နေ့စဥ်သတင်း

ဘန်ကောက်တွင် အုပ်စုဖွဲ့ရန်ပွဲအတွင်း သေနတ်ဖြင့်ပစ်ခတ်မှုမှ ခေါင်းဆောင်ဖြစ်သူ PNO ဗိုလ်ကြီးသား ထွက်ပြေး လွတ်မြောက်နေ

မဲခေါင် 20 Apr - 2026
မဲခေါင်၊ ဧပြီ ၂၀ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ကပီ လမ်ကဖဲင် ဆွယ် ၅၂/၁ တွင် ဖြစ်ပွားခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သားများ အုပ်စုဖွဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွင်းမှ သေနတ်ဖြင့် ပစ်ခတ်သူများမှာ လွတ်မြောက်နေဆဲဖြစ်ပြီး ဒဏ်ရာရရှိသူများလည်း ဆေးရုံပေါ်တွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ထိုရန်ပွဲတွင် လူမိုက်ခေါင်းဆောင် ခွန်ကျော်လေး ဆိုသူကို လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရရှိခဲ့သည့် နမ့်ကွတ်ရွာသားများမှာလည်း ဆေးကုသမှုခံယူနေရဆဲဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ထို့ကဲ့သို့ သေနတ်ဖြင့်ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက်နေသူ လူမိုက်ခေါင်းဆောင် ခွန်ကျော်လေး ဆိုသူသည် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် ဗိုလ်ကြီးဖုတ်၏ သားဖြစ်ပြီး PNO ထောက်ပို့အဖွဲ့ဝင်ဖြစ်သည်ဟုလည်း ခွန်ကျော်လေးနှင့်

မဲခေါင်၊ ဧပြီ ၂၀

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ကပီ လမ်ကဖဲင် ဆွယ် ၅၂/၁ တွင် ဖြစ်ပွားခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သားများ အုပ်စုဖွဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွင်းမှ သေနတ်ဖြင့် ပစ်ခတ်သူများမှာ လွတ်မြောက်နေဆဲဖြစ်ပြီး ဒဏ်ရာရရှိသူများလည်း ဆေးရုံပေါ်တွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ထိုရန်ပွဲတွင် လူမိုက်ခေါင်းဆောင် ခွန်ကျော်လေး ဆိုသူကို လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရရှိခဲ့သည့် နမ့်ကွတ်ရွာသားများမှာလည်း ဆေးကုသမှုခံယူနေရဆဲဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့ကဲ့သို့ သေနတ်ဖြင့်ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက်နေသူ လူမိုက်ခေါင်းဆောင် ခွန်ကျော်လေး ဆိုသူသည် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် ဗိုလ်ကြီးဖုတ်၏ သားဖြစ်ပြီး PNO ထောက်ပို့အဖွဲ့ဝင်ဖြစ်သည်ဟုလည်း ခွန်ကျော်လေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

