နေ့စဥ်သတင်း

စက်ရုံအရောက်ကြံဈေးကျပြီး တောင်သူများ တွက်ခြေမကိုက်

မဲခေါင် 7 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၇ ကြံတစ်တန် စက်ရုံအရောက် ငွေကျပ် ၁ သိန်း ၇ သောင်း စျေးဖြင့် ဆင်းရွှေလီသကြားစက်၊ ငွေရည်ပုလဲသကြားကုမ္ပဏီက ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ရာ ယခင်နှစ်ထက် ကြံတစ်တန်စျေးနှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။ ယခုနှစ် ကြံရာသီအတွက် ကြံတစ်တန်စျေးကို ပြီးခဲ့သည့် နှစ်က ဖွင့်ဈေးဖြစ်သည့် ကျပ် ၂ သိန်းနှုန်းထက် ငွေ ၃ သောင်း ကျပ် လျှော့ချပြီး စျေးဖွင့်လာခြင်းကြောင့် ကြံစိုက်တောင်သူတွေ အခက်ကြုံနေရကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ကြံကြိတ်ဝါးရာသီချိန်က သကြားစက်ရုံများက နေရာဒေသအအလိုက် ကြံတစ်တန်ကို ၁ သိန်း ၈

မဲခေါင်၊ အောက်တိုဘာ ၇

ကြံတစ်တန် စက်ရုံအရောက် ငွေကျပ် ၁ သိန်း ၇ သောင်း စျေးဖြင့် ဆင်းရွှေလီသကြားစက်၊ ငွေရည်ပုလဲသကြားကုမ္ပဏီက ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ရာ ယခင်နှစ်ထက် ကြံတစ်တန်စျေးနှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

ယခုနှစ် ကြံရာသီအတွက် ကြံတစ်တန်စျေးကို ပြီးခဲ့သည့် နှစ်က ဖွင့်ဈေးဖြစ်သည့် ကျပ် ၂ သိန်းနှုန်းထက် ငွေ ၃ သောင်း ကျပ် လျှော့ချပြီး စျေးဖွင့်လာခြင်းကြောင့် ကြံစိုက်တောင်သူတွေ အခက်ကြုံနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ကြံကြိတ်ဝါးရာသီချိန်က သကြားစက်ရုံများက နေရာဒေသအအလိုက် ကြံတစ်တန်ကို ၁ သိန်း ၈ သောင်းမှ ၂ သိန်းကျပ် စျေးဖွင့်ခဲ့ကြပြီး ယခုလို စျေးအနိမ့်နှင့် ဖွင့်ခြင်းကြောင့် ကြံစိုက်တောင်သူများအတွက် တွက်ချေမကိုက်ဟု ဆိုကြသည်။

“ကုန်စျေးနှုန်းက တက်ပြီးရင်းတက်နေတာ။ ကြံကျမှ စျေးကျတယ်တဲ့။ အရင်နှစ်စျေးမှန်းပြီး စိုက်ခဲ့တာ၊ အရင်နှစ်စျေးလောက်တော့ ပေးသင့်တယ်။ (အရင်နှစ်က) သကြားနဲ့ ချေလို့ အကြွေးတောင် မကျေသေးဘူး” ဟု တောင်သူတစ်ဦးက မဲခေါင်သို့ပြောသည်။

​ယမန်နှစ်က ကြံဘိုးငွေကို စက်ရုံက သကြားဖြင့်ပေးချေထားရာ သကြားစျေးကျနေသဖြင့် ယခုလိုကြံဖွင့်စျေးနိမ့်ကျရခြင်းဖြစ်ကြောင်း ဈေးကွက်ထဲမှ သိရသည်။

ကြံစိုက်ပျိုးစရိတ် မြင့်တာလာသည့်အတွက် တောင်သူများအနေဖြင့် ယခင်နှစ်အဖွင့်ဈေး တစ်တန်လျင် ကျပ် ၂ သိန်းရမှသာ အရင်းရရုံဖြစ်ပြီး ယခုအဖွင့်ဈေးဖြင့် အရင်းရရန်ပင်မလွယ်ကြောင်း ရှမ်းတောင်အခြေစိုက် တောင်သူများက ပြောသည်။

မန္တလေးသကြားနှင့် သကာရည်ကုန်စည်ဒိုင်အသင်း၏ သကြားစျေးနှုန်းများမှာ စက်တင်ဘာလ ၃၀ ရက်တွင် တစ်ပိဿာလျင် ပေါင်းသကြား ၃၈၅၀ ကျပ်မှ ၄၀၀၀ ကျပ်၊ သကြားအစိုကို ၃၆၅၀ ကျပ်၊ ခါသကြား ၃၄၀၀ မှ ၃၅၀၀ ကျပ်၊ ပွက်သား ၂၆၇၀ မှ ၂၉၀၀ ကျပ်၊ ခါစက်ကျ ရည် ၂၅၀၀ မှ ၂၆၀၀ ကျပ်၊ ပေါင်းစက်ကျရည် ၈၀၀ မှ ၂၀၀၀ ကျပ် ရှိနေပြီး အချိန်နှင့်အမျှ ဈေးနှုန်းပြောင်းလဲနိုင်ပြီး ကုန်ပစ္စည်းအရည်အသွေးအလိုက် ဈေးနှုန်းကွာခြားမှုရှိသည်ဟု သိရသည်။

လက်ရှိ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်၌ သကြားတစ်ပိဿာလျင် ကျပ် ၄၂၀၀ မှ ၄၆၅၀ ကျပ်နှုန်းရှိနေပြီး ကမ္ဘာ့သကြားစျေးမှာ သကြားတစ်တန်လျင် အမေရိကန်ဒေါ်လာ ၆၀၀ အောက်တွင် ရှိနေကြောင်း သိရသည်။

#MeKongNews
#သကြားစက်
#ငွေရည်ပုလဲ
#ကြံဈေးနှုန်း
#ရှမ်းတောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now