပြည်မ အတွင်းပိုင်း ဟူနန်ပြည်နယ်အထိ လူကုန်ကူးခံရကာ တရုတ်မယားအဖြစ် လိမ်လည်ရောင်းစားခံရသူ မြန်မာအမျိုးသမီးငယ်တစ်ဦး ယမန်နေ့က ပြန်လည် လွတ်မြောက်လာကာ မူဆယ်သို့ရောက်ရှိလာကြောင်း ကာယကံရှင်နှင့် မိသားစုထံမှ သိရသည်။ ယင်းမိန်းကလေးငယ်မှာ မင်းဘူးမြို့နယ်၊ ရွှေမင်္ဂလာရပ်ကွက်တွင် နေထိုင်သူအသက် ၂၂ နှစ်အရွယ် မသက်နှင်းဦး ဆိုသူဖြစ်ပြီး ယမန်နေ့ မေ ၂၆ ရက်က တရုတ်ပြည်မှ မြန်မာနိုင်ငံ၊ မူဆယ်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ “သမီးက လေယာဥ်နှစ်ဆင့် စီးရတယ်။ အဲကမှကားနဲ့ ရွှေလီရောက်ပြီး၊ မူဆယ်ကိုပို့တယ်။ မူဆယ်လူကုန်တားက သမီးအကြောင်းတွေ မေးတယ်။ သူတို့က အိမ်ကိုလိုက်ပို့မယ် ပြောတယ်” ဟု လူကုန်ကူးခံရသူအမျိုးသမီးက ပြောသည်။ ၎င်းသည်

မဲခေါင်၊ မေ ၂၇

တရုတ်ပြည်မ အတွင်းပိုင်း ဟူနန်ပြည်နယ်အထိ လူကုန်ကူးခံရကာ တရုတ်မယားအဖြစ် လိမ်လည်ရောင်းစားခံရသူ မြန်မာအမျိုးသမီးငယ်တစ်ဦး ယမန်နေ့က ပြန်လည် လွတ်မြောက်လာကာ မူဆယ်သို့ရောက်ရှိလာကြောင်း ကာယကံရှင်နှင့် မိသားစုထံမှ သိရသည်။

ယင်းမိန်းကလေးငယ်မှာ မင်းဘူးမြို့နယ်၊ ရွှေမင်္ဂလာရပ်ကွက်တွင် နေထိုင်သူအသက် ၂၂ နှစ်အရွယ် မသက်နှင်းဦး ဆိုသူဖြစ်ပြီး ယမန်နေ့ မေ ၂၆ ရက်က တရုတ်ပြည်မှ မြန်မာနိုင်ငံ၊ မူဆယ်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“သမီးက လေယာဥ်နှစ်ဆင့် စီးရတယ်။ အဲကမှကားနဲ့ ရွှေလီရောက်ပြီး၊ မူဆယ်ကိုပို့တယ်။ မူဆယ်လူကုန်တားက သမီးအကြောင်းတွေ မေးတယ်။ သူတို့က အိမ်ကိုလိုက်ပို့မယ် ပြောတယ်” ဟု လူကုန်ကူးခံရသူအမျိုးသမီးက ပြောသည်။

၎င်းသည် မူဆယ်မှ ဟူနန်ပြည်နယ်မှ ရှောရန် ဆိုသည့် မိုင်ပေါင်း ၁၄၀၀ ကျော်ဝေးသော မြို့ငယ်လေးအထိ တရုတ်မယားအဖြစ် လိမ်လည် ရောင်းစားခံခဲ့ရခြင်း ဖြစ်သည်။

၎င်းဒုက္ခရောက်နေသည်ကို ရွှေလီရှိ မြန်မာနိုင်ငံသားစာရေးဆရာတစ်ဦးထံ ဆက်သွယ် အကူအညီတောင်းခံရာမှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်တွင် မဲခေါင်သတင်းဌာနဖြင့် အဆက်အသွယ်ရပြီး မဲခေါင်မှ ဆက်သွယ်မှုဖြင့် မိသားစုများ၊ လူမှုကူညီသူများ၊ လူကုန်တားရဲတပ်ဖွဲ့များ ပူးပေါင်း၍ အမျိုးသမီးငယ် လွတ်မြောက်နိုင်ရေး ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

