နေ့စဥ်သတင်း

လမ်းအရည်အသွေး ညံ့ဖျင်းခြင်းကြောင့် ယာဉ်တိုက်မှုအများဆုံး ဖြစ်နေသော တောင်ကြီး မြို့ရှောင်လမ်းကို သေမင်းတမန်လမ်းဟု ကားသမားများ ကင်ပွန်းတပ်

မဲခေါင် 8 Jan - 2026
မဲခေါင် ၊ ဇန်နဝါရီ ၈ လမ်းများ မတ်စောက်သဖြင့် မောင်းရခက်ခဲခြင်း၊ လမ်းအရည်အသွေး ညံ့ဖျင်းခြင်းကြောင့် ကုန်တင်ယာဉ်ကြီးများ မကြာခဏ တိမ်းမှောက်တတ်သဖြင့် တောင်ကြီး – ရွှေညောင် မြို့ရှောင်လမ်းကို သေမင်းတမန်လမ်းဟု ကားသမားများက ကင်ပွန်းတပ်နေကြသည်။ ယခုလ ပထမပတ်အတွင်းမှာပင် ယင်းမြို့ရှောင်လမ်းပေါ်တွင် ကုန်တင်ယာဉ်ကြီးများ ၅ စီးထက်မနည်း တိမ်းမှောက်ခဲ့သည်။ ယခုလ ၂ ရက်၊ ၄ ရက် ၊ ၅ ရက်နှင့် ၆ ရက်တို့တွင် ကားကြီးများ တိမ်းမှောက်ခဲ့ပြီး ကုန်စည်ပစ္စည်း ဆုံးရှုံးမှုလည်း များပြားခဲ့သည်ဟု ကားသမားတစ်ဦးက ပြောသည်။ “ဒီလမ်းကို သွားခိုင်းကတည်းက ခဏခဏ မှောက်နေတာ လမ်းက ကားကြီးတွေ ကုန်သယ်ဖို့

မဲခေါင် ၊ ဇန်နဝါရီ ၈

လမ်းများ မတ်စောက်သဖြင့် မောင်းရခက်ခဲခြင်း၊ လမ်းအရည်အသွေး ညံ့ဖျင်းခြင်းကြောင့် ကုန်တင်ယာဉ်ကြီးများ မကြာခဏ တိမ်းမှောက်တတ်သဖြင့် တောင်ကြီး – ရွှေညောင် မြို့ရှောင်လမ်းကို သေမင်းတမန်လမ်းဟု ကားသမားများက ကင်ပွန်းတပ်နေကြသည်။

ယခုလ ပထမပတ်အတွင်းမှာပင် ယင်းမြို့ရှောင်လမ်းပေါ်တွင် ကုန်တင်ယာဉ်ကြီးများ ၅ စီးထက်မနည်း တိမ်းမှောက်ခဲ့သည်။

ယခုလ ၂ ရက်၊ ၄ ရက် ၊ ၅ ရက်နှင့် ၆ ရက်တို့တွင် ကားကြီးများ တိမ်းမှောက်ခဲ့ပြီး ကုန်စည်ပစ္စည်း ဆုံးရှုံးမှုလည်း များပြားခဲ့သည်ဟု ကားသမားတစ်ဦးက ပြောသည်။

“ဒီလမ်းကို သွားခိုင်းကတည်းက ခဏခဏ မှောက်နေတာ လမ်းက ကားကြီးတွေ ကုန်သယ်ဖို့ မသင့်တော်တဲ့လမ်းပါ။ ၅ ရက်ဆို တစ်ရက်တည်း ၂ စီးမှောက်တယ်။ ဒါကြောင့် လမ်းအရည်အသွေးက အစ ကားသမားတွေကို သတ်တာနဲ့ တူနေလို့ သေမင်းလမ်းလို့ပဲ ပြောချင်တယ်။”ဟု ကုန်ကားသမားတစ်ဦးက ပြောသည်။

တောင်ကြီး – ရွှေညောင် မြို့ရှောင်လမ်းသည် လမ်းအတက်အဆင်း ရှည်ပြီး မတ်စောက်သည့် အပြင် လမ်းအရည် အသွေးလည်း ညံ့သဖြင့် ကားကြီးများ ဘရိတ်ပေါက်ကာ မကြာခဏ တိမ်းမှောက်ရခြင်း ဖြစ်ကြောင်း အခြား ကားသမားတစ်ဦးက ပြောသည်။

“မြို့ရှောင်လမ်းလို့ မခေါ်သင့်တော့ဘူး။ သေမင်းတမန်လမ်းလို့ ပြောင်းခေါ်သင့်နေပြီ၊ ၁၂ ဘီးတောင် ဂီယာ ၁ နဲ့ပဲ ဆင်းတော့တယ်။ လမ်းတွေကလည်း စုတ်နေပြီ၊ ကတ္တရာသားလည်း မရှိတော့ဘူး။ ဘရိတ်ပျောက်ရင် ကားပါအပျောက်ပဲ ကားသေးတွေ ဆိုင်ကယ်တွေတောင်မှ မနည်းထိန်းရတယ်”ဟု ၁၂ ဘီးကား မောင်းသူတစ်ဦးက ပြောသည်။

ထိုသို့ လမ်းခက်ခဲခြင်းကြောင့် အချို့ ကုန်တင်ကားကြီးများသည် လမ်းပေါ်တွင် ရေဖျန်းကာ မောင်းကြရပြီး ကားကြီးများက ယင်းကဲ့သို့ မောင်းနှင်မှု များပြားလာသဖြင့်လည်း လမ်းချော်မှုများကြောင့် ကားငယ်များ ဆိုင်ကယ်များ သွားလာရ ခက်ခဲပြန်သည်ဟု ကားသမားတစ်ဦးက ပြောသည်။

“ရေမဖျန်းရင် ဖုန်တွေကထ လမ်းတွေဆိုးနဲ့ ကားကြီးအတွက် ခက်ခဲပြန်တယ်။ ကားကြီးတွေ ရေဖျန်းဆင်းတော့လည်း ကုန်ကားအငယ်တွေ အိမ်စီးကားတွေ ဆိုင်ကယ်တွေအတွက် အန္တရာယ်ရှိပြန်ရော” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယခင်တွင် ကုန်ကားကြီးများသည် တောင်ကြီးမြို့အနောက်မြို့ပတ်လမ်းမှ သွားလာကြခြင်းဖြစ်သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် မြို့ထဲသို့ ဝင်ခွင့်မပေးတော့ဘဲ တောင်ကြီး မြို့ရှောင်လမ်းမှ သွားလာခိုင်းခဲ့ခြင်း ဖြစ်သည်။

#MeKongNews
#တောင်ကြီး
#လမ်းအရည်အသွေး
#ညံ့ဖျင်း
#ယာဉ်တိုက်မှု
#သေမင်းတမန်လမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now