နေ့စဥ်သတင်း

စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးကမ်ပိန်း အင်းလေးတွင်ပြုလုပ်

မဲခေါင် 5 Nov - 2025
မဲခေါင် နိုဝင်ဘာ ၅ စစ်ကောင်စီက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသတွင် အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့က ကမ်ပိန်းပြုလုပ်ခဲ့သည်။ ယင်းလှုပ်ရှားမှုကို နိုဝင်ဘာလ ၃ရက်တွင် ‘တရားမဝင် အတုအယောင်ရွေးကောက်ပွဲသပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်’ အမည်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်သည်။ ယင်း “No Election, No Vote” ကမ်ပိန်းကို အောက်တိုဘာ ၃ရက်ကလည်း အင်းလေးကန်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် ပြုလုပ်ခဲ့ခြင်းကြောင်း၊ အခက်အခဲတစ်ချို့ရှိသည့်အတွက် တစ်ချိန်တည်းဖြင့် နေရာစုံကို ဖြန့်ဝေနိုင်ရန် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြောင်း ယင်းအဖွဲ့ပြောခွင့်ရသူ ကိုအားမာန်က မဲခေါင်သို့ပြောသည်။ “လူထုရဲ့တုံ့ပြန်ချက်ကပေါ့နော် လက်ရှိမှာ ပြောရခက်ပါတယ်ဗျ။ ဘာလို့လဲဆိုတော့ သူတို့က နီးရာဓားကြောက်နေရတဲ့ဘဝကို။ ဒါပေမယ့် ဒီကမ်ပိန်းအတွက်

မဲခေါင် နိုဝင်ဘာ ၅

စစ်ကောင်စီက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသတွင် အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့က ကမ်ပိန်းပြုလုပ်ခဲ့သည်။

ယင်းလှုပ်ရှားမှုကို နိုဝင်ဘာလ ၃ရက်တွင် ‘တရားမဝင် အတုအယောင်ရွေးကောက်ပွဲသပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်’ အမည်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်သည်။

ယင်း “No Election, No Vote” ကမ်ပိန်းကို အောက်တိုဘာ ၃ရက်ကလည်း အင်းလေးကန်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် ပြုလုပ်ခဲ့ခြင်းကြောင်း၊ အခက်အခဲတစ်ချို့ရှိသည့်အတွက် တစ်ချိန်တည်းဖြင့် နေရာစုံကို ဖြန့်ဝေနိုင်ရန် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြောင်း ယင်းအဖွဲ့ပြောခွင့်ရသူ ကိုအားမာန်က မဲခေါင်သို့ပြောသည်။

“လူထုရဲ့တုံ့ပြန်ချက်ကပေါ့နော် လက်ရှိမှာ ပြောရခက်ပါတယ်ဗျ။ ဘာလို့လဲဆိုတော့ သူတို့က နီးရာဓားကြောက်နေရတဲ့ဘဝကို။ ဒါပေမယ့် ဒီကမ်ပိန်းအတွက် တချို့ပြည်သူတွေကတော့ တက်တက်ကြွကြွနဲ့ ပါပါဝင်လှုံ့ဆော်ပေးတာမျိုးလည်း တွေ့ရတယ်”ဟု ၎င်းကပြောသည်။

ယင်းလှုပ်ရှားမှုကို ညောင်ရွှေမြို့၊ ငဖယ်ချောင်းအုပ်စု၊ အင်းပေါခုံအုပ်စု၊ နမ့်ပန်အုပ်စု၊ ခေါင်တိုင်အုပ်စု၊ သလဲဦးအုပ်စုတို့တွင် “သင့်မဲဖြင့် စစ်တပ်ကို တရားဝင်လူသတ်ခွင့်ရအောင် မလုပ်ပါနှင့်။ ရွေးကောက်ပွဲဟာ ထွက်ပေါက်မဟုတ်ဘူး။ ထောင်ချောက်” စသည့် စာတမ်းများပါသည့် စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲဆန့်ကျင်ရေး စာရွက်ဖြန့်ဝေခြင်း၊ ပိုစတာကပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ပြည်သူအတွက် အကျိုးမရှိသော ၂၀၀၈အခြေခံဥပဒေကို ကိုင်စွဲပြီး စစ်အာဏာရှင်ကပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲသည်စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန်သာ ဖြစ်သဖြင့် ယင်းရွေးကောက်ပွဲကို ဆန့်ကျင်ရေးသည် အမျိုးသားရေးဖြစ်သည်ဟု ကိုအားမာန်ကပြောသည်။

အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ကို စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်နေကြသည့် အင်းလေးလူမှုအဖွဲ့အစည်းများ၊ အင်းသားပြည်သူများ၊ လူငယ်များဖြင့် ဖွဲ့စည်းထားပြီး စစ်အာဏာရှင်စနစ်တော်လှန်ရေးကို ပါဝင်ဆောင်ရွက်နေသည့် အဖွဲ့များ ဖြစ်သည်။

#MeKongNews
#အင်းလေး
#လူထုလှုပ်ရှားမှု
#စစ်ကောင်စီ
#အတုအယောင်ရွေးကောက်ပွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now