လူကုန်ကူးခံရသူ မသက်နှင်းဦး၏ ဖြစ်စဥ်မှာယမန်နှစ် ဇူလိုင်လ ၅ ရက်က တစ်မြို့တည်းနေမသက်ဖူးဝေ (ခ) မီးမီးဆိုသူက ပတ်စပို့၊ ဗီဇာမလိုဘဲ တရုတ်နိုင်ငံတွင် လစာကောင်းသော အလုပ်ရမည်ဟု အွန်လိုင်းမှတစ်ဆင့် မက်လုံးပေး ခေါ်ဆောင်ခံခဲ့ရကြောင်း သိရသည်။

ယင်းကြောင့် ၂၀၂၅၊ သြဂုတ် ၁၁ ရက်တွင် မသက်ဖူးဝေ၏ ချိတ်ဆက်မှုဖြင့် မင်းဘူးမှ ရန်ကုန်၊ ရန်ကုန်မှ မန္တလေး၊ မန္တလေးမှ လားရှိုး၊ လားရှိုးမှ မူဆယ်သို့ ရောက်ရှိကာ မူဆယ်တွင် အဖမ်းအဆီးများ၍ ပြင်ဦးလွင်သို့ သွားရောက်ကာ ၎င်းနောက် လားရှိုးမှတစ်ဆင့် တရုတ်ပြည်ဘက်သို့ အဆင့်ဆင့် ကားဖြင့် ခေါ်ဆောင်သွားခံခဲ့ရကြောင်း သိရသည်။

၎င်းနှင့်အတူ အလုပ်လုပ်ရန် လိုက်ပါလာသော မိန်းကလေး ၁၂ ဦးနှင့် ယောင်္ကျားလေး တစ်ဦးတို့အတူ ပါရှိခဲ့သည်ဟု ပြောသည်။

လားရှိုးမှတစ်ဆင့် တရုတ်ပြည်မကြီးဘက်သို့ လူကုန်သည် သက်ဖူးဝေ၏ အပေါင်းအပါများက လာရောက်၍ တရုတ်ပြည်မကြီး ဟူနန်သို့ ခေါ်ဆောင်သွားခံရ​ပြိး သြဂုတ် ၇ ရက် ညပိုင်းတွင် ရောက်ရှိသောအခါ သက်ဖူးဝေက နှစ်ပတ်ကြာရင် အလုပ်ဆင်းရမည်ဟုဆိုကာ ဟူနန်ရှိ လူတစ်ဦး၏ အိမ်တွင် ခေတ္တ နေထိုင်စေသည်ဟု ဆိုသည်။

၎င်းကို အလုပ်ရမည်ဟု ပြောသည့်အချိန်တွင် မသက်ဖူးဝေ ခေါ်ဆောင်ရာနောက် လိုက်သွားပြီးနောက် ရောက်ရှိသည့်နေရာတွင် တရုတ်နယ်မြေခံရဲ တစ်ဦး၊ မသက်ဖူးဝေခင်ပွန်းနှင့် တရုတ်လူမျိုးပွဲစား ၅ ယောက်လည်း ရှိနေခဲ့သည်ဟု ဆိုသည်။

ထိုအချိန်မှစ၍ တရုတ်မယားအ​ဖြစ် အမည်မသိ တရုတ်လူမျိုး တစ်ယောက်နှင့် လက်ထပ်နေထိုင်ရန် အတွင်းအပြင် ဖိအားပေး စေခိုင်းခဲ့သည်ကို ငြင်းဆိုခဲ့သော်လည်း သက်ဖူးဝေက မသက်နှင်းဦး ဖုန်းကို သိမ်းယူသွားပြီး တစ်ခြားသူများနှင့် အဆက်အသွယ် ဖြတ်ထားသည်ဟု ဆိုသည်။

လူကုန်ကူးသူက မသက်နှင်းဦး၏ မိဘများထံ လစဉ် ငွေကြေးများ Kpay မှတစ်ဆင့် ပို့ဆောင်နေခဲ့သည်ဟု ဆိုသည်။

မိဘများနှင့် ဆက်သွယ်ရန် ဇန်နဝါရီ ၆ ရက်တွင် ဖုန်းပေးပြောခိုင်းစဥ် မိဘများက ကျန်းမာစွာ အလုပ်လုပ်နေလားဟု မေးမြန်းသောအခါ အထည်ချုပ် စက်ရုံတွင် အဆင်ပြေပြေ လုပ်ကိုင်နေသည်ဟု ဆိုကာ မိဘများထံ ၎င်း၏လုပ်အားခ ၂ လစာ ဟုဆိုကာ ငွေကျပ် ၁၄ သိန်းတိတိ ပေးအပ်ခဲ့ကြောင်း သိရသည်ဟု ဆိုသည်။

