နေ့စဥ်သတင်း

ကျောက်မဲတွင် စစ်ကောင်စီတပ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မကျင့် သတ်ဖြတ်၊ သံဃာတော် အပါအဝင် ပြည်သူ ၃ ဦးကိုလည်း သတ်ဖြတ်

မဲခေါင် 27 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၇ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများသည် ကျောက်မဲမြို့နယ် နားအိုက်ခန့်ကျေးရွာ၌ အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို အဓမ္မကျင့် သတ်ဖြတ်ခဲ့သည့်အပြင် သံဃာတစ်ပါးအပါအဝင် အခြားရွာသား ၂ဦး စုစုပေါင်း ၄ဦးကိုသတ်ဖြတ်ခဲ့သည်ဟု ရှမ်းကျောင်းသားများသမဂ္ဂ – Tai Students’ Union – TSU က စက်တင်ဘာ၂၅ရက်တွင် ထုတ်ပြန်သည်။ စစ်ကောင်စီစစ်ကြောင်းသည် စက်တင်ဘာ ၂၄ရက် နေ့လည်ပိုင်း၌ ရွာလုံးကျွတ်နီးပါးစစ်ရှောင်သွားပြီးဖြစ်သော နားအိုက်ခန့်ကျေးရွာသို့ ရောက်ရှိလာပြီးကျေးရွာတွင် ကျန်းမာရေးမကောင်းသော ဆရာတော်အား ပြုစုရန် ကျန်ရစ်ခဲ့သူ သံဃာတော်တစ်ပါးကို ပစ်သတ်ခဲ့သည်ဟု TSU ကပြောသည်။ ၎င်းအပြင် အနီးအနားရှိ လယ်တဲများတွင် တိမ်းရှောင်နေသော မိသားစုသုံးဦးတွင် မိခင်ဖြစ်သူနှင့် သားငယ်ကို နေရာတွင် ပစ်သတ်ကာ

မဲခေါင်၊ စက်တင်ဘာ ၂၇

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများသည် ကျောက်မဲမြို့နယ် နားအိုက်ခန့်ကျေးရွာ၌ အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို အဓမ္မကျင့် သတ်ဖြတ်ခဲ့သည့်အပြင် သံဃာတစ်ပါးအပါအဝင် အခြားရွာသား ၂ဦး စုစုပေါင်း ၄ဦးကိုသတ်ဖြတ်ခဲ့သည်ဟု ရှမ်းကျောင်းသားများသမဂ္ဂ – Tai Students’ Union – TSU က စက်တင်ဘာ၂၅ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီစစ်ကြောင်းသည် စက်တင်ဘာ ၂၄ရက် နေ့လည်ပိုင်း၌ ရွာလုံးကျွတ်နီးပါးစစ်ရှောင်သွားပြီးဖြစ်သော နားအိုက်ခန့်ကျေးရွာသို့ ရောက်ရှိလာပြီးကျေးရွာတွင် ကျန်းမာရေးမကောင်းသော ဆရာတော်အား ပြုစုရန် ကျန်ရစ်ခဲ့သူ သံဃာတော်တစ်ပါးကို ပစ်သတ်ခဲ့သည်ဟု TSU ကပြောသည်။

၎င်းအပြင် အနီးအနားရှိ လယ်တဲများတွင် တိမ်းရှောင်နေသော မိသားစုသုံးဦးတွင် မိခင်ဖြစ်သူနှင့် သားငယ်ကို နေရာတွင် ပစ်သတ်ကာ အသက်မပြည့်သေးသော သမီးဖြစ်သူမိန်းကလေးကို အဓမ္မကျင့်ကာ သတ်ဖြတ်ခဲ့သည်ဟု TSU က ထုတ်ပြန်သည်။

ယင်းမိသားစုသုံးဦး နေထိုင်သည့် လယ်တဲထဲတွင် စစ်ကောင်စီတပ်သားများ၏ ယူနီဖောင်း ကျန်ရစ်ခဲ့သည်ကိုလည်း သက်သေခံအဖြစ် တွေ့ရသည် ဟု လည်းပြောသည်။

“မိမိတို့အနေဖြင့် ယခုလို အပြစ်မဲ့ပြည်သူတွေကို မုဒိန်းကျင့်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုဘဲ အရေးယူပေးရန် ကမ္ဘာ့နိုင်ငံအသီးသီးနဲ နိုင်ငံတကာ အဖွဲ့အစည်းများကို တောင်းဆိုလိုက်တယ်” ဟု ရှမ်းကျောင်းသားများသမဂ္ဂက ယိင်းမွေလျန်းက မဲခေါင်သို့ ပြောသည်။

၎င်းတို့အနေဖြင့်လည်း ပြည်သူများအပေါ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်ကောင်များကို ရရာနည်းဖြင့် အပြစ်ပေး အရေးယူသွားနိုင်ရန် ကူညီပေးသွားမည်ဖြစ်သည် ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကောင်စီတပ်သည် သြဂုတ်လ၁၉ ရက်က ကျောက်မဲမြို့နယ်အတွင်း TNLAနှင့်မဟာမိတ်များကို စစ်ကြောင်း ထိုးတိုက်ခိုက်လာခဲ့ရာ စက်တင်ဘာ ၂၅ရက်တွင် နားအိုက်ခန့်အကျော် စခန်းသာအနားသို့ ထိုးစစ်ရောက်ရှိနေပြီ ဖြစ်ကြောင်း မြေပြင်သတင်းများအရ သိရသည်။

#MeKongNews
#ကျောက်မဲမြို့နယ်
#နားအိုက်ခန့်ကျေးရွာ
#အဓမ္မပြုကျင့်
#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now