နေ့စဥ်သတင်း

ရှမ်းအရှေ့ စက်သုံးဆီစျေး အနည်းငယ်သာ ကျသဖြင့် ယာဥ်စီးခများ ဆက်လက် မြင့်တက်နေ

မဲခေါင် 7 May - 2026
မဲခေါင်၊ မေ ၇ ရှမ်းပြည်အရှေ့ပိုင်းတွင် မေလဆန်းပိုင်း၌ စက်သုံးဆီစျေး အနည်းငယ်သာ ကျဆင်းသဖြင့် ယာဥ်စီးခများမှာလည်း အမြင့်စျေးဖြင့်သာ တည်ရှိနေဆဲဖြစ်ကြောင်း ခရီးသွားလုပ်ငန်းများထံမှ သိရသည်။ လက်ရှိအချိန်အထိ ရှမ်းအရှေ့ မြို့အချို့၏ စက်သုံးဆီစျေးနှုန်းများမှာ တာချီလိတ်တွင် ဓာတ်ဆီတစ်လီတာလျှင် ပန့်ဆီစျေးနှုန်း ၄၆ ဘတ်၊ ဒီဇယ် ၆၅ ဘတ်၊ ပြင်ပစျေး ဓာတ်ဆီ ၇၀ ဘတ်၊ ဒီဇယ် ၁၀၀ ဘတ်တို့ ရှိနေကြောင်း သိရသည်။ မိုင်းတုံ၊ မိုင်းဆတ်တွင် ပန့်ဆီဆိုင်စျေးနှင့် ပြင်ပစျေးမှာ အတူတူဖြစ်ပြီး ဓာတ်ဆီတစ်လီတာ ၈ ထောင် ကျပ်၊ ဒီဇယ် တစ်သောင်းကျပ်တို့ ဖြစ်သည်။ ကျိုင်းတုံတွင် စက်သုံးဆီကို မြန်မာဆီ၊ ထိုင်းဆီ

မဲခေါင်၊ မေ ၇

ရှမ်းပြည်အရှေ့ပိုင်းတွင် မေလဆန်းပိုင်း၌ စက်သုံးဆီစျေး အနည်းငယ်သာ ကျဆင်းသဖြင့် ယာဥ်စီးခများမှာလည်း အမြင့်စျေးဖြင့်သာ တည်ရှိနေဆဲဖြစ်ကြောင်း ခရီးသွားလုပ်ငန်းများထံမှ သိရသည်။

လက်ရှိအချိန်အထိ ရှမ်းအရှေ့ မြို့အချို့၏ စက်သုံးဆီစျေးနှုန်းများမှာ တာချီလိတ်တွင် ဓာတ်ဆီတစ်လီတာလျှင် ပန့်ဆီစျေးနှုန်း ၄၆ ဘတ်၊ ဒီဇယ် ၆၅ ဘတ်၊ ပြင်ပစျေး ဓာတ်ဆီ ၇၀ ဘတ်၊ ဒီဇယ် ၁၀၀ ဘတ်တို့ ရှိနေကြောင်း သိရသည်။

မိုင်းတုံ၊ မိုင်းဆတ်တွင် ပန့်ဆီဆိုင်စျေးနှင့် ပြင်ပစျေးမှာ အတူတူဖြစ်ပြီး ဓာတ်ဆီတစ်လီတာ ၈ ထောင် ကျပ်၊ ဒီဇယ် တစ်သောင်းကျပ်တို့ ဖြစ်သည်။

ကျိုင်းတုံတွင် စက်သုံးဆီကို မြန်မာဆီ၊ ထိုင်းဆီ စသဖြင့် ခွဲခြား ရောင်းချနေကြသော်လည်း ထိုင်းဆီကိုသာ အများဆုံး အသုံးပြုကြရာ ဓာတ်ဆီ တစ်လီတာလျှင် ၆၄၀၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၈ ထောင်ကျပ်တို့ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်လအတွင်းက ပျမ်းမျှ ဓာတ်ဆီ တစ်လီတာ ၁၀၀၀၀ ကျပ်၊ ဒီဇယ်ဆီ ၁၀၇၀၀ အထိ ရှိခဲ့ရာ ယခုတွင် ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။

မိုင်းလားတွင် တရုတ်ဓာတ်ဆီ တစ်လီတာ ၆ ဒသမ ၇ ယွမ်ရှိပြီး ကျိုင်းတုံသို့ ယာဥ်စီးခ လူတစ်ဦး ယွမ် ၁၅၀ ဖြစ်ကြောင်း သိရသည်။

ရှမ်းအရှေ့၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းတုံ၊ ကျိုင်းတုံ မြို့များတွင် ထိုင်းနိုင်ငံဘက်မှ စက်သုံးဆီကို အဓိက အမှီပြု သုံးစွဲရပြီး မိုင်းလား၊ မိုင်းယောင်းနှင့် မိုင်းယန်းမြို့များတွင် တရုတ်နိုင်ငံဘက်မှ ဆီများကို အမှီပြုရကာ မိုင်းပျဥ်းမှာမူ ထိုင်းဆီနှင့် မြန်မာပြည်တွင်းမှ ဆီများကို သုံးစွဲကြကြောင်း လေ့လာ သိရှိရသည်။

နိုင်ငံတကာ ဆီအကျပ်အတည်း မဖြစ်မီက တောင်ကြီး – မိုင်းဆတ်၊ တောင်ကြီး – နားကောင်းမူးမှာ ယာဥ်ငယ်ရှေ့ခန်း ကျပ်တစ်သိန်း၊ နောက်ခန်း ၈ သောင်းသာ ရှိခဲ့ရာ ယခုမူ ရှေ့ခန်း ကျပ်၂ သိန်းခွဲ၊ နောက်ခန်း ၂ သိန်းတို့ဖြစ်ကြောင်း သိရသည်။

ယခင် နားကောင်းမူး – တာချီလိတ်မှာ ဘတ် ၈၀၀ သာ ရှိသော်လည်း ယခု ဘတ် ၁၂၀၀ ရှိနေသည်။

တာချီလိတ် – ကျိုင်းတုံ Express နှုန်းထားမှာ ယခင် ဘတ် ၂၆၀ သာ ရှိသော်လည်း ယခု ဘတ် ၃၆၀ မှ ပြန်မကျသေးပေ။

တာချီလိတ် – ရန်ကုန်၊ တာချီလိတ် – မန္တလေး Express ယာဥ်စီးခမှာ ကျပ် ၂ သိန်းဟု GI group က ကြေညာထားကြောင်း သိရသည်။

#MeKongNews
#ရှမ်းအရှေ့
#စက်သုံးဆီစျေး
#ယာဥ်စီးခ
#မြင့်တက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now