နေ့စဥ်သတင်း

ရွာငံတိုက်ပွဲအတွင်း စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံး၊ လက်နက် ၇ လက် သိမ်းမိဟု ဓနု – ၁၀၀၃ တပ်ရင်း ထုတ်ပြန်

မဲခေါင် 28 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ယခုလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ ၁၀ ဦးထက်မနည်း သေဆုံးကာ သေနတ် ၇ လက်ကိုလည်း သိမ်း ဆည်းရမိခဲ့သည်ဟု ဓနုအခြေ စိုက် ပြည်သူ့ကာကွယ်ရေးတပ် မတော် ၁၀၀၃ တပ်ရင်းက ယနေ့တွင် သတင်းထုတ် ပြန်သည်။ ​ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်တွင် ကျောက်ငှက် – အုတ်တွင်း လမ်းပိုင်းအတိုင်း ပတ်ကင်းလှည့်နေသော စစ်ကောင်စီအား ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဗိုလ်တစ်ဦးအပါ ၁၀ ဦးခန့် သေဆုံးပြီး၂ ဦးထက်မနည်း ထိ ခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၁၀၀၃ တပ်ရင်းကဆိုသည်။ ထိုတိုက်ပွဲအတွင်း ၁၀၀၃ တပ်ရင်းဘက်မှ

မဲခေါင်၊ ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ယခုလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ ၁၀ ဦးထက်မနည်း သေဆုံးကာ သေနတ် ၇ လက်ကိုလည်း သိမ်း ဆည်းရမိခဲ့သည်ဟု ဓနုအခြေ စိုက် ပြည်သူ့ကာကွယ်ရေးတပ် မတော် ၁၀၀၃ တပ်ရင်းက ယနေ့တွင် သတင်းထုတ် ပြန်သည်။

​ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်တွင် ကျောက်ငှက် – အုတ်တွင်း လမ်းပိုင်းအတိုင်း ပတ်ကင်းလှည့်နေသော စစ်ကောင်စီအား ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဗိုလ်တစ်ဦးအပါ ၁၀ ဦးခန့် သေဆုံးပြီး၂ ဦးထက်မနည်း ထိ ခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၁၀၀၃ တပ်ရင်းကဆိုသည်။

ထိုတိုက်ပွဲအတွင်း ၁၀၀၃ တပ်ရင်းဘက်မှ မစိုးရိမ်ရ ဒဏ်ရာတစ်ဦးရရှိခဲ့ပြီး စစ်ကောင်စီ၏ လက်နက် ၅ လက်၊ ကျည် ၆၀၀ ၊အီနာဂါတစ်လုံး၊ ဆက်သွယ်ရေးစက်ကြီးတစ်လုံး၊ ကျည်ဘောက် ၁၁ ခုကို သိမ်းဆည်းမိခဲ့သည်ဟု ဓနုအ ခြေစိုက် ၁၀၀၃ တပ်ရင်းက ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်တွင်လည်း ရွာငံမြို့နယ်၊ မျှားကလေးကျေးရွာဘက်သို့ စစ် ကြောင်းထိုးလာသော စစ်ကောင် စီတပ်အား ၁၀၀၃ တပ်ရင်းက ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ၏ လက်နက် ၂ လက်ကို သိမ်းဆည်းမိခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်ကောင်စီဘက်က နာရေးကားဖြင့် သယ်ဆောင်သွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်တွင်လည်း ရွာငံမြို့နယ်တွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ဇုန်ထဲသို့ အရပ်သားကားတစ်စီး ဝင်လာခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ် ဟန်တားလိုက်ရသဖြင့် စစ်ကောင်စီတပ်သားများ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဓနုအခြေစိုက် ၁၀၀၃ တပ်ရင်းကဆိုသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် တိုက်ပွဲ ဖြစ်နေသည့် အခြေအနေတွင် တိုက်ပွဲဇုန်ထဲသို့ ဝင်ရောက် လာခြင်းမပြုဘဲ ဘေးလွတ်ရာကို ရှောင်တိမ်းကြရန် ၁၀၀၃ တပ်ရင်းက မေတ္တာရပ်ခံထားသည်။

လက်ရှိ၌ ရှမ်းပြည်တောင်ပိုင်းရှိ ဓနုဒေသတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များ ပျူစောထီးများက ထိုးစစ်ဆင်နေသဖြင့် ဓနုအ ခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ် ပွားလျက်ရှိသည်။

#MeKongNews
#ရွာငံတိုက်ပွဲ
#စစ်ကောင်စီ
#သေဆုံး
#ဓနု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now