နေ့စဥ်သတင်း

တအာင်းပညာရေးကျောင်း ၃၀၀ ကျော် ကိုးကန့်တပ်ဖွဲ့ပိတ်၊ ကွတ်ခိုင် စာသင်ကျောင်းများတွင် တရုတ်စာ မဖြစ်မနေ သင်ခိုင်း

မဲခေါင် 24 Apr - 2026
မဲခေါင်၊ ဧပြီ ၂၄ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နှင့်မူဆယ်မြို့နယ်အတွင်းရှိ တအာင်းပြည်ပညာရေးကောင်စီ -TLEC က ဖွင့်လှစ်ထားသည့် စာသင်ကျောင်း ၃၀၀ ကျော်ကို ကိုးကန့်တပ်ဖွဲ့ – MNDAA က ပိတ်ပင်လိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ကွတ်ခိုင် – မူဆယ် ၁၀၅မိုင်ရှိ တအာင်းတပ်ဖွဲ့ -TNLA ကို စတင်တိုက်ထုတ်စဉ်က TLEC ကျောင်းများကို ပိတ်ပစ်မည်မဟုတ်ပဲ အတူကွ သို့မဟုတ် သီးခြားရပ်တည်ပြီး ပညာရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နိုင်သည်ဟု MNDAA က ပြောဆိုခဲ့သော်လည်း လက်ရှိတွင်မူ ကျောင်းများကို ဖွင့်ခွင့်မပေးပဲ ပိတ်ပစ်လိုက်ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “သူတို့စသိမ်းတုန်းက အတူတွဲလုပ်ချင်လည်းရတယ် သီးသန့်လုပ်လည်းရတယ်။ TLEC

မဲခေါင်၊ ဧပြီ ၂၄

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နှင့်မူဆယ်မြို့နယ်အတွင်းရှိ တအာင်းပြည်ပညာရေးကောင်စီ -TLEC က ဖွင့်လှစ်ထားသည့် စာသင်ကျောင်း ၃၀၀ ကျော်ကို ကိုးကန့်တပ်ဖွဲ့ – MNDAA က ပိတ်ပင်လိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ကွတ်ခိုင် – မူဆယ် ၁၀၅မိုင်ရှိ တအာင်းတပ်ဖွဲ့ -TNLA ကို စတင်တိုက်ထုတ်စဉ်က TLEC ကျောင်းများကို ပိတ်ပစ်မည်မဟုတ်ပဲ အတူကွ သို့မဟုတ် သီးခြားရပ်တည်ပြီး ပညာရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နိုင်သည်ဟု MNDAA က ပြောဆိုခဲ့သော်လည်း လက်ရှိတွင်မူ ကျောင်းများကို ဖွင့်ခွင့်မပေးပဲ ပိတ်ပစ်လိုက်ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“သူတို့စသိမ်းတုန်းက အတူတွဲလုပ်ချင်လည်းရတယ် သီးသန့်လုပ်လည်းရတယ်။ TLEC က ဆရာ ဆရာမတွေ ကျောင်းသူကျောင်းသားတွေ စိတ်ပူစရာမလိုဘူးလို့ ပြောပေမယ့်၊ အခုတော့ ကျောင်းတွေ အကုန်လုံးကို သူတို့ ဖွင့်ခွင့်မပြုတော့ဘူး၊ သူတို့ ထိန်းချုပ်နယ်မြေ ဖြစ်သွားပြီမို့ ပညာရေးလည်း သူတို့စနစ်အတိုင်းပဲ လုပ်သွားမယ်ဆိုပြီး ပိတ်လိုက်တာပါ”ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။

TLEC သည် သီးခြားလွတ်လပ်သည့် ပညာရေးအဖွဲ့အစည်းဖြစ်ပြီး တအာင်းဒေသရှိ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားခွင့် မဆုံးရှုံးစေရန် တအာင်း နိုင်ငံရေးအင်အားစုများ၊ တအာင်း အရပ်ဖက်အဖွဲ့အစည်းများနှင့် ပညာရှင်များ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်ထားသည်။

ထိုပိတ်ပင်လိုက်သည့် TLEC ကျောင်းနေရာများကို MNDAA က ၎င်းတို့၏ ပညာရေးဖြင့် အစားထိုးသွားမည်ဖြစ်ပြီး မနက်ပိုင်းတွင် တရုတ်စာများကို မဖြစ်မနေ သင်ကြားရန် လုပ်ဆောင်နေသည်ဟုလည်း ကွတ်ခိုင်သတင်းရင်းမြစ်များထံမှ သိရသည်။

