နေ့စဥ်သတင်း

BRI ရထားလမ်းစီမံကိန်း လုံခြုံရေးအတွက် စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်ဖွဲ့များကို တရုတ်ကိုယ်စားလှယ်အဖွဲ့ လားရှိုးတွင် လာရောက်တွေ့ဆုံ

မဲခေါင် 18 Apr - 2026
မဲခေါင် ၊ ဧပြီ ၁၈ ပြန်လည် စတင်တော့မည့် တရုတ်၏ BRI ပိုးလမ်းမ ရထားလမ်းစီမံကိန်း လုံခြုံရေးနှင့် ပတ်သက်၍ တရုတ်ကိုယ်စားလှယ်အဖွဲ့က စစ်ကောင်စီအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် လာရောက်တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြသည်ဟု ရှမ်းမြောက်အရေးကျွမ်းကျင်သူ သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီ ၁၃ ရက်တွင် တရုတ်ကိုယ်စားလှယ်အဖွဲ့က စစ်ကောင်စီ၊ “ဝ”တပ်ဖွဲ့- UWSA၊ ကိုးကန့်တပ်ဖွဲ့- MNDAA၊ ရှမ်းတပ်ဖွဲ့ – SSPP တို့နှင့် လားရှိုးမြို့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် – ရမခတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ရှမ်းမြောက်အရေးကျွမ်းကျင်သူ သတင်းရင်းမြစ်က ပြောသည်။ “သင်္ကြန်အကြိုနေ့ လားရှိုး ရမခထဲမှာ တွေ့ကြတယ်။ တရုတ်ကိုယ်စားလှယ်အဖွဲ့က

မဲခေါင် ၊ ဧပြီ ၁၈

ပြန်လည် စတင်တော့မည့် တရုတ်၏ BRI ပိုးလမ်းမ ရထားလမ်းစီမံကိန်း လုံခြုံရေးနှင့် ပတ်သက်၍ တရုတ်ကိုယ်စားလှယ်အဖွဲ့က စစ်ကောင်စီအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် လာရောက်တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြသည်ဟု ရှမ်းမြောက်အရေးကျွမ်းကျင်သူ သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၃ ရက်တွင် တရုတ်ကိုယ်စားလှယ်အဖွဲ့က စစ်ကောင်စီ၊ “ဝ”တပ်ဖွဲ့- UWSA၊ ကိုးကန့်တပ်ဖွဲ့- MNDAA၊ ရှမ်းတပ်ဖွဲ့ – SSPP တို့နှင့် လားရှိုးမြို့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် – ရမခတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ရှမ်းမြောက်အရေးကျွမ်းကျင်သူ သတင်းရင်းမြစ်က ပြောသည်။

“သင်္ကြန်အကြိုနေ့ လားရှိုး ရမခထဲမှာ တွေ့ကြတယ်။ တရုတ်ကိုယ်စားလှယ်အဖွဲ့က မေလမှာ ပြန်စတင်မယ့် BRI စီမံကိန်း လုံခြုံရေးနဲ့ပတ်သက်ပြီး ရှမ်းမြောက်အပိုင်းကို တာဝန်ယူဖို့ လာဆွေးနွေးတာလို့တော့ သိရပါတယ်။ ဘယ်အဖွဲ့က ဦးဆောင်ပြီး ဘယ်အဖွဲ့က ဘယ်အပိုင်းမှာ လုံခြုံရေး အာမခံပေးဖို့ လာဆွေးနွေးတယ်၊ ဒီလောက်တော့ ပြောလို့ရပါတယ်”ဟု ၎င်းသတင်းရင်းမြစ်က ဆိုသည်။

ထိုတွေ့ဆုံမှုနှင့် ပတ်သက်ပြီး မဲခေါင်သတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ် မေးမြန်းထားသော်လည်း ပြန်လည် ဖြေကြားခြင်းများ မရှိသေးပေ။

