နေ့စဥ်သတင်း

‎လားရှိုးတွင် ဒေသခံနှင့် ခရီးသွားလူငယ် ၇၀ ကျော် MNDAA ဖမ်းသွား

မဲခေါင် 22 Apr - 2026
မဲခေါင်၊ ဧပြီ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ ‎လားရှိုးမြို့နယ်၊ အီနိုင်းကျေး ရွာအနီးတွင် ဒေသခံများနှင့် ခရီးသွား လူငယ် ၇၀ ကျော်ကို ကိုးကန့်တပ်ဖွဲ့ – MNDAA က ဖမ်းဆီးသွားသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ ဧပြီ ၂၁ ရက် မနက် ၉ နာရီမှ နေ့လယ် ၁ နာရီအထိ လားရှိုး – နမ္မတူလမ်းပေါ်တွင် MNDAA က ရှောင်တခင် စစ်ဆေးမှုပြုလုပ်ပြီး မူးယစ်ဆေးဝါး သုံးစွဲထားသည်ဟုဆိုကာ လူငယ် ၇၀ ကျော်ကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ယင်းစစ်ဆေးမှုအတွင်း ဖမ်းဆီးခံရသည့် ပြည်သူများမှာ လားရှိုး

မဲခေါင်၊ ဧပြီ ၂၂

ရှမ်းပြည်မြောက်ပိုင်း၊ ‎လားရှိုးမြို့နယ်၊ အီနိုင်းကျေး ရွာအနီးတွင် ဒေသခံများနှင့် ခရီးသွား လူငယ် ၇၀ ကျော်ကို ကိုးကန့်တပ်ဖွဲ့ – MNDAA က ဖမ်းဆီးသွားသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ ဧပြီ ၂၁ ရက် မနက် ၉ နာရီမှ နေ့လယ် ၁ နာရီအထိ လားရှိုး – နမ္မတူလမ်းပေါ်တွင် MNDAA က ရှောင်တခင် စစ်ဆေးမှုပြုလုပ်ပြီး မူးယစ်ဆေးဝါး သုံးစွဲထားသည်ဟုဆိုကာ လူငယ် ၇၀ ကျော်ကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယင်းစစ်ဆေးမှုအတွင်း ဖမ်းဆီးခံရသည့် ပြည်သူများမှာ လားရှိုး – နမ္မတူကြားရှိ ၁၀ မိုင်ကုန်းဒေသခံများ၊ အီးနိုင်းကျေးရွာ ဒေသခံများနှင့် တောင်တလောင်ကျေားရွာ ဒေသခံများ အများဆုံးပါဝင်ပြီး အခြားဒေသမှ ခရီးသွား အမျိုးသား အမျိုးသမီးများလည်း ပါဝင်သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူ ဒေသခံ သတင်းရင်းမြစ် အမျိုးသမီးတစ်ဦးက ပြောသည်။ ‎ ‎

“သူတို့က ဒေသခံရော လမ်းသွားသူရော အကုန်ဖမ်းတာပါ။ ပြောတာကတော့ ဆေးသုံးတာကို စစ်တာတဲ့။ အသက်ကြီးတဲ့လူကို ပြန်လွှတ်တယ်။ အသက်အရွယ် ကောင်းတွေဆို ခေါ်သွားတာ”ဟု ယင်းအမျိုးသမီးက ပြောသည်။ ‎

MNDAA က ဖမ်းဆီးသွားသည့် ဒေသခံများတွင် တောင်တလောင်ရွာသည် တအာင်းကျေးရွာဖြစ်ပြီး ကျန်သည့် ကျေးရွာများသည် ရှမ်းကျေးရွာဖြစ်သဖြင့် အဖမ်းခံရသူ အများစုသည်လည်း ရှမ်းတိုင်းရင်းသားများ ဖြစ်ကြောင်း ၎င်က ပြောသည်။

“ဖမ်းပြီးတော့ နေ့ချင်း သိန္နီဖက်ကို ခေါ်သွားတယ်။ မိသားစုတွေကိုတောင် ကိုးကန့်တပ်က တွေ့ခွင့်မပြုဘူး”ဟု အဖမ်းခံရသူတဦး၏ မိခင်က ပြောသည်။

အီနိုင်းကျေးရွာကို MNDAA ထိန်းချုပ်ပြီးသည့်နောက် ဒေသတွင်းတွင် မူးယစ်ဆေးဝါးများ ပေါများလာခဲ့ပြီး ယခုကဲ့သို့ ဖမ်းဆီးသွားသည့်သူများအား စစ်မှုထမ်းခိုင်းမည်ကို မိသားစုဝင်များက စိုးရိမ်နေကြသည်။

“အဖမ်းခံရတဲ့ သူတွေထဲမှာ မူးယစ်ဆေးဝါး မသုံးတဲ့သူတွေလည်း အများကြီး ပါသွားတယ်၊ တချို့နာမည်ထွက်နေတဲ့ သူတွေကျ အသက်ကြီးနေတော့ မဖမ်းသွားဘူး။ အရွယ်ကောင်းတွေပဲ ခေါ်သွားတော့ တဖက်လှည့်နဲ့ စစ်သားထဲ ထည့်လိုက်မှာကို ‎ကြောက်တယ်ရှင့်”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့ပြင် လားရှိုး – သီပေါလမ်းပေါ်ရှိ မယ်ဟန်၊ ခေးနင်း ကျေးရွာဘက်တွင်လည်း MNDAA က ဒေသခံအချို့ကို မူးယစ်ဆေးဝါး သုံးသည်ဟုဆိုကာ ဖမ်းဆီးသွားသည်ဟုလည်း လားရှိုးသတင်းရင်းမြစ်က ပြောသည်။

“မယ်ဟန်ရော ခေနင်းရော ရှန်ခိုက်သွားတဲ့လမ်းဘက်မှာရောပဲ ဖမ်းတယ်။ ဒါပေမယ့် အဲ့မှာက အလုံးအရင်းနဲ့ ဖမ်းသွားတာ မဟုတ်ဘူး၊ ဘယ်သူက ဆေးသုံးတယ်ဆိုပြီးတော့ ဆီးစစ်ပြီး ဖမ်းတာ၊တကယ်တမ်းက ရောင်းတာလည်း သူတို့နဲ့ မကင်းရာ မကင်းကြောင်းတွေပဲ သူတို့လူပဲ ရောင်းပြီးတော့ သူတို့ပဲ ပြန်ဖမ်းတာ။ ဖမ်းသွားရင်လည်း ဘိန်းဖြတ်ပေးတာ မဟုတ်ဘဲ တခါတည်း စစ်မှုထမ်းခိုင်းတာ”ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။

MNDAA သည် ၁၀၂၇ စစ်ဆင်ရေး ပြီးသည့်နောက်ပိုင်း ၎င်းထိန်းချုပ် နယ်မြေအတွင်း ကိုးကန့်မဟုတ်သည့် အခြားလူမျိုးများကိုပါ နည်းမျိုးစုံဖြင့် စစ်မှုထမ်းရန် လုပ်ဆောင်နေပြီး သားသမီး ထွက်ပြေးပါက မိဘများကို ဖမ်းဆီးထားခြင်းများလည်း ပြုလုပ်ကြသည်။

#MeKongNews
‎#လားရှိုး
#ဒေသခံ
#ခရီးသွားလူငယ်
#MNDAA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now