နေ့စဥ်သတင်း

အီရန်၏ အရေးပါသော ခေါင်းဆောင် အလီလာရီဂျာနီကို သုတ်သင်လိုက်ပြီဟု အစ္စရေး ကြေညာ

မဲခေါင် 17 Mar - 2026
မဲခေါင်၊ မတ် ၁၇ အီရန်၏ ဩဇာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီဂျာရီလာနီကို ယမန်နေ့ည တိုက်ခိုက်မှုတွင် ရှင်းလင်းသုတ်သင်လိုက်ပြီ ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်စ်က ယနေ့တွင် ကြေညာလိုက်သည်။ “အီရန်နိုင်ငံအတွင်းရှိ အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများပြုလုပ်နေသော အုပ်ချုပ်သူအဖွဲ့အစည်း၏ ခေါင်းဆောင်ပိုင်းကို ဆက်လက် အမဲလိုက်သွားရန် ဝန်ကြီးချုပ်နှင့် ကျွန်ုပ်က အစ္စရေးကာကွယ်ရေးတပ်ဖွဲ ့- IDF ကို ညွှန်ကြားထားပြီးဖြစ်သည်” ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဝန်ကြီးကတ်စ်က ပြောကြားသည်။ အစ္စရေး၏ ကြေညာချက် ထွက်ပေါ်လာပြီးနောက် အီရန်အစိုးရနှင့် နီးစပ်သော Tasnim သတင်းအေဂျင်စီ က ၎င်းတို့၏ တယ်လီဂရမ်ချန်နယ်တွင် အလီလာရီဂျာနီကိုယ်တိုင် လက်ရေးဖြင့် ရေးသားထားသော

မဲခေါင်၊ မတ် ၁၇

အီရန်၏ ဩဇာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီဂျာရီလာနီကို ယမန်နေ့ည တိုက်ခိုက်မှုတွင် ရှင်းလင်းသုတ်သင်လိုက်ပြီ ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်စ်က ယနေ့တွင် ကြေညာလိုက်သည်။

“အီရန်နိုင်ငံအတွင်းရှိ အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများပြုလုပ်နေသော အုပ်ချုပ်သူအဖွဲ့အစည်း၏ ခေါင်းဆောင်ပိုင်းကို ဆက်လက် အမဲလိုက်သွားရန် ဝန်ကြီးချုပ်နှင့် ကျွန်ုပ်က အစ္စရေးကာကွယ်ရေးတပ်ဖွဲ ့- IDF ကို ညွှန်ကြားထားပြီးဖြစ်သည်” ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဝန်ကြီးကတ်စ်က ပြောကြားသည်။

အစ္စရေး၏ ကြေညာချက် ထွက်ပေါ်လာပြီးနောက် အီရန်အစိုးရနှင့် နီးစပ်သော Tasnim သတင်းအေဂျင်စီ က ၎င်းတို့၏ တယ်လီဂရမ်ချန်နယ်တွင် အလီလာရီဂျာနီကိုယ်တိုင် လက်ရေးဖြင့် ရေးသားထားသော စာတစ်စောင်ကို တင်ခဲ့သည်။

ယင်းစာမှာ ကျဆုံးသွားသော ရေတပ်စစ်သည်များအတွက် ဝမ်းနည်းကြောင်း ဖော်ပြထားသည့် စာဖြစ်သည်။

ယင်းစာတွင် ယနေ့ မတ်လ ၁၇ ရက် ဟု ရက်စွဲတပ်ထားသဖြင့် အစ္စရေး၏ သုတ်သင်လိုက်ပြီဆိုသော ကြေညာချက်အပေါ် သံသယဖြစ်စရာ ရှိလာစေသည်။

အကယ်၍ အစ္စရေး၏ ပြောကြားချက်သာ မှန်ကန်ပါက ယင်းမှာ အီရန်၏ ထိပ်တန်း ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထား တိုက်ခိုက်မှုများထဲမှ အကြီးမားဆုံး ဖြစ်စဉ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

သို့သော် အီရန်ဘက်မှ ထုတ်ပြန်သည့် လာရီဂျာနီ၏ လက်ရေးမူစာကြောင့် အမှန်တကယ် သေဆုံးခြင်း ရှိ၊ မရှိ ဆိုသည်မှာ မရေမရာ ဖြစ်နေဆဲဖြစ်သည်။

အီရန်နိုင်ငံ၏ ဩဇာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ အလီလာရီဂျာနီသည် လက်ရှိဖြစ်ပွားနေသော စစ်ပွဲကာလအတွင်း အီရန်နိုင်ငံ၏ စစ်အတွင်း ခေါင်းဆောင်ဟုပင် တင်စားခြင်းခံရသူ ဖြစ်သည်။

၎င်းသည် အီရန်နိုင်ငံ၏ အလွန်ဩဇာကြီးမားသော ဘာသာရေးနှင့် နိုင်ငံရေးမျိုးရိုးမှ ဆင်းသက်လာသူလည်း ဖြစ်သည်။

၎င်း၏ ညီအစ်ကိုများသည်လည်း အီရန်တရားစီရင်ရေးနှင့် ပါလီမန်တို့တွင် ထိပ်တန်းရာထူးများ ရယူခဲ့ဖူးသဖြင့် ၎င်းတို့မိသားစုကို အီရန်၏ ‘ကနေဒီမိသားစု’ (The Kennedys of Iran) ဟုပင် ခေါ်ဆိုကြသည်။

Ref: CNN
#MeKongNews
#အီရန်
#အလီလာရီဂျာနီ
#သုတ်သင်
#အစ္စရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now