နေ့စဥ်သတင်း

ရွာငံ၌ စစ်တပ်နှင့် ပျူစောထီးများ ဖြန့်ခွဲတပ်စွဲကာ ပြည်သူများကို ညှဥ်းပမ်းနှိပ်စက်နေ၊ မင်းပလောင်ရွာကိုလည်း ထပ်မံမီးရှို့

မဲခေါင် 5 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၅ စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များက အင်အားဖြန့်ခွဲပြီး ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံနယ်အတွင်းရှိ ရွာများတွင် ရွာစဥ်လိုက် တပ်စွဲကာ ကျေးရွာများရှိ ပြည်သူများကို ဖမ်းဆီးရိုက်နှက်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ ကလောအခြေစိုက် တပ်မ ၅၅ မှ ဗျူဟာစစ်ကြောင်း နှင့် ရွာငံနယ်၊ မြင်းကျဒိုးရွာသား ဝင်းမြင့်ဆိုသူ ဦးဆောင်သည့် ပျူစောထီးအဖွဲ့ပူးပေါင်းအင်အား ၅၀၀ ခန့်သည် ရွာငံ ကားလမ်းမ တစ်လျှောက်နှင့် အနီး ဝန်းကျင်ကျေးရွာများ၌ တစ်ရွာလျင် ၅ဦး မှ ၁၀ဦးအထိ ဖြန့်ခွဲထားရှိကာ ပြည်သူအများ ရွာအပြင် ထွက်ခွင့်မပြုခြင်း၊ ဖုန်းများကို အချိန်မရွေးစစ်ဆေးနေခြင်း၊ လူသုံးကုန်နှင့် ရိက္ခာများ သယ်ဆောင်ခွင့် မပေးခြင်း စသည့်များအပြင်

မဲခေါင်၊ စက်တင်ဘာ ၅

စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များက အင်အားဖြန့်ခွဲပြီး ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံနယ်အတွင်းရှိ ရွာများတွင် ရွာစဥ်လိုက် တပ်စွဲကာ ကျေးရွာများရှိ ပြည်သူများကို ဖမ်းဆီးရိုက်နှက်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

ကလောအခြေစိုက် တပ်မ ၅၅ မှ ဗျူဟာစစ်ကြောင်း နှင့် ရွာငံနယ်၊ မြင်းကျဒိုးရွာသား ဝင်းမြင့်ဆိုသူ ဦးဆောင်သည့် ပျူစောထီးအဖွဲ့ပူးပေါင်းအင်အား ၅၀၀ ခန့်သည် ရွာငံ ကားလမ်းမ တစ်လျှောက်နှင့် အနီး ဝန်းကျင်ကျေးရွာများ၌ တစ်ရွာလျင် ၅ဦး မှ ၁၀ဦးအထိ ဖြန့်ခွဲထားရှိကာ ပြည်သူအများ ရွာအပြင် ထွက်ခွင့်မပြုခြင်း၊ ဖုန်းများကို အချိန်မရွေးစစ်ဆေးနေခြင်း၊ လူသုံးကုန်နှင့် ရိက္ခာများ သယ်ဆောင်ခွင့် မပေးခြင်း စသည့်များအပြင် မသင်္ကာပါက ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်နေသည်ဟု ဒေသခံများက မဲခေါင်သို့ ပြောသည်။

“၃၀၀ ဝန်းကျင်လောက်ပါ။ သူတို့က မင်းပလောင်၊ ကျောက်တောကို မဝင်ခင် ရပ်ရွာတွေမှာ နည်းနည်းစီ အထိုင်ချပြီး ပိတ်ဆို့ထားတာပါ” ဟု ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။

PDF များကို ကူညီနေသည်ဟု ဆိုကာ မင်းပလောင်ရွာနှင့် ကျောက်တောရွာမှ ရွာသားများ ယာယီနေထိုင်နေသည့် မိုးကာတဲများကို မီးရှို့ ဖျက်စီးခဲ့ပြီး ယင်းရွာများတွင် ပင်မအင်အား ၃၀၀ ခန့်ဖြင့် တပ်စွဲထားပြီး ဘေးပတ်ဝန်းကျင်သို့ ဒရုန်းဖြင့် ထောက်လှန်း၍ ဗုံးချခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း၌ပင် မင်းပလောင်ရွာမှ အိမ်ခြေ ၂၀၀ နီးပါးကို စစ်တပ်မှ မီးရှို့ဖျက်စီးခဲ့သဖြင့် ကျေးရွာနေပြည်သူ ၇၀၀ ခန့်မှာ တောတောင်များထဲ ထွက်ပြေးခဲ့ရပြီး ယာယီတဲများဖြင့် ဖြစ်သလို နေထိုင်နေသည်ကို စစ်တပ်နှင့် ပျူစောထီးများက ယခုတစ်ဖန် ထပ်မံ မီးရှို့ပြန်ကြောင်း သိရသည်။​

ပြီးခဲ့သည့် တစ်ပတ်တာကာလအတွင်း စစ်တပ်နှင့် ပျူစောထီးများ စစ်ကြောင်းထိုးလာသည့်အတွက် PDF များမှ ပျောက်ကြားနည်းဖြင့် ခုခံတိုက်ခိုက်ကာ ရွာများနှင့် ဝေးရာ တောတောင်များ၌ လှုပ်ရှားနေကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ရွာငံ ပျူစောထီးဝင်းမြင့်နှင့် အပေါင်းပါများသည် ပြည်သူ့အိမ်ယာများမှ ၎င်းတို့ လိုချင်သည်များကို အဓမ္မလုယက်ကာ ချမ်းသာလာကြောင်း ဒေသခံများက ပြောသည်။

ကလောအခြေစိုက် တပ်မ၅၅ မှ ဗျူဟာအဆင့် စစ်ကြောင်းများဖြင့် ဒေသခံဌာနေ ပျူစောထီးများ၏ အကူအညီကို ရယူကာ ရွာငံနယ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်နေခြင်းဖြစ်သည်။

မဟာ
#MeKongNews
#ရွာငံမြို့နယ်
#မင်းပလောင်
#တပ်မ၅၅
#ပျူစောထီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now