မဲခေါင်၊ မေ ၆
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိူးမြို့တွင် ယနေ့ နေ့လယ်ပိုင်းက လေပြင်းတိုက်၍ မိုးရွာပြီး ဓာတ်တိုင်နှင့် ဆိုင်းဘုတ်များ ပျက်စီးပြီး သစ်ပင်များလည်း ကျိုးကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ မေ ၆ ရက် နေ့လယ် ၂ နာရီက မိနစ်ပိုင်းအကြာ လေပြင်းတိုက်ခတ်ခဲ့ကာ ပျက်စီးမှုများသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“၁၅ မိနစ်လေး တိုက်တဲ့လေကအရမ်းပြင်း၊ မိုးသည်းထန်စွာရွာ မိုးသီးရောပါ။ လမ်းဘေးဝဲယာ သစ်ပင်များ မီးတိုင်နှင့်ကြိုးများ ဆိုင်းဘုတ်များ လဲကျပျက်စီးတယ်”ဟု ၎င်းက ဆိုသည်။
လေပြင်းတိုက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တရားရုံးလမ်းမှ ခရေပင်လမ်း၊ လားရှိုးမိုတယ်နားထိ သစ်ပင်ကြီးများ ကျိုးကျပြိုလဲပြီး ဓာတ်တိုင်များ ကျိုးကျကာ အဝိုင်းပတ်နားက ဆိုင်းဘုတ်များပါ ပြိုလဲပြီး မြို့တော်ခန်းမ၊ လွှတ်တော်ကိုယ်စားလှယ်များရုံးရှေ့နှင့် လမ်းဘေးဝဲယာများတွင် ဆိုင်းဘုတ်များ၊ သစ်ပင်များ၊ မီးတိုင်များ ပြိုလဲကျနေကြောင်း သိရသည်။
#MeKongNews
#လားရှိုး
#လေပြင်းတိုက်
#ဓာတ်တိုင်
#ဆိုင်းဘုတ်များ
#ပျက်စီး