ထို့သို့ တွေ့ဆုံသည့် အချိန်တွင်ပင် ကိုးကန့်တပ်ဖွဲ့သည် နမ္မတူနယ်စပ်နှင့် မူဆယ်၊ နမ့်ခမ်းဖက်တွင် အင်အားတိုးမြှင့် ချထားလာသကဲ့သို့ BRI စီမံကိန်း လမ်းကြောင်းပေါ်တွင် ရှိသည့် နမ္မတူနှင့် သီပေါ မြို့နယ်အစပ် နားကျိုင်းတွင်လည်း SSPP တပ်ဖွဲ့က အင်အားတိုးချဲ့ ဖြည့်တင်းမှု ပြုလုပ်ခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

ယင်း BRI စီမံကိန်းအရ တရုတ်နိုင်ငံ ကူမင်းမြို့မှ မန္တလေး – ရခိုင်ပြည် ကျောက်ဖြူအထိ ပေါက်ရောက်မည့် ရထားလမ်းစီမံကိန်းကို တရုတ်က ယခုနှစ်တွင် ဆောင်ရွက်သွားမည် ဖြစ်သည်။

“ဒါကြောင့် ဒီတလ နှစ်လအတွင်းမှာတော့ ရှမ်းမြောက်မှာ လှုပ်လှုပ်ခတ်ခတ်တွေ ဖြစ်နိုင်တယ်။ အခုလည်း တရုတ်နဲ့ တွေ့တဲ့အဖွဲ့တွေက နေရာအသီးသီးမှာ အင်အားတွေ ဖြည့်တင်းနေကြသလို စစ်ကောင်စီကလည်း အင်အား ဖြည့်တင်းတာတွေ လုပ်နေတယ်။ တရုတ်ကတော့ သူ့စီမံကိန်းပေါ်မှာ ရှိနေတဲ့ အဖွဲ့တွေကို သူ့စကားနားမထောင်ရင် နည်းပေါင်းစုံနဲ့ ဖယ်ရှားတာတွေ ပြုလုပ်လာနိုင်တယ်”ဟု ရှမ်းမြောက်အရေးကျွမ်းကျင်သူ သတင်းရင်းမြစ်က ပြောသည်။

ကူမင်း – ကျောက်ဖြူ ရထားလမ်းစီမံကိန်းသည် စုစုပေါင်း ၁၅၀၀ ကီလိုမီတာခန့် ရှည်လျားပြီး စီမံကိန်းအတွင်း တံတား ၁၂၄စင်း၊ လိုဏ်ဂူလမ်း ၆၀၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၁ ခု ပါဝင်ပြီး ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ဘီလီယံခန့် ကုန်ကျမည်ဟု တရုတ်ဒေသတွင်း သတင်းဌာနတခုက ဖော်ပြထားသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ အိန္ဒိယ သမုဒ္ဒရာကို တိုက်ရိုက်ဆက်သွယ်ပေးမည့် BRI ပိုးလမ်းမ ရထားလမ်း စီမံကိန်းကို တရုတ်ဖက်က မေလတွင် ပြန်လည်စတင်ရန် လုပ်ဆောင်လာနေပြီး စီမံကိန်းတွင်သုံးမည့် စက်ယန္တရားပစ္စည်းများကို မြန်မာနိုင်ငံအတွင်းသို့ ပို့ဆောင်ထားပြီး ဖြစ်သည်။

ထို့ပြင် မေလတွင် စီမံကိန်းအတွက် မြေပြင်တိုင်းတာခြင်း စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများကိုလည်း ပြန်လည်စတင် ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းအတွက် မြေယာလျော်ကြေးများကို ပေးချေပြီးဖြစ်သည်ဟု တရုတ်ဒေသတွင်း သတင်းဌာနတစ်ခုတွင် ဖော်ပြထားသည်။

#MeKongNews
#BRI
#ရထားလမ်းစီမံကိန်း
#လုံခြုံရေးအတွက်
#စစ်ကောင်စီ
#လက်နက်ကိုင်တပ်ဖွဲ့
#တရုတ်ကိုယ်စားလှယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now