ထို့ပြင် ကွတ်ခိုင်မြို့ပေါ်တွင်လည်း စာသင်ကျောင်း ဖွင့်လှစ်ရန်အတွက် MNDAA က ဒေသခံများကို ခေါ်ယူတွေ့ဆုံမှုများပြုလုပ်နေပြီး စာသင်ကျောင်းများတွင် မနက်ပိုင်း၌ တရုတ်စာကို မဖြစ်မနေ သင်ကြားရမည်ဟု ပြောဆိုထားကြောင်း သိရသည်။

ကွတ်ခိုင်မြို့ပေါ်တွင် လက်ရှိ ဖွင့်လှစ်နေပြီဖြစ်သည့် ကိုယ်ပိုင် ကျောင်းအချို့လည်း မနက်ပိုင်းတွင် တရုတ်စာ မဖြစ်မနေ သင်ကြားရသဖြင့် နေ့ပိုင်းတွင်သာ ကျောင်းစာကို သင်ကြားရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“MNDAA ရဲ့ ကျောင်းတွေတော့ မဖွင့်သေးဘူး။ ကျနော့်တူလေးက ကိုယ်ပိုင်ကျောင်းမှာ တက်တာ။ မနက်က တရုတ်စာ သင်ရမယ်ဆိုတော့ နေ့လည်ပိုင်းမှာပဲ ကျောင်းတက်ရတာ။ မနက်ပိုင်း တရုတ်စာသင်၊ နေ့လည်ပိုင်း မြန်မာစာသင်ပေါ့။ အဲလိုဖြစ်သွားတာ” ဟု ၎င်းက ပြောသည်။

တအာင်းစာပေ အသုံးပြုမှုကို MNDAA က ပိတ်ပင်ပြီးနောက် တအာင်းပညာရေးကိုပါ ပိတ်ပင်လာခြင်းသည် ရာဇဝတ်မှု ကျူးလွန်ရာရောက်သည်ဟုလည်း ရှမ်းမြောက်အရေး ကျွမ်းကျင်သူတဦးက သုံးသပ်သည်။

“အခု ကိုးကန့်တွေလုပ်ရပ်ကို အချက်လက်အရ ကြည့်လိုက်မယ်ဆိုရင် ပထမက စာတွေ အလံတွေကို အသုံးပြုခွင့် ပိတ်ပင်တယ် ဖျက်ဆီးတယ် တရုတ်စာနဲ့ အစားထိုးတယ်။ အခုက တအာင်းပညာရေးကို ပိတ်ပင်လာတယ်။ ဒါတွေက လူမျိုးကို ဆိတ်သုဉ်းသွားအောင်လုပ်တာနဲ့ အတူတူပဲမို့ ရာဇဝတ်မှုမြောက်တယ်။ တချို့ပညာရှင်တွေရဲ့ အယူအဆအရက လူမျိုးတစ်မျိုးကို သတ်ဖြတ်လိုက်မှ လူမျိုးသုဉ်းသတ်ဖြတ်တာ မဟုတ်ဘူးပေါ့နော်၊ လူမျိုးတစ်မျိုးကို ပျောက်ကွယ်သွားအောင် သူတို့ရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ပညာရေးတွေကို ဖျက်ဆီးပြီး ဝါးမြိုတာဟာလည်း လူမျိုးသုဉ်းအောင်လုပ်တာပဲ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

TNLA ထိန်းချုပ်ခဲ့သည့် ကွတ်ခိုင်မြို့ကို ပြီးခဲ့သည့် မတ် ၁၄ ရက်မှစပြီး MNDAA က ဝင်ရောက်သိမ်းယူခဲ့ကာ လားရှိုး – မူဆယ် လမ်းမကြီးပေါ်ရှိ TNLA တပ်ဖွဲ့၏ တပ်စခန်းများကို ဖယ်ရှားခဲ့သည်။

ထိုသို့ သိမ်းယူပြီးနောက် တိုင်းရင်းသားအားလုံး မိမိစာပေကို လွတ်လပ်စွာ သင်ယူခွင့်ရှိသည်ဟု ထုတ်ပြန်သော်လည်း မြေပြင်တွင်မူ MNDAA က တအာင်းစာပေများကို အသုံးပြုခွင့်မပြုဘဲ ကျေးရွာများ၏ ဆိုင်းဘုတ်များကို ဖျက်ဆီးကာ တရုတ်စာနှင့် မြန်မာစာအဖြစ် MNDAA က ပြောင်းလဲခဲ့သည်။

#MeKongNews
#တအာင်းပညာရေးကျောင်း
#ကိုးကန့်တပ်ဖွဲ့
#ကွတ်ခိုင်
#တရုတ်စာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now