နေ့စဥ်သတင်း

အောင်ပန်းတွင် တော်လှန်ရေးရဲမေ၏အိမ်ကို စစ်ကောင်စီက ကျပ်သိန်း ၃,၅၀၀ ဖြင့် လေလံပစ်၊ စစ်တပ်အသိုင်းအဝန်းက ဝယ်ယူ

မဲခေါင် 18 May - 2026
မဲခေါင်၊ မေ ၁၈ ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ရှိ ရှမ်းတောင်အထူးတပ်ဖွဲ့ဝင်တစ်ဦး၏ နေအိမ်ကို စစ်ကောင်စီက ပြီးခဲ့သည့်သီတင်းပတ်အတွင်း လေလံပစ်ခဲ့ရာ မြို့ပေါ်ရှိ စစ်တပ်အသိုင်းအဝန်းက လေလံဆွဲယူသွားကြောင်း သိရသည်။ ယင်းနေအိမ်မှာ အောင်ပန်းမြို့၏ နွေဦးတော်လှန်ရေး စတင်ရာ နေရာတစ်ခုဖြစ်ပြီး ယခု ရှမ်းတောင်အထူးတပ်ဖွဲ့ (P.3.9702) တပ်ရင်း၏ ခေါင်းဆောင် ဒေါ်ဝင်းမြသွယ် (ခ) မနီ ၏ အိမ်ဖြစ်ကြောင်း သိရသည်။ နေအိမ်၏ ကာလပေါက်ဈေးမှာ ကျပ်သိန်းသောင်းချီ တန်ဖိုးရှိနေသော်လည်း ဒေသခံများက ဝယ်ယူရန် မရဲကြသဖြင့် စစ်တပ်အသိုင်းအဝန်းမှ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်ရှိ “စိုးမိုးလွင်” ဆန်နှင့် ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းဝယ်ရေးပိုင်ရှင် ညီအစ်မ ၂ ဦးက ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက

မဲခေါင်၊ မေ ၁၈

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ရှိ ရှမ်းတောင်အထူးတပ်ဖွဲ့ဝင်တစ်ဦး၏ နေအိမ်ကို စစ်ကောင်စီက ပြီးခဲ့သည့်သီတင်းပတ်အတွင်း လေလံပစ်ခဲ့ရာ မြို့ပေါ်ရှိ စစ်တပ်အသိုင်းအဝန်းက လေလံဆွဲယူသွားကြောင်း သိရသည်။

ယင်းနေအိမ်မှာ အောင်ပန်းမြို့၏ နွေဦးတော်လှန်ရေး စတင်ရာ နေရာတစ်ခုဖြစ်ပြီး ယခု ရှမ်းတောင်အထူးတပ်ဖွဲ့ (P.3.9702) တပ်ရင်း၏ ခေါင်းဆောင် ဒေါ်ဝင်းမြသွယ် (ခ) မနီ ၏ အိမ်ဖြစ်ကြောင်း သိရသည်။

နေအိမ်၏ ကာလပေါက်ဈေးမှာ ကျပ်သိန်းသောင်းချီ တန်ဖိုးရှိနေသော်လည်း ဒေသခံများက ဝယ်ယူရန် မရဲကြသဖြင့် စစ်တပ်အသိုင်းအဝန်းမှ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်ရှိ “စိုးမိုးလွင်” ဆန်နှင့် ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းဝယ်ရေးပိုင်ရှင် ညီအစ်မ ၂ ဦးက ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အိမ်ပိုင်ရှင်ဖြစ်သူ ဒေါ်ဝင်းမြသွယ်က လုပ်စရာရှိသည်ကို ဆက်လုပ်ရမည်ဖြစ်ပြီး တော်လှန်ရေးပြီးသည့်တစ်နေ့တွင် ၎င်း၏အိမ်သို့ ပြန်လည်နေထိုင်မည်ဟု ဆိုသည်။

ယင်းနေအိမ်မှာ အောင်ပန်းနွေဦးတော်လှန်ရေး၏ သမိုင်းဝင်အိမ်ဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုသပိတ်တိုက်ပွဲအတွင်း ၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်က စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသူ ၁၁ ဦး၏ သွေးများ စွန်းထင်းခဲ့သည့် နေရာဖြစ်သည်ဟု ၎င်းက ဆိုသည်။

၎င်းဦးဆောင်နေသည့် ရှမ်းတောင်အထူးတပ်ဖွဲ့ (P.3.9702) မှာ ပြီးခဲ့သည့် မေလ ၅ ရက်က ဖွဲ့စည်းမှု ၅ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တိုက်ပွဲများတွင် ရွတ်ရွတ်ချွံချံ တိုက်ပွဲဝင်နေသည့် တပ်ရင်းဖြစ်ကြောင်း သိရသည်။

ဒေါ်ဝင်းမြသွယ်သည် ယခင် NLD ပါတီအစိုးရလက်ထက်က ကလောမြို့နယ် အမျိုးသမီးလုပ်ငန်းကော်မတီ မြို့နယ်အတွင်းရေးမှူးတာဝန်နှင့် ကလောမြို့နယ် အလုပ်အမှုဆောင် တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

လက်ရှိတွင် မြို့ခံလူထုမှာ အဆိုပါ အိမ်ဝန်းအတွင်းသို့ ကလေးများ ဘောလုံးကျသည်ကိုပင် မကောက်ရဲကြဘဲ အနီးအနားသို့ သွားရောက်ရန်ပါ တတ်နိုင်သမျှ ရှောင်ကြဉ်နေကြကြောင်း သိရသည်။

#MeKongNews
#အောင်ပန်းမြို့
#ဒေါ်ဝင်းမြသွယ်
#နွေဦးတော်လှန်ရေး
#စိုးမိုးလွင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now