မသက်နှင်းဦးအား အလိုမတူဘဲနှင့် အမည်မသိ တရုတ်အမျိုးသားက ကာမဆက်ဆံခဲ့သည်ဟု ဆိုသည်။

မသက်နှင်းဦးနှင့် အတူပါလာသည့် မြန်မာအမျိုးသမီး ၁၂ ယောက်ထဲမှ အသက်မပြည့်သေးသည့် ၃ ဦးသည်လည်း တရုတ်ဇနီးမယားအဖြစ် အဓမ္မ စေခိုင်းခံရမည်ဟု သိရှိသောအခါ အိမ်မှ ထွက်ပြေးခဲ့ရာ ပြန်ဖမ်းမိသဖြင့် ထိုအမျိုးသမီး ၃ ဦးကို လက်စဖျောက်သတ်ပစ်မည်ဟု ခြိမ်းခြောက်သည်ကို ကြားခဲ့ရ​ကြောင်း ၎င်းက ပြောသည်။

ယခုကိစ္စများကို မိဘများ၊ တခြားသူများနှင့် ဌာနဆိုင်ရာများကို တိုင်ကြားပါက မြန်မာနိုင်ငံသို့ လုံးဝပြန်ပို့မည် မဟုတ်ဘဲ သတ်ပစ်မည်ဟု လူကုန်ကူးသူ မသက်ဖူးဝေက ခြိမ်းခြောက်ထားကြောင်း ဆိုသည်။

“ကျမကို ကလေးမွေးပြီးမှ ပြန်လွှတ်မယ် ပြောတယ်။ ၅ ထပ်တိုက်က အခန်းမှာ သော့ခတ်ပိတ်လှောင်ထားတာ၊ အစာလည်းဝအောင်မစားရဘူး။ သူတို့အလိုလိုက်မှ လွှတ်ပေးမယ်။ ထွက်ပြေးရင် သတ်ပစ်မယ် ခြိမ်းခြောက်ထားတယ်၊မဲခေါင်သတင်းက ဦးလေးက ရအောင်ထွက်ပြေးပြီး အနီးဆုံး ရဲစခန်းမှာ အဖမ်းခံပါပြောလို့ ကျမ အခွင့်သာတာနဲ့ ပြေးပြီး ရှောရန်ရဲစခန်းမှာ အဖမ်းခံတာ၊ မိသားစုနဲ့ အဆက်အသွယ်ရပြီး လိုက်လာပေမယ့် မတွေ့ရဘူး။ ကျမမသိဘဲ အိမ်ကိုငွေ့ပို့တာ၊ အလိုမတူပေမယ့် ငွေယူထားလို့ဆိုပြီး ထောင် ၂ လ ချတာ ခုပြန်လွတ်လာတာ”ဟု မသက်နှင်းအေးက ဆိုသည်။

၎င်းသည် ပြီးခဲ့သည့် မတ် ၁၆ ရက်က တရုတ်ရဲစခန်း၌ အဖမ်းခံခဲ့ပြီး ယခု မေ ၂၄ ရက်က ပြန်လည် လွတ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သူ့ကို ရောင်းစားတဲ့ ပွဲစားမက အဖမ်းခံရမှာစိုးလို့ ဒီဖက်ထဲနေရင် မလွတ်မှန်းသိလို့ PDFနယ် ထဲသွားပုန်းနေတာ။ လူပွဲစားမှန်းသိလို့ ဟိုဘက်ကိုယ်တိုင်က ဖမ်းပြီးလွှဲပေးတာ၊ အခု မင်းဘူး အချုပ်မှာ။ကလေးမ ပြန်ရောက်တာနဲ့ အမှုစစ်တော့မယ်လို့ သိရတယ်”ဟု မိသားစုဝင်တစ်ဦးက မဲခေါင်သို့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကပင် အသက်၁၅ နှစ်ပင် ရှိသေးသည့် ပဲခူးမှအမျိုးသမီးငယ်တစ်ဦးကို အစ်မအရင်း ကိုယ်တိုင်က ယွမ် ၁၃ သိန်းဖြင့် တရုတ်မယားအဖြစ်ရောင်းစားသည်ကို တရုတ်ရဲမှ ဖမ်းမိသဖြင့် ထောင်၂ လ ချပြီး ပြန်လွှတ်ပေးမှု ရှိခဲ့သေးသည်။

#MeKongNew
#တရုတ်ပြည်မ
#လူကုန်ကူးခံရ
#တရုတ်မယား
#မြန်မာအမျိုးသမီးငယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now