နေ့စဥ်သတင်း

တရုတ်မှ အာလူးကို လာဘ်စားပြီး သွင်းခွင့်ပြုသဖြင့် ရှမ်းတောင်ထွက် အာလူးဈေးမရ

မဲခေါင် 26 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၆ တရုတ်ပြည်မှ တင်ပို့လာသော အာလူးများကို ရပ်စောက်မြို့နယ်ရှိ စစ်ကောင်စီနှင့် လက်နက်ကိုင် စစ်ဆေးရေးဂိတ်များက လာဘ်စားပြီး တင်သွင်းခွင့်ပြုနေသဖြင့် ရှမ်းတောင်ထွက် အားလူးများ ဈေးမရဘဲ ဖြစ်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယခု ဒီဇင်ဘာလအတွင်း ရပ်စောက်မြို့နယ်တွင် တရုတ်မှ ဝင်လာသော စီးရေဆယ်ချီသည့် အားလူးကားများကို ဂိတ်များက တားဆီးသော်လည်း လာဘ်စားပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။ “တရုတ်အာလူး တွဲကားအပြည့်နဲ့ ရပ်စောက်ဘက် ခုအရက်ပိုင်း ဆယ်စီးမက ဝင်လာတယ်။ စစ်ဆေးရေးဂိတ်တွေကလည်း တားပြီး လာဘ်ငွေနဲ့ ပြန်လွှတ်ကြတာပဲ။ အဲဒီ အာလူးကားတွေ PNO ဂိတ်တွေမှာ တားခံရမှာစိုးလို့ ဂိတ်ကျော်တဲ့အထိ အောင်ပန်းဘက် ရောက်တဲ့အထိ SSPP

မဲခေါင်၊ ဒီဇင်ဘာ ၂၆

တရုတ်ပြည်မှ တင်ပို့လာသော အာလူးများကို ရပ်စောက်မြို့နယ်ရှိ စစ်ကောင်စီနှင့် လက်နက်ကိုင် စစ်ဆေးရေးဂိတ်များက လာဘ်စားပြီး တင်သွင်းခွင့်ပြုနေသဖြင့် ရှမ်းတောင်ထွက် အားလူးများ ဈေးမရဘဲ ဖြစ်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယခု ဒီဇင်ဘာလအတွင်း ရပ်စောက်မြို့နယ်တွင် တရုတ်မှ ဝင်လာသော စီးရေဆယ်ချီသည့် အားလူးကားများကို ဂိတ်များက တားဆီးသော်လည်း လာဘ်စားပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“တရုတ်အာလူး တွဲကားအပြည့်နဲ့ ရပ်စောက်ဘက် ခုအရက်ပိုင်း ဆယ်စီးမက ဝင်လာတယ်။ စစ်ဆေးရေးဂိတ်တွေကလည်း တားပြီး လာဘ်ငွေနဲ့ ပြန်လွှတ်ကြတာပဲ။ အဲဒီ အာလူးကားတွေ PNO ဂိတ်တွေမှာ တားခံရမှာစိုးလို့ ဂိတ်ကျော်တဲ့အထိ အောင်ပန်းဘက် ရောက်တဲ့အထိ SSPP တပ်သားတွေက လိုက်ပို့ပေးတာ။ “ဟု သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။

ပြည်တွင်းတွင် အာလူးအသစ် ပေါ်ချိန် ရှမ်းပြည်စစ်ကောင်စီ အနေဖြင့် တရုတ်ဘက်မှ တရားမဝင် အာလူး တင်သွင်းလာခြင်းကို ထိန်းကျောင်းပေးရန်နှင့် ဈေးကွက်သစ် ရှာပေးရန် လိုအပ်ကြောင်းလည်း ရှမ်းတောင်ရှိ တောင်သူများက တောင်းဆိုသည်။

“တရုတ်ပြည်ဘက်က ကျမတို့ထက် ထွက်ရှိချိန် စောတယ်၊ ပြီးတော့ ဥကြီးတယ်။ ဈေးလည်းချိုတယ်၊ ကျမတို့ ဘက်ကျတော့ သူတို့ဘက်ထက် ပိုသေးတယ်၊ ဒါတွေ မယှဉ်နိုင်ဘူးပေါ့။ ခုတော့ ပိုက်ဆံလိုတဲ့ တောင်သူက အရှုံးနဲ့ ရောင်းရတယ်။ တချို့ကျတော့ ဈေးရှိမှာစောင့်ရင်း သိုလှောင်ထားကြတယ်”ဟု တောင်သူတစ်ဦး က မဲခေါင်သို့ ပြောသည်။

အလားတူပင် တရုတ်ပြည်မှ ဝင်လာသော ကြက်သွန်ဖြူတွဲကား များစွာကိုလည်း ရပ်စောက်ဂိတ်ရှိ စစ်သားများက ပိုက်ဆံယူပြီး လွှတ်ပေး‌နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယခုနှစ်တွင် သွင်းအားစု အဆမတန်စျေးတက်ပြီး အရင်းနှီးကြီးကာ အာလူးပေါ်ချိန်တွင် စျေးမရရှိခြင်းကြောင့် တောင်သူများ အရှုံးဖြင့်သာ ရင်ဆိုင်နေရကြောင်း ဒေသခံများက‌ ပြောသည်။

ယခင်နှစ်တွင် အာလူးတစ်ပိဿာ ၆ ထာင်၊ ၇ ထောင်ကျပ် အထိရရှိသော်လည်း ယခုနှစ်တွင် ၂ ထာင်ကျပ် ဝန်းကျင်သာရှိကြောင်း အောင်ပန်းကုန်စိမ်းဒိုင်မှ သိရသည်။

#MeKongNews
#တရုတ်
#အာလူး
#လာဘ်စား
#ရှမ်းတောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now