နေ့စဥ်သတင်း

တာချီလိတ် နန်းရွှေကျင်းရွှေဆိုင် ဘောင်ချာဖြင့် ပြန်ရောင်းသော်လည်း ဈေးနှိမ်သဖြင့် ဝယ်သူများဝေဖန်

မဲခေါင် 4 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၄ ရွှေဈေးအတက်ပြနေသော်လည်း ဝယ်ထားသည့်ရွှေများကို ဘောင်ချာဖြင့် ပြန်လည်ရောင်းချရာ၌ပင် အရှုံးများနေသည့်အတွက် တာချီလိတ်မြို့ပေါ်တွင် ဖွင့်ထားသည့် နန်းရွှေကျင်းရွှေဆိုင်ကို ဝယ်ယူသူများက ဝေဖန်မှု မြင့်တက်နေသည်။ ယင်းရွှေဆိုင်မှ ရက်ပိုင်း၊ လပိုင်းအတွင်းဝယ်ယူသွားကြသည့် ရွှေထည်များ ​အရောင်ကျွတ်ခြင်း၍ မကြိုက်တော့ခြင်း၊ ငွေလိုအပ်ခြင်းတို့ကြောင့် ​နန်းရွှေကျင်းဆိုမှ ဝယ်ယူထားသည့် ဘောက်ချာဖြင့်ပြန်ရောင်းသော်လည်း စျေးနှိမ်ဝယ်ယူနေသည်ဟု အများပြည်သူက ပြောဆိုနေကြခြင်းဖြစ်သည်။ မကြာမီက ယင်းဆိုင်မှ ရွှေထည်ဝယ်ယူခဲ့သူတစ်ဦးက ဈေးနှိမ်ဝယ်ယူသည့်အတွက် လူမှုကွန်ယက်တွင် ဝေဖန်ရေးသားခဲ့ရာ အလားတူကြုံတွေ့ခဲ့ရသူများက ဝိုင်းဝန်းမှတ်ချက်ပေးခဲ့ပြီး မှတ်ချက်ပေါင်း ၂၅၀ နီးပါးရှိခဲ့သည်။ “နန်းရွှေကျင်းကိုက ဈေးနှိမ်တာ။ တိုင်းရင်းသားတွေ မသိနားမလည်ဘူးဆိုပြီး အဲဒီလိုလုပ်သလား မသိဘူး။ အခုမှ သိရတာ ခံတဲ့သူက ကိုယ်တစ်ယောက်ထဲမဟုတ်ဘူး။ အများကြီးပဲ” ဟု

မဲခေါင်၊ စက်တင်ဘာ ၄

ရွှေဈေးအတက်ပြနေသော်လည်း ဝယ်ထားသည့်ရွှေများကို ဘောင်ချာဖြင့် ပြန်လည်ရောင်းချရာ၌ပင် အရှုံးများနေသည့်အတွက် တာချီလိတ်မြို့ပေါ်တွင် ဖွင့်ထားသည့် နန်းရွှေကျင်းရွှေဆိုင်ကို ဝယ်ယူသူများက ဝေဖန်မှု မြင့်တက်နေသည်။

ယင်းရွှေဆိုင်မှ ရက်ပိုင်း၊ လပိုင်းအတွင်းဝယ်ယူသွားကြသည့် ရွှေထည်များ ​အရောင်ကျွတ်ခြင်း၍ မကြိုက်တော့ခြင်း၊ ငွေလိုအပ်ခြင်းတို့ကြောင့် ​နန်းရွှေကျင်းဆိုမှ ဝယ်ယူထားသည့် ဘောက်ချာဖြင့်ပြန်ရောင်းသော်လည်း စျေးနှိမ်ဝယ်ယူနေသည်ဟု အများပြည်သူက ပြောဆိုနေကြခြင်းဖြစ်သည်။

မကြာမီက ယင်းဆိုင်မှ ရွှေထည်ဝယ်ယူခဲ့သူတစ်ဦးက ဈေးနှိမ်ဝယ်ယူသည့်အတွက် လူမှုကွန်ယက်တွင် ဝေဖန်ရေးသားခဲ့ရာ အလားတူကြုံတွေ့ခဲ့ရသူများက ဝိုင်းဝန်းမှတ်ချက်ပေးခဲ့ပြီး မှတ်ချက်ပေါင်း ၂၅၀ နီးပါးရှိခဲ့သည်။

