နေ့စဥ်သတင်း

ဆီဆိုင်တွင် အကျဉ်းသား မိသားစုများထံ လွတ်ငြိမ်းခွင့် အကြောင်းပြ ငွေလိမ်မှုများ ရှိနေ

မဲခေါင် 6 May - 2026
မဲခေါင်၊ မေ ၆ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် အကျဉ်းကျခံနေရသူများ၏ ကိုယ်ရေးအချက်အလက်များကို အသုံးပြုကာ မိသားစုဝင်များထံမှ ငွေကြေးလိမ် လည်တောင်းခံမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ လိမ်လည်သူများသည် အကျဉ်းသားများ၏ အမှုအမျိုးအစား၊ ချမှတ်ခံထားရသည့် ထောင်ဒဏ်နှစ်အရေအတွက်နှင့် ကျန်ရှိသည့် ကာလများအထိ သိရှိထားပြီး “လွတ်ငြိမ်းချမ်းသာ ခွင့်စာရင်းတွင် ပါဝင်စေရန်” သို့မဟုတ် “ကျန်းမာရေးအရေးပေါ်” ဟုဆိုကာ မိသားစုများထံ ဆက်သွယ်၍ ငွေတောင်းခံနေကြောင်း ဆိုသည်။ “သူတို့က ဘယ်သူ ဘယ်အမှုနဲ့ကျတယ်၊ ထောင်ဒဏ် ဘယ်လောက်ကျန်တယ် ဆိုတာအထိ ပြောနိုင်တယ်။ အဲလိုအသေးစိတ် သိထားတော့ မိသားစုတွေ ယုံသွားတာများတယ်” ဟု ဆီဆိုင် ဒေသခံတစ်ဦးက ပြောသည်။ သတင်းရင်းမြစ်များအရ ဆီဆိုင်မြို့ရှိ သီရိရပ်ကွက်နှင့်

မဲခေါင်၊ မေ ၆

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် အကျဉ်းကျခံနေရသူများ၏ ကိုယ်ရေးအချက်အလက်များကို အသုံးပြုကာ မိသားစုဝင်များထံမှ ငွေကြေးလိမ် လည်တောင်းခံမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

လိမ်လည်သူများသည် အကျဉ်းသားများ၏ အမှုအမျိုးအစား၊ ချမှတ်ခံထားရသည့် ထောင်ဒဏ်နှစ်အရေအတွက်နှင့် ကျန်ရှိသည့် ကာလများအထိ သိရှိထားပြီး “လွတ်ငြိမ်းချမ်းသာ ခွင့်စာရင်းတွင် ပါဝင်စေရန်” သို့မဟုတ် “ကျန်းမာရေးအရေးပေါ်” ဟုဆိုကာ မိသားစုများထံ ဆက်သွယ်၍ ငွေတောင်းခံနေကြောင်း ဆိုသည်။

“သူတို့က ဘယ်သူ ဘယ်အမှုနဲ့ကျတယ်၊ ထောင်ဒဏ် ဘယ်လောက်ကျန်တယ် ဆိုတာအထိ ပြောနိုင်တယ်။ အဲလိုအသေးစိတ် သိထားတော့ မိသားစုတွေ ယုံသွားတာများတယ်” ဟု ဆီဆိုင် ဒေသခံတစ်ဦးက ပြောသည်။

သတင်းရင်းမြစ်များအရ ဆီဆိုင်မြို့ရှိ သီရိရပ်ကွက်နှင့် အောင်သပြေရပ်ကွက်မှ အကျဉ်းသားမိသားစုများကို ပစ်မှတ်ထား ဆက်သွယ်နေပြီး တချို့ကို ကျပ် ၇ သိန်းမှ ၉ သိန်းအထိ တောင်းခံကာ အချို့ဖြစ်စဉ်များတွင် ကျပ် ၁၅ သိန်းအထိ တောင်းခံခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံရေးအမှုဖြင့် အကျဉ်းကျခံနေရသူများ၏ မိသားစုများကိုလည်း “အကျဉ်းသား ကျန်းမာရေး မကောင်း၍ ဆေးရုံတင်ထားရသည်”၊ “ခွဲစိတ်ကုသရန် ငွေလိုအပ်သည်” စသည့် အကြောင်းပြချက်များဖြင့် ငွေလွှဲခိုင်းနေကြောင်း သိရသည်။

“တချို့မိသားစုတွေက အရေးကြီးတယ်ထင်ပြီး ချက်ချင်း ငွေလွှဲလိုက်ကြတယ်။ နောက်မှ ရဲစခန်းသွားမေးတော့ လိမ်တာဖြစ်နေတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဒေသခံအချို့က ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲစခန်းနှင့် သက်ဆိုင်ရာအာဏာပိုင်များထံ သွားရောက် အတည်ပြုခဲ့ရာ အကျဉ်းသား လွတ်မြောက်ရေး၊ ကျန်းမာရေး အရေးပေါ်အတွက် ငွေတောင်းခံမှုများ မရှိကြောင်း ပြန်လည် ရှင်းလင်းထားသည်ဟု သိရသည်။

အကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်များ အလွန် အသေးစိတ် ပေါက်ကြားနေခြင်းကြောင့် အချက်အလက်များ အကျဉ်းထောင် သို့မဟုတ် သက်ဆိုင်ရာ စနစ်အတွင်းမှ ပေါက်ကြားလာနိုင်သည်ဟု ဒေသခံများက သံသယရှိနေကြသည်။

#MeKongNews
#ဆီဆိုင်
#အကျဉ်းသား
#မိသားစုများ
#လွတ်ငြိမ်းခွင့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now