“အဲ့လူက တောင်ကြီးမြို့နယ် နောင်ကားရွာသားပဲ ဒီဘန်ကပီမှာ အုပ်စုဖွဲ့ပြီး PNO လူကြီးသားဆိုပြီး လူမိုက် လုပ်နေတာ။ သူ့အဖေက PNO တပ်က ဗိုလ်ကြီးဖုတ်လေ။ ရွာမှာကတည်းက လူမိုက်လုပ်နေတာ။ အဲ့ကြောင့်လည်း ဒီမှာ လူမိုက်လုပ်ရဲတာ အခုတော့ ထွက်ပြေးနေတယ်၊ ရဲတွေ လိုက်ဖမ်းတာ မမိသေးဘူး။ သံသယရှိသူ တစ်ယောက်ကိုတော့ ရဲက ဖမ်းမိသွားပြီ၊ ကျော်လေးက ထွက်ပြေးနေတုန်းပဲ မမိသေးဘူး” ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၅ ရက်တွင် ဘန်ကပီ လမ်ကဖဲင် ဆွယ် ၅၂/၁ ရှိ ဆီဆိုင်မြို့နယ် နမ့်ကွတ်ရွာသားတစ်ဦးပိုင်ဆိုင်သည့် ဆိုင်တစ်ဆိုင်ရှေ့တွင် ခွန်ကျော်လေးဦးဆောင်သည့်အဖွဲ့က သောက်စားမူးယစ်ပြီး ရန်ဖြစ်နေသဖြင့် ဆိုင်ပိုင်ရှင်က ထွက်ပြောရာ ခွန်ကျော်လေးက ဓားဖြင့် ဆိုင်ရှင်ကို ခုတ်လိုက်ရာမှ အုပ်စုဖွဲ့ ရန်ဖြစ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“အစက သူတို့အချင်းချင်း သောက်စားမူးယစ်ပြီး ရေပက်ရင်းနဲ့ ရန်ဖြစ်တာကို ဆိုင်ရှင်က ထွက်လာပြီး မင်းတို့ရန်ဖြစ်ချင်ရင် တခြားနေရာမှာဖြစ် ဒီမှာရန်ဖြစ်ရင် ငါ့ဆိုင်နာမည်ပျက်တယ်လို့ ပြောတာကို ကျော်လေးက ဒေါပွပြီး ဆိုင်ရှင်ကို ဓားနဲ့စခုတ်တာ။ အခုတ်ခံရတဲ့ ဆိုင်ရှင်က နမ့်ကွတ်ရွာသား၊ အဲ့ဒါ နမ့်ကွတ်ရွာသားတွေက မကျေနပ်လို့ နောက်ည အဲ့ဒီကျော်လေးကို လိုက်ရှာတာ၊ အဲ့ကောင်က ထွက်ပြေးသွားပြီးမှ သူ့ဂိုဏ်းဝင်လူမိုက်တွေကိုစုပြီး ပြန်လာတာ။ အဲဒီမှာ တုတ်တွေ ဓားတွေနဲ့ ရိုက်ကြ ခုတ်ကြရင်း ကျော်လေးတို့အဖွဲ့က သေနတ်နဲ့ ပစ်လိုက်တာ၊ သေနတ်က ကျည်အစစ်ထည့်ပစ်တဲ့ ပစ္စတိုတစ်လက်နဲ့ ဘောသီးတွေ ထည့်ပစ်ရတဲ့ လေသေနတ်က ၂ လက် ပါတယ်။ အခုက သေနတ်တလက်နဲ့ လူတယောက်ပဲ မိသေးတယ်၊ ကျော်လေးက လွတ်နေတုန်းပဲ” ဟု ဘန်ကပီရှိ သတင်းရင်းမြစ်တစ်ဦးကပြောသည်။

ယင်းခိုက်ရန်ဖြစ်ပွားမှုအတွင်း ဆိုင်ရှင် အပါအဝင် အမျိုးသား ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင်လည်း ဆေးရုံတွင် ဆေးကုသမှုခံယူနေရဆဲ ဖြစ်သည်။

“ဆိုင်ရှင်က အခုတ်ခံရတာ အချက်ပေါင်းမနည်းဘူး။ ကျော၊ လက်၊ ခြေ၊ မျက်နှာ အကုန်ထိတယ်၊ သူက အဆိုးဆုံးဒဏ်ရာရတယ်၊ နောက်တစ်ယောက်က လက်ပြတ်ခါနီးအခြေအနေထိ ခုတ်ခံရတယ်။ နောက်တယောက်က ခြေထောက်ကို သေနတ်နဲ့ပစ်ခံရတယ်။ ကျန်တဲ့သူတွေက သိပ်မပြင်းထန်ဘူး” ဟု ဘန်ကပီတွင်နေထိုင်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထိုအုပ်စုလိုက် အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး၊ ပါဝင်ပတ်သက်သူများကို ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

ယခုကဲ့သို့ ဆုန်ခရန်ကာလအတွင်း ရေကစားမှုမှ စတင်သော အငြင်းပွားမှုများ အကြမ်းဖက်မှုအထိ တိုးမြှင့်လာခြင်းသည် ထိုင်းရောက် ​ရွှေ့ပြောင်းလုပ်သားများ၏ လုံခြုံရေးအပေါ် စိုးရိမ်မှုများကို ဖြစ်ပေါ်စေကြောင်းလည်း သတင်းရင်းမြစ်များက ပြောသည်။

#MeKongNews
#ဘန်ကောက်
#အုပ်စုဖွဲ့ရန်ပွဲ
#PNO
#ဗိုလ်ကြီးသား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now