မဲခေါင်၊ မေ ၂၀
အေးသာယာမြို့တွင် ရဲက သတင်းအရ ဖဲဝိုင်းဖမ်းရာ အသက် ၇၈ နှစ်အရွယ် အိမ်ရှင်အဖွားအိုပါ အဖမ်းခံရကြောင်း မြို့ခံများထံမှ သိရသည်။
ယမန်နေ့ မေ ၁၉ ရက် ညနေပိုင်းက ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက် (၇)၊ နယ်မြေ (၂) ရှိ အသက် ၇၈ နှစ်အရွယ် ဒေါ်စိန်၏ နေအိမ်တွင် သတင်းအရ ဖဲဝိုင်းဖမ်းမိရာ ဖဲကစားနေသည့် ဦးစန်းနွေ၊ ဒေါ်စိန်အေးနှင့် ဒေါ်မာလာတို့ကို ဖဲချပ် ၁၀၈ ချပ်၊ အမည်းရောင် ပလပ်စတစ်ခွက်တစ်ခွက်၊ လောင်းကြေးငွေ တစ်သိန်းကျော်တို့နှင့်အတူ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
“အိမ်ရှင်အဖွားကြီးက ဆင်းရဲပြီး အထောက်အခံ မရှိလို့ ဖဲဝိုင်းလုပ်စားရတယ် သိရတယ်။ လိုင်းချင်းတူ မတည့်သူက ရဲလက်တို့လိုက်တာပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့နောက် အေးသာယာနယ်မြေရဲစခန်းက (ပ)၇၁/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ – ၁၆(က)/၁၇(က)အရ အိမ်ရှင်ဖြစ်သူ ဒေါ်စိန်အပါအဝင် ၄ ဦးကို အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
#MeKongNews
#အေးသာယာ
#ဖဲဝိုင်းမိ
#အိမ်ရှင်အဖွားအို
#အဖမ်းခံရ








