နေ့စဥ်သတင်း

မူဆယ်တွင် နယ်စပ်ဖြတ်စာအုပ်နီရရှိရေးအတွက် မဲပေးရန် ဖိအားပေးခံနေရ

မဲခေါင် 23 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၃ မူဆယ်မြို့မှ တရုတ်နိုင်ငံဘက်သို့ ကူးသန်းသွားလာနေသူများအနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် မဲမပေးပါက နယ်စပ်ဖြတ်ကူးခွင့် ရတော့မည်မဟုတ်ကြောင်း သတင်းများ ထွက်ပေါ်နေသဖြင့် ဒေသခံများ စိုးရိမ်လျက်ရှိကြောင်း သိရသည်။ မူဆယ်မှ တရုတ်နိုင်ငံ ကြယ်ဂေါင်နှင့် ရွှေလီဘက်သို့ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ကိုင်နေသူများ၊ အထူးသဖြင့် မူဆယ်ဒေသခံလက်မှတ် (စာအုပ်နီ) ကိုင်ဆောင်ထားသူများအနေဖြင့် မဲမပေးပါက စာအုပ်သက်တမ်းတိုး၍ မရခြင်းနှင့် သွားလာခွင့် ကန့်သတ်ခံရခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။ “စာအုပ်ရဖို့ မဲပေးရမယ်ဆိုပြီး အုပ်ချုပ်ရေးပိုင်းက စည်းရုံးနေတာ။ စာအုပ်နီရှိတဲ့သူတွေက ကုန်ပစ္စည်းသယ်တဲ့ စီးပွားရေးနဲ့ တစ်ရက်ကို အနည်းဆုံး ကျပ်တစ်သိန်းကျော် ရနေတာဆိုတော့ စာအုပ်ရှိဖို့က အဓိက ဖြစ်နေတယ်။ မဲထည့်မှ စာအုပ်ရမယ်ဆိုတော့

မဲခေါင်၊ ဒီဇင်ဘာ ၂၃

မူဆယ်မြို့မှ တရုတ်နိုင်ငံဘက်သို့ ကူးသန်းသွားလာနေသူများအနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် မဲမပေးပါက နယ်စပ်ဖြတ်ကူးခွင့် ရတော့မည်မဟုတ်ကြောင်း သတင်းများ ထွက်ပေါ်နေသဖြင့် ဒေသခံများ စိုးရိမ်လျက်ရှိကြောင်း သိရသည်။

မူဆယ်မှ တရုတ်နိုင်ငံ ကြယ်ဂေါင်နှင့် ရွှေလီဘက်သို့ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ကိုင်နေသူများ၊ အထူးသဖြင့် မူဆယ်ဒေသခံလက်မှတ် (စာအုပ်နီ) ကိုင်ဆောင်ထားသူများအနေဖြင့် မဲမပေးပါက စာအုပ်သက်တမ်းတိုး၍ မရခြင်းနှင့် သွားလာခွင့် ကန့်သတ်ခံရခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

“စာအုပ်ရဖို့ မဲပေးရမယ်ဆိုပြီး အုပ်ချုပ်ရေးပိုင်းက စည်းရုံးနေတာ။ စာအုပ်နီရှိတဲ့သူတွေက ကုန်ပစ္စည်းသယ်တဲ့ စီးပွားရေးနဲ့ တစ်ရက်ကို အနည်းဆုံး ကျပ်တစ်သိန်းကျော် ရနေတာဆိုတော့ စာအုပ်ရှိဖို့က အဓိက ဖြစ်နေတယ်။ မဲထည့်မှ စာအုပ်ရမယ်ဆိုတော့ မထည့်ချင်လည်း ထည့်ကြရတော့မယ့် အခြေအနေပဲ” ဟု မူဆယ်မြို့၊ ဟူမွန်ရပ်ကွက်နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

