မဲခေါင်၊ အောက်တိုဘာ ၁၆
တာချီလိတ်မြို့တွင် အောက်တိုဘာလ ၁၅ရက် ညပိုင်းက ညလုံးပေါက် မိုးသည်းပြီးနောက် ယနေ့ အောက်တိုဘာလ ၁၆ရက် နံနက်ပိုင်းတွင် မယ်ဆိုင်ချောင်းရေ မြင့်တက်ပြီး ရပ်ကွက်အချို့ ရေကြီးလျက်ရှိသည်။
အောက်တိုဘာလ ၁၆ရက် နံနက် ၁၁ နာရီခန့်က တာလော့ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်နှင့် ပုန်းထွန်ရပ်ကွက်အတွင်း ရေကြီးခဲ့ပြီး နေ့လည်ပိုင်းတွင်မူ ရေအနည်းငယ်ကျဆင်းသွားပြီကြောင်း ဒေသခံများထံမှ သိရသည်။
ဖော်ပြပါဓာတ်ပုံများမှာ မယ်ဆိုင်ချောင်းနှင့်ကပ်လျက် တာလော့ရပ်ကွက်အတွင်း အောက်တိုဘာ ၁၆ရက် နေ့လည် ၂နာရီခန့်က ရေကြီးမှုအခြေအနေကို တွေ့မြင်ရခြင်းဖြစ်သည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကမှု နေ့လည် ၁၂နာရီအချိန်တွင် မယ်ဆိုင်ချောင်းမှာ စိုးရိမ်ရေမှတ်အထက် ၁ပေခန့် မြင့်တက်လျက်ရှိပြီး နောက်ထပ် ၂၄ နာရီအတွင်း ၁ပေခွဲခန့်ထပ်မံမြင့်တက်နိုင်ကြောင်း သတိပေးထားသည်။
#MeKongNews
#တာချီလိတ်
#မယ်ဆိုင်ချောင်း
#ရေကြီး
#တာလော့ရပ်ကွက်








