နေ့စဥ်သတင်း

တြိဂံတိုင်းစစ်ဌာနချုပ်အပိုင် ရေပူစမ်းကွင်းတွင် ပြည့်တန်ဆာခန်းများ ပြန်လည်ဖွင့်လှစ်ထားမှု ဒေသခံများ မလိုလား

မဲခေါင် 22 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၂ တြိဂံဒေသတိုင်း စစ်ဌာနချုပ်အပိုင်ဖြစ်သည့် ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှ တာချီလိတ်ဘက်အထွက် ရေပူစမ်းကွင်းအတွင်းရှိ ဆိုင်ခန်းများတွင် ပြည့်တန်ဆာခန်းများ စက်တင်ဘာလအစပိုင်းမှ စတင်ကာ ပြန်လည်ဖွင့်လှစ်ထားကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းသို့ ဖွင့်လှစ်ထားမှုအပေါ်ဒေသခံများက စိတ်အနှောက်အယှက်ဖြစ်ကြောင်း၊ ဖွင့်လှစ်ထားရှိသည့် ပြည့်တန်ဆာများမှာ တရားဝင်ဖွင့်ခွင့်ရထားသည်ဟု ပြောဆိုနေသဖြင့် သက်ဆိုင်ရာများက ခွင့်ပြုထားသည့်ကိစ္စ အမှန်ဟုတ်၊ မဟုတ် ဒေသခံများက သိလိုကြကြောင်း ကျိုင်းတုံမြို့ခံများက မဲခေါင်သို့ ပြောသည်။ ယင်းဆိုင်ခန်းများကို ရေပူစမ်းကွင်းတာဝန်ခံ ဦးမိုး၊ ပြည့်တန်ဆာခေါင်းကျော်မင်းနှင့် မင်းမင်းထွန်းတို့မှ တာဝန်ယူ ဖွင့်လှစ်လျက်ရှိပြီး ယင်းဆိုင်ခန်းများကို ပြင်ဆင်စရိတ်နှင့် နေပြည်တော်ကို ဂါရဝကြေးအဖြစ် တခန်းလျှင် သိန်း ၃၀၀ တောင်းယူထားပြီး ဖြစ်သည့်အပြင် ဆိုင်ခန်းတစ်ခန်းအတွက်

မဲခေါင်၊ စက်တင်ဘာ ၂၂

တြိဂံဒေသတိုင်း စစ်ဌာနချုပ်အပိုင်ဖြစ်သည့် ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှ တာချီလိတ်ဘက်အထွက် ရေပူစမ်းကွင်းအတွင်းရှိ ဆိုင်ခန်းများတွင် ပြည့်တန်ဆာခန်းများ စက်တင်ဘာလအစပိုင်းမှ စတင်ကာ ပြန်လည်ဖွင့်လှစ်ထားကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

ယင်းသို့ ဖွင့်လှစ်ထားမှုအပေါ်ဒေသခံများက စိတ်အနှောက်အယှက်ဖြစ်ကြောင်း၊ ဖွင့်လှစ်ထားရှိသည့် ပြည့်တန်ဆာများမှာ တရားဝင်ဖွင့်ခွင့်ရထားသည်ဟု ပြောဆိုနေသဖြင့် သက်ဆိုင်ရာများက ခွင့်ပြုထားသည့်ကိစ္စ အမှန်ဟုတ်၊ မဟုတ် ဒေသခံများက သိလိုကြကြောင်း ကျိုင်းတုံမြို့ခံများက မဲခေါင်သို့ ပြောသည်။

ယင်းဆိုင်ခန်းများကို ရေပူစမ်းကွင်းတာဝန်ခံ ဦးမိုး၊ ပြည့်တန်ဆာခေါင်းကျော်မင်းနှင့် မင်းမင်းထွန်းတို့မှ တာဝန်ယူ ဖွင့်လှစ်လျက်ရှိပြီး ယင်းဆိုင်ခန်းများကို ပြင်ဆင်စရိတ်နှင့် နေပြည်တော်ကို ဂါရဝကြေးအဖြစ် တခန်းလျှင် သိန်း ၃၀၀ တောင်းယူထားပြီး ဖြစ်သည့်အပြင် ဆိုင်ခန်းတစ်ခန်းအတွက် လိုင်းကြေး ၁၁ သိန်း၊ ဆိုင်ခန်းငှားခ ၁၀ သိန်းနှုန်းဖြင့် တစ်လ ၂၁ သိန်းပေးထားရသည်ဟု သတင်းများထွက်ပေါ်နေကြောင်း သိရသည်။

“သူတို့ပြောတာက တရားဝင်ဖွင့်ခွင့်ရထားတာဖြစ်လို့ တိုင်းမှူးကိုတောင် ဂရုစိုက်စရာ မလိုဘူးလို့ပြောနေတာ။ တြိဂံတိုင်းစစ်ဌာနချုပ်အနေနဲ့ တကယ်ပဲ တရားဝင်လုပ်ပိုင်ခွင့် ပေးထားပြီလားဆိုတာ မြို့နေလူထုအနေနဲ့ သိချင်နေတာ” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ယင်းပြည့်တန်ဆာခန်းများကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလ ၉ ရက်က ဒုတိုင်းမှူးမှ ကြီးကြပ်ကွပ်ကဲ၍ နှင်ထုတ်ထားပြီးဖြစ်ကြောင်း၊ ယခုအခါ ယင်းဆိုင်ခန်းများတွင် မူးယစ်ဆေးဝါးများပါ ရလာကြောင်း ဒေသခံများထံမှ သိရသည်။

“အရင်က မိန်းမလောက်နဲ့ အရက်လောက်ပဲ။ ခုက ဟက်ပီးဝါးတားလို မူးယစ်ဆေးစုံရလာပြီ၊ လာတဲ့သူတွေကလည်း တပ်နဲ့ဌာနစုံက ကြီးကြီးတွေပါပဲ။ ရှယ်ယာပါတယ်တောင် ကြားတယ်” ဟု ကျိုင်းတုံဒေသခံတစ်ဦးက ပြောသည်။

ယခုလ စက်တင်ဘာ ၁ ရက်နေ့က ယင်းဆိုင်ခန်းများ၌ ပြည့်တန်ဆာခန်းများ ပြန်လည် လုပ်ကိုင်ဖွင့်လှစ်လာသည်မှာ ယခုဆိုရင် အခန်း ၂၀ နီးပါး ရှိနေပြီဟု ယင်းဒေသခံက မဲခေါင်သို့ ပြောသည်။

ကျိုင်းတုံမြို့သည် တြိဂံဒေသစစ်တိုင်းဌာနချုပ် အခြေစိုက်ရာမြို့ဖြစ်ပြီး ပြည်နယ်ခွဲအုပ်ချုပ်ရေးအဆင့်ရှိရာ ရှမ်းအရှေ့မြို့တော်လည်း ဖြစ်သည်။

#MeKongNews
#ကျိုင်းတုံ
#တြိဂံဒေသတိုင်း
#ပြည့်တန်ဆာ
#ရှမ်းအရှေ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now