နေ့စဥ်သတင်း

ကျိုင်းတုံတွင် လောင်းကစားမှုဖြင့် အမှုဖွင့်ခံထားရသူက ပြည်သူ့စစ်လုံခြုံရေးယူ၍ လောင်းကစားဝိုင်းများ ပြန်ဖွင့်လာ

မဲခေါင် 17 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၁၇ တရုတ်နှစ်သစ်ကူး အကြောင်းပြကာ လောင်းကစားမှုဖြင့် အမှုဖွင့်ခံထားရသူ အားချင်ဆိုသူက ပြည်သူ့စစ်များ၏ လုံခြုံရေးအကာအကွယ်ရယူကာ ကျိုင်းတုံမြို့တွင် လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်လာကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းလောင်းကစားဝိုင်းကို ကျိုင်းတုံမြို့၊ ကတ်ဖကျေးရွာအုပ်စု၊ ကျိုင်းတုံ-မိုင်းလားသွား ကားလမ်းဘေးရှိ နောင်လေရွာထိပ် ငါးကန်တွင် ပြုလုပ်နေခြင်းဖြစ်ပြီး၊ ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၄ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ပြုလုပ်သွားရန် စီစဉ်ထားကြောင်း ဒေသခံများက ပြောသည်။ “ဒိုင်ချုပ်က အားချင် ဆိုတဲ့တစ်ယောက်ပဲ။ သူက ဟိုတစ်ခေါက် နောင်ဖာ၊ ဖားစည်ပို့တဲ့ချောင်းနားကဝိုင်းမှာ အဖမ်းခံရဖူးတဲ့သူ။ အခုက ပြည်သူ့စစ်နဲ့ပေါင်းလုပ်တာ။ လာဆော့တဲ့သူတွေ ဘာမှမဖြစ်စေရဘူးလို့ အာမခံထားတယ်။ အကုန်လုံးကို လိုင်းကြေးပေးထားပြီးသားလို့လည်း ပြောတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၇

တရုတ်နှစ်သစ်ကူး အကြောင်းပြကာ လောင်းကစားမှုဖြင့် အမှုဖွင့်ခံထားရသူ အားချင်ဆိုသူက ပြည်သူ့စစ်များ၏ လုံခြုံရေးအကာအကွယ်ရယူကာ ကျိုင်းတုံမြို့တွင် လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်လာကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းလောင်းကစားဝိုင်းကို ကျိုင်းတုံမြို့၊ ကတ်ဖကျေးရွာအုပ်စု၊ ကျိုင်းတုံ-မိုင်းလားသွား ကားလမ်းဘေးရှိ နောင်လေရွာထိပ် ငါးကန်တွင် ပြုလုပ်နေခြင်းဖြစ်ပြီး၊ ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၄ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ပြုလုပ်သွားရန် စီစဉ်ထားကြောင်း ဒေသခံများက ပြောသည်။

“ဒိုင်ချုပ်က အားချင် ဆိုတဲ့တစ်ယောက်ပဲ။ သူက ဟိုတစ်ခေါက် နောင်ဖာ၊ ဖားစည်ပို့တဲ့ချောင်းနားကဝိုင်းမှာ အဖမ်းခံရဖူးတဲ့သူ။ အခုက ပြည်သူ့စစ်နဲ့ပေါင်းလုပ်တာ။ လာဆော့တဲ့သူတွေ ဘာမှမဖြစ်စေရဘူးလို့ အာမခံထားတယ်။ အကုန်လုံးကို လိုင်းကြေးပေးထားပြီးသားလို့လည်း ပြောတယ်။ လုံခြုံရေးအတွက် ကတ်ဖပြည်သူ့စစ်က M16 သေနတ်တွေလွယ်ပြီး လုံခြုံရေးယူထားပေးတယ်။ ဓာတ်ပုံမရိုက်ရဘူးဆိုပြီး ဗီနိုင်းတွေလည်း ကပ်ထားတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ဒိုင်ချုပ် အားချင် ဆိုသူမှာ ယခင်အမှုပင် မပြီးပြတ်သေးဘဲ ယခုကဲ့သို့ ကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်လာခြင်းကြောင်း၊ ယခင်က မဲခေါင်သတင်းဌာနတွင် ၎င်း၏အကြောင်း သတင်းဖော်ပြခံခဲ့ရသဖြင့် တရားရေး၊ ဥပဒေနှင့် ရဲတပ်ဖွဲ့ဝင်များ လုပ်ကိုင်ရခက်ခဲသွားပြီး အမိန့်ချမှတ်ရန် အချိန်ဆွဲထားရသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“အခုဝိုင်းက ကတ်ဖပြည်သူ့စစ်နဲ့ သူနဲ့ပေါင်းဖွင့်တာ။ အရင်က သတင်းပါလာတော့ ဝိုင်းကြီးမဖွင့်ရဲဘဲ နာရေးအိမ်တွေမှာပဲ ပိုက်ကျူး၊ ရှမ်းကိုးမီးဝိုင်းတွေ လိုက်ဖွင့်နေတာ။ အခုမှ ဝိုင်းကြီးပြန်စလာတာ။ လောင်းကစားဝိုင်းတွေကြောင့် နောက်ဆက်တွဲ ခိုးမှု၊ လုယက်မှုတွေ ပြန်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ နောင်လေရွာရှိ လောင်းကစားဝိုင်းများတွင် ကြက်ဝိုင်း၊ ရှမ်းကိုးမီး၊ ပိုက်ကျူး၊ ဂုံးဂင်းနှင့် လေးကောင်ဂျင်များ ပါဝင်ကြောင်း သိရသည်။

ယခုကဲ့သို့ ကျေးရွာအတွင်း လောင်းကစားဝိုင်းများ လာရောက်လုပ်ကိုင်နေခြင်းကြောင့် ရွာနာမည်ပျက်ရကြောင်း ဒေသခံတစ်ဦးကလည်း ညည်းညူပြောဆိုထားပါသည်။

#MeKongNews
#ကျိုင်းတုံ
#လောင်းကစားဝိုင်း
#အားချင်
#တရုတ်နှစ်သစ်ကူး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now