“နန်းရွှေကျင်းကိုက ဈေးနှိမ်တာ။ တိုင်းရင်းသားတွေ မသိနားမလည်ဘူးဆိုပြီး အဲဒီလိုလုပ်သလား မသိဘူး။ အခုမှ သိရတာ ခံတဲ့သူက ကိုယ်တစ်ယောက်ထဲမဟုတ်ဘူး။ အများကြီးပဲ” ဟု ကိုယ်တိုင်ကြုံတွေ့ရသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

အလားတူယင်းဆိုင်မှပင် ဝယ်ယူခဲ့သူတစ်ဦးကလည်း “နားကပ်လုပ်တာ ရွှေစျေး ၃၀၀၀၀ (ဘတ်) ကျော်တုန်းက၊ ခု ရွှေစျေး ၅၀၀၀၀ (ဘတ်) မှာပြန်သွားရောင်းတာကို ၁၅၀၀ ရှု့းတယ်။ မရောင်းတော့ဘူးဆိုပြီး ထွက်လာပြီး အခြားဆိုင်သွားရောင်းတာ ရွှေရည်က မပြည့်ဘူးတဲ့။ အရင်းတောင်မရဘူး၁၀၀၀ ရှုံးခဲ့တယ်” ဟု မှတ်ချက်ပြုသည်။

ဝယ်ယူရောင်းချသူများကဲ့သို့ အခြားသုံးစွဲသူ အများအပြားကလည်း နန်းရွှေကျင်း ရွှေဆိုင်ကို အခြားဆိုင်များနှင့် နှိုင်းယှဥ်ပြီး ဝေဖန်နေကြသည်။

ရွှေဆိုင်များတွင် ရွှေထည်ဝယ်ယူပါက အလျော့တွက်၊ လက်ခရှိပြီး ပြန်ရောင်းပါက ယင်းအလျော့တွက်နှင့် လက်ခံ ရှုံးလေ့ရှိကြောင်း၊ ထိုအကြောင်းကို ရွှေဝယ်ယူစဉ်ကပင် ဆိုင်ဘက်မှ ရှင်းပြရမည်ဖြစ်ကြောင်း၊ သို့သော် တာချီလိတ်က ရွှေဆိုင်လုပ်ရပ်မှာ ပိုပိုသာသာ ဈေးနှိမ်သကဲ့သို့ဖြစ်နေကြောင်း ရန်ကုန်အခြေစိုက် ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပေးသည်။

နန်းရွှေကျင်ရွှေဆိုင်မှာ တာချီလိတ်မြို့ပေါ်တွင်ရှိ ဝမ်ကောင်းရပ်ကွက်၌ ၂ဆိုင်၊ မကာဟိုခမ်းပါလျံ နှင့် ဆန်ဆိုင်း (ခ) ရပ်ကွက်များ၌ တစ်ဆိုင်စီဆိုင်ခွဲများရောင်းချနေပြီး တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းဆတ်၊ မိုင်းတုံမြို့များရှိ ရွှေဆိုင်များ အားလုံးကိုယ်စား ရွှေစျေးနှုန်းထုတ်ပြန်နေသည့် ရွှေဆိုင်ဖြစ်ကြောင်း သိရသည်။

ယင်းရွှေဆိုင်ပိုင်ရှင် အမျိုသားမှာ တာချီလိတ်မြို့နယ် ရွှေအသင်းဥက္ကဌဖြစ်ကြောင်းလည်း သိရသည်။

#MeKongNews
#တာချီလိတ်
#နန်းရွှေကျင်း
#ရွှေအသင်းဥက္ကဌ
#ဈေးနှိမ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်ဘက်မှ ကျားဖြန့်လုပ်ငန်းအချို့ နမ့်ခမ်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများအပေါ် ဖိအားများလာပြီးနောက် အဆိုပါ လုပ်ငန်းအချို့ နမ့်ခမ်းမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းအခြေချလာနေကြောင်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၂၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave 125 ဆိုင်ကယ် ၄ စီးနှင့် ဆိုင်ကယ် အရောင်ပြောင်းရန် အသုံးပြုသည့် မှုတ်ဆေးဘူး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now