နေ့စဥ်သတင်း

မုံးစီး၊ မုံးဟွမ်ဒေသတွင် TNLA စစ်မှုထမ်းများကို MNDAA ထဲ ပြောင်းရန် ဖိအားပေးနေ

မဲခေါင် 15 May - 2026
မဲခေါင်၊ မေ ၁၅ ကွတ်ခိုင်မြို့နယ်၊ မုံးစီး၊ မုံးဟွမ်ဒေသတွင် တအာင်းတပ်ဖွဲ့ – TNLA ထံ စစ်မှုထမ်းသူများကို ကိုးကန့်တပ်ဖွဲ့ – MNDAA သို့ ဘက်ပြောင်းစစ်မှုထမ်းရန် ကိုးကန့်တပ်က ဖိအားပေးလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ ထို့သို့ ဘက်မပြောင်းပါက မုံးစီးဒေသမှ မိသားစုလိုက် ထွက်ခွာသွားရန်လည်း MNDAA က မေ ၉ ရက်တွင် လာရောက်ပြောဆိုခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ယင်းကဲ့သို့ ဖိအားပေးမှုကြောင့် လက်ရှိတွင် TNLA မှ MNDAA သို့ ဘက်ပြောင်းစစ်မှုထမ်းလာသူ ၃၀ ကျော် ရှိပြီဖြစ်ကြောင်းလည်း ၎င်းကပြောသည်။ “ပြီးခဲ့တဲ့ ၉ ရက်နေ့က TNLA

မဲခေါင်၊ မေ ၁၅

ကွတ်ခိုင်မြို့နယ်၊ မုံးစီး၊ မုံးဟွမ်ဒေသတွင် တအာင်းတပ်ဖွဲ့ – TNLA ထံ စစ်မှုထမ်းသူများကို ကိုးကန့်တပ်ဖွဲ့ – MNDAA သို့ ဘက်ပြောင်းစစ်မှုထမ်းရန် ကိုးကန့်တပ်က ဖိအားပေးလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ထို့သို့ ဘက်မပြောင်းပါက မုံးစီးဒေသမှ မိသားစုလိုက် ထွက်ခွာသွားရန်လည်း MNDAA က မေ ၉ ရက်တွင် လာရောက်ပြောဆိုခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ဖိအားပေးမှုကြောင့် လက်ရှိတွင် TNLA မှ MNDAA သို့ ဘက်ပြောင်းစစ်မှုထမ်းလာသူ ၃၀ ကျော် ရှိပြီဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

“ပြီးခဲ့တဲ့ ၉ ရက်နေ့က TNLA ဆီ စစ်မှုထမ်းနေတဲ့ လူတွေကို ကိုးကန့်တပ်ဆီ ပြောင်းပြီး စစ်မှုထမ်းဖို့ ဖိအားပေးတယ်၊ အယောက် ၃၀ ကျော်လောက်ကတော့ သွားနေပြီ။ TNLA ဆီ ကျန်နေတဲ့ လူတွေလည်း ရှိတယ်။ ကျန်တဲ့လူတွေကိုလည်း ကိုးကန့်က ထပ်ပြီး ဘက်ပြောင်းလာဖို့ ဖိအားပေးနေတယ်။ ဘက်ပြောင်းမလာဘူးဆိုရင် ကိုးကန့်တပ် ထိန်းချုပ်နယ်မြေကနေ တမိသားစုလုံး TNLA ထိန်းချုပ်နယ်မြေဘက်ကို ထွက်သွားပါလို့ ခြိမ်းခြောက်ဖိအားပေးနေတာ ရှိတယ်” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဖိအားပေးမှုများကြောင့် ဘက်ပြောင်းလာသည့်TNLA တပ်ဖွဲ့ဝင်များကို MNDAA က သင်တန်းကွင်းသို့ ပို့ဆောင်ပြီး သင်တန်းပေးရန် လုပ်ဆောင်နေသည်ဟုလည်း ဒေသခံများထံမှ သိရသည်။

“တချို့က မိသားစုနဲ့ ခြိမ်းခြောက်ထားတော့ ဘက်ပြောင်းသွားကြတာပေါ့၊ မသွားရင် မိသားစုလိုက် ကိုးကန့်ထိန်းချုပ်နယ်မြေမှာ မနေနဲ့ဆိုတော့ သွားကြတာမျိုးပေါ့၊ သူတို့တွေကို အခု ကိုးကန့်က သင်တန်းကွင်းကို ပို့ထားတယ်။ တချို့ကတော့ တောင်ယာပြီးချိန်မှ သွားမယ်ဆိုပြီး တောင်းပန်တာလဲ ရှိတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် MNDAA သည် ကွတ်ခိုင်မြို့နယ်၊ ဟိုဖျက်ကျေးရွာအုပ်စုတွင်လည်း တစ်ရွာ ၁၀ ယောက် လကုန်နောက်ဆုံးထားပြီး စစ်မှုထမ်းလာရမည်ဟု ကျေးရွာအုပ်ရေးမှူးများမှတဆင့် တပ်သားသစ် တောင်းခံထားသည်။

MNDAA သည် ပြီးခဲ့သည့် ဧပြီ ၂၈ ရက်တွင် မုံးကိုးမြို့၊ ပန်စီတိုင်ကျေးရွာ၌ စစ်မှုမလာထမ်းဘဲထွက်ပြေးသည်ဟုဆိုကာ ပြည်သူတစ်ဦး၏ နေအိမ်နှင့် တောင်ယာများကို သိမ်းယူပြီး မိသားစုဝင်များကို ကျေးရွာအတွင်းမှ နှင်ထုတ်ခဲ့သည်။
‎‎
MNDAA သည် ၁၀၂၇ စစ်ဆင်ရေး ပြီးသည့်နောက်ပိုင်း ၎င်းထိန်းချုပ်နယ်မြေအတွင်းတွင် ကိုးကန့်မဟုတ်သည့် အခြားလူမျိုးများကိုပါ နည်းမျိုးစုံဖြင့် စစ်မှုထမ်းရန် လုပ်ဆောင်နေပြီး သားသမီးထွက်ပြေးပါက မိဘများကို ဖမ်းဆီးထားခြင်းများ ပြုလုပ်နေသည်။

#MeKongNews
#မုံးစီး
#မုံးဟွမ်
#TNLA
#MNDAA
#ဖိအားပေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now