နေ့စဥ်သတင်း

ကျားဖြူပါတီဥက္ကဋ္ဌက ၎င်းစိတ်ကြိုက်လူများကိုသာ ဝန်ကြီးခန့်ရန်စီစဉ်နေ၍ ပါတီဝင်များအကြား မကျေနပ်မှုပြင်းထန်

မဲခေါင် 6 Mar - 2026
မဲခေါင်၊ မတ် ၅ စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည့် ရှမ်းနွယ်ဖွားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ – SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ကျားဖြူပါတီဥက္ကဌက ရှမ်းအစိုးရခွဲတမ်းရ ဝန်ကြီးနေရာများကို အနိုင်ရကိုယ်စားလှယ်အများစု ဆန္ဒမပြုသည့် ၎င်းစိတ်ကြိုက်လူများကိုသာ ခန့်အပ်မည်ဟု ဆိုသဖြင့် ပါတီဝင်များ အပြင်းအထန် မကျေနပ်ဖြစ်နေကြကြောင်း သိရသည်။ ကျားဖြူပါတီသည် ရှမ်းပြည်နယ်အတွင်း မြို့နယ် ၆ မြို့နယ်တွင် FPTP (အနိုင်ရသူအကုန်ယူ) စနစ်ဖြင့် အနိုင်ရခဲ့သော်လည်း၊ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက အဆိုပါအနိုင်ရ ကိုယ်စားလှယ်များအစား PR (အချိုးကျကိုယ်စားပြု) စနစ်ဖြင့် တက်လာသည့် ဗမာလူမျိုးနှစ်ဦးကို ဝန်ကြီးခန့်အပ်ရန် စီစဉ်နေခြင်းအပေါ် ပါတီဝင်များနှင့် ရှမ်းလူမျိုးအများစုက ကန့်ကွက်နေကြခြင်းဖြစ်သည်။ “ဦးစိုင်းအိုက်ပေါင်းက ဥက္ကဋ္ဌဆိုပြီး ဘယ်သူ့မျက်နှာမှမကြည့်ဘဲ

မဲခေါင်၊ မတ် ၅

စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည့် ရှမ်းနွယ်ဖွားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ – SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ကျားဖြူပါတီဥက္ကဌက ရှမ်းအစိုးရခွဲတမ်းရ ဝန်ကြီးနေရာများကို အနိုင်ရကိုယ်စားလှယ်အများစု ဆန္ဒမပြုသည့် ၎င်းစိတ်ကြိုက်လူများကိုသာ ခန့်အပ်မည်ဟု ဆိုသဖြင့် ပါတီဝင်များ အပြင်းအထန် မကျေနပ်ဖြစ်နေကြကြောင်း သိရသည်။

ကျားဖြူပါတီသည် ရှမ်းပြည်နယ်အတွင်း မြို့နယ် ၆ မြို့နယ်တွင် FPTP (အနိုင်ရသူအကုန်ယူ) စနစ်ဖြင့် အနိုင်ရခဲ့သော်လည်း၊ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက အဆိုပါအနိုင်ရ ကိုယ်စားလှယ်များအစား PR (အချိုးကျကိုယ်စားပြု) စနစ်ဖြင့် တက်လာသည့် ဗမာလူမျိုးနှစ်ဦးကို ဝန်ကြီးခန့်အပ်ရန် စီစဉ်နေခြင်းအပေါ် ပါတီဝင်များနှင့် ရှမ်းလူမျိုးအများစုက ကန့်ကွက်နေကြခြင်းဖြစ်သည်။

“ဦးစိုင်းအိုက်ပေါင်းက ဥက္ကဋ္ဌဆိုပြီး ဘယ်သူ့မျက်နှာမှမကြည့်ဘဲ လုပ်နေတာ။ ရှမ်းပြည်နယ်မှာ ဝန်ကြီးနေရာရရင် တစ်ယောက်ကို ဗမာ၊ တစ်ယောက်ကို ရှမ်း ခန့်စေချင်ကြတာ။ အများစုကတော့ ရှမ်းလူမျိုးကိုပဲ ဦးစားပေးခန့်စေချင်တာကို သူက ပါတီဝင်တွေနဲ့ အနိုင်ရကိုယ်စားလှယ်တွေကို မထောက်ထားဘဲ လုပ်ချင်ရာလုပ်နေတယ်” ဟု ကျားဖြူပါတီဝင်တစ်ဦးက မဲခေါင်သို့ ပြောသည်။

စိုင်းအိုက်ပေါင်းက ဝန်ကြီးနေရာအတွက် လျာထားသူများမှာ ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က ၎င်း၏ PSO (ကိုယ်ရေးအရာရှိ) လုပ်ခဲ့သူ စစ်တပ်မှ ဗိုလ်မှူးဟောင်း မင်းထွန်းအောင်နှင့် တာချီလိတ်မှ မြေပွဲစား ထွန်းပေါ်သိန်းတို့ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးစလုံးမှာ PR စနစ်ဖြင့် ပြည်နယ်ကိုယ်စားလှယ် ဖြစ်လာသူများဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရှမ်းပြည်နယ် ကျားဖြူပါတီ EC တစ်ဦးက “ဒါနဲ့ပတ်သက်ပြီး ဗဟို CEC အစည်းအဝေး ခေါ်တာမရှိသေးဘူး။ လျာထားတာကတော့ ၃ နေရာရရင် ရှမ်းတောင်၊ မြောက်၊ အရှေ့ တစ်ဦးစီခန့်ဖို့ ကြားတယ်” ဟု ဆိုသည်။

ကျားဖြူပါတီသည် စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် မိုးနဲ၊ လဲချား၊ ကျေးသီး၊ မိုင်းကိုင်၊ လင်းခေးနှင့် သီပေါမြို့နယ်တို့တွင် FPTP စနစ်ဖြင့် အနိုင်ရရှိထားသည်။

“FPTP အနိုင်ရသူတွေက လူထုရဲ့ တကယ့်ထောက်ခံချက်ရတာ။ သူတို့က လူထုအကျိုးလုပ်မယ့်သူမို့ မဲပေးခဲ့ကြတာ။ PR တွေက လူထုဆန္ဒမဲအစစ် မဟုတ်ဘူး” ဟု အခြားပါတီဝင်တစ်ဦးက ဝေဖန်သည်။

စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် မတ်လ ၄ ရက်တွင် ထုတ်ပြန်သည့် အမိန့်အရ တိုင်းနှင့် ပြည်နယ်ဝန်ကြီးနေရာများကို အနည်းဆုံး ၅ နေရာမှ အများဆုံး ၁၀ နေရာအထိသာ ကန့်သတ်ခန့်အပ်ရမည်ဟု ပါရှိကြောင်း သိရသည်။

#MeKongNews
#ရှမ်းပြည်
#စစ်ကောင်စီ
#ရွေးကောက်ပွဲ
#ကျားဖြူပါတီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now