ယင်းစာအုပ်အနီကို မူဆယ်တွင် မြေပိုင်ဆိုင်မှု ပြသနိုင်သူများကိုသာ ထောက်ခံချက်ဖြင့် ထုတ်ပေးနေခြင်းဖြစ်ပြီး မြေကွက်မရှိသူများကို လဝကများက လာဘ်ငွေယူကာ ထုတ်ပေးကြောင်း၊ မြေပိုင်ဆိုင်မှု မပြနိုင်သူများအတွက် လက်ရှိတွင် စာအုပ်ပေါက်ဈေးမှာ တရုတ်ယွမ် ၄၀,၀၀၀ ခန့် (လက်ရှိ ငွေလဲနှုန်း ၁ ယွမ်လျှင် ၅၆၀ ကျပ်ဖြင့် တွက်ချက်ပါက ကျပ်သိန်း ၂၀၀ ကျော်) အထိ ရှိနေကြောင်း သိရသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲနေ့တွင် မအားလပ်သူများနှင့် နေထိုင်မကောင်းသူများကို ဒီဇင်ဘာလ ၂၆ ရက်နှင့် ၂၇ ရက်နေ့များ၌ ကြိုတင်မဲပေးရန် ကြေညာထားသည့်အတွက် အချို့သော ဒေသခံများမှာ အလုပ်မပျက်စေရန်နှင့် အခက်အခဲ မဖြစ်စေရန်အတွက် မအားလပ်ဟု အကြောင်းပြကာ ကြိုတင်မဲပေးရန် ပြင်ဆင်နေကြကြောင်း သိရသည်။

“အရင်က ကိုဗစ်လက်မှတ် မပါရင် ခရီးသွားလို့ မရသလိုမျိုး အခုလည်း မဲမပေးထားရင် ခရီးသွားလာခွင့် ပိတ်ပင်ခံရမှာကို ကြောက်နေကြရတာ။ တရုတ်ဘက်ကို သွားလို့မရရင် စီးပွားရေး အဆင်မပြေနိုင်တော့တာမို့ ကြိုတင်မဲပဲ ထည့်ရတော့မှာပါ” ဟု ဟိုနားရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ဆက်လက်၍ မြန်မာဘက်မှ နယ်စပ်ဖြတ်သန်းခွင့် မပေးမည်ကိုသာမက တရုတ်နိုင်ငံဘက်ကပါ လက်ခံမည်မဟုတ်ခြင်းကို စိုးရိမ်နေကြကြောင်း ယင်းဒေသခံက ဆိုသည်။

“တရုတ်ဘက်က စက်ရုံတွေမှာ မြန်မာဘက်က အသက် ၃၅ နှစ်အောက်ဆို အလုပ်မခန့်ဖို့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ကန့်သတ်တာမျိုးတွေ ရှိနေတယ်။ အခုလည်း မဲမပေးဘဲ လာရင် လက်မခံတာမျိုး တရုတ်ဘက်က လုပ်လာနိုင်တယ်” ဟု ၎င်းက သုံးသပ်သည်။

ပေါက်ကြားလာသည့် လျှို့ဝှက်ညွှန်ကြားစာအရ စစ်ကောင်စီသည် ရွေးကောက်ပွဲကို အပိုင်းနှစ်ပိုင်း ခွဲခြားပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

အတုအယောင်ရွေးကောက်ပွဲဟု အများကသတ်မှတ်ထားသည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ အပိုင်း (၁) အတွက် စစ်ဗိုလ်ချုပ်များ၊ ဝန်ကြီးဌာနဝန်ထမ်းများ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ကျမည့်သူများကို ဒီဇင်ဘာလ ၁၀ ရက်မှ ၂၇ ရက်အထိ ကြိုတင်မဲပေးခိုင်းထားပြီး သာမန်ပြည်သူများထဲမှ မအားလပ်သူများကို ဒီဇင်ဘာလ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ကြိုတင်မဲပေးရန် သတ်မှတ်ထားသည်။

ထို့ပြင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ဝန်ထမ်းများနှင့် တာဝန်ရှိသူများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၁၀ ရက်အထိ လည်းကောင်း၊ အသက်ကြီးရင့်သူများနှင့် မအားလပ်သည့် ပြည်သူများကို ဇန်နဝါရီလ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင်လည်းကောင်း ကြိုတင်မဲပေးရန် ညွှန်ကြားထားကြောင်း သိရသည်။

#MeKongNews
#မူဆယ်
#နယ်စပ်ဖြတ်သန်းခွင့်
#စာအုပ်အနီ
#ရွေးကောက်ပွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now