နေ့စဥ်သတင်း

လဲချားမြို့နယ်အတွင်းရှိ ဝမ်ပန်ပြည်သူ့စစ်က ကျားဖြန့်များကို ကာကွယ်ပေးနေ

မဲခေါင် 20 Aug - 2025
မဲခေါင်၊ သြဂုတ် ၂၀ ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်မှ ၇၅၈ ဝမ်ပန်ပြည်သူ့စစ်သည် ကွတ်တောင်းနှင့် လွယ်တီးရှိ ကျားဖြန့် လုပ်ငန်းများကို ပြည်သူ့စစ်ဝတ်စုံ ဝတ်ဆင်စေကာ အကာအကွယ်ပေးနေသည်ဟု ဒေသခံများက မဲခေါင်သို့ ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက သတင်းပေါက်ကြားမှုကြောင့် ကျိုင်းတုံနှင့် မိုင်းနောင်မှ စစ်တပ် စစ်ကြောင်းများ လိုက်လံရှာဖွေသော်လည်း ပြည်သူ့စစ်ခေါင်းဆောင် စိုင်းဆေးစင့်က နေရာဟောင်းများကိုသာ လိုက်ပြခဲ့ပြီး မရှိတော့ကြောင်း လိမ်ညာခဲ့သည် ဟု ဒေသခံသတင်းအရင်းအမြစ်က ပြောသည်။ “ကြားတာတော့ စစ်ကြောင်းတွေ တောနင်းရှာမှာကို ခိုလမ် ရလခတိုင်းမှူးက ဟန့်တားတယ်ကြားတယ်။ လဲချားဗျူဟာနဲ့လည်း စိုင်းဆေးစင့်က အဆင်ပြေနေတော့လေ။ ကျားဖြန့်တွေကတော့ ဝမ်ပန်၊ နောင်ဟင်၊ နားနိုင်းဘက်တွေမှာလည်း ရှိနေတယ်” ဟု ၎င်းက

မဲခေါင်၊ သြဂုတ် ၂၀

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်မှ ၇၅၈ ဝမ်ပန်ပြည်သူ့စစ်သည် ကွတ်တောင်းနှင့် လွယ်တီးရှိ ကျားဖြန့် လုပ်ငန်းများကို ပြည်သူ့စစ်ဝတ်စုံ ဝတ်ဆင်စေကာ အကာအကွယ်ပေးနေသည်ဟု ဒေသခံများက မဲခေါင်သို့ ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက သတင်းပေါက်ကြားမှုကြောင့် ကျိုင်းတုံနှင့် မိုင်းနောင်မှ စစ်တပ် စစ်ကြောင်းများ လိုက်လံရှာဖွေသော်လည်း ပြည်သူ့စစ်ခေါင်းဆောင် စိုင်းဆေးစင့်က နေရာဟောင်းများကိုသာ လိုက်ပြခဲ့ပြီး မရှိတော့ကြောင်း လိမ်ညာခဲ့သည် ဟု ဒေသခံသတင်းအရင်းအမြစ်က ပြောသည်။

“ကြားတာတော့ စစ်ကြောင်းတွေ တောနင်းရှာမှာကို ခိုလမ် ရလခတိုင်းမှူးက ဟန့်တားတယ်ကြားတယ်။ လဲချားဗျူဟာနဲ့လည်း စိုင်းဆေးစင့်က အဆင်ပြေနေတော့လေ။ ကျားဖြန့်တွေကတော့ ဝမ်ပန်၊ နောင်ဟင်၊ နားနိုင်းဘက်တွေမှာလည်း ရှိနေတယ်” ဟု ၎င်းက ပြောသည်။

လဲချား (၇၅၈)ဝမ်ပန်ပြည်သူ့စစ် စိုင်းဆေးစင့် သည် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်များကို နောင်ဟင်ပြည်သူ့စစ် ဝတ်စုံ အကာအကွယ်ဖြင့် ဆက်လက်နေထိုင် အလုပ်လုပ်ခွင့်ပြုနေကြောင်း သိရသည်။

အလားတူ စိုင်းကောဆိုသူကို လုံခြုံရေးတာဝန်ပေးထားပြီး နားနိုင်းရွာအနီးတွင်လည်း ကျားဖြန့်လုပ်ငန်းများ ရှိနေသည်ဟု ဆိုသည်။

စိုင်းဆေးစင့်သည် ၇၅၈ ဝမ်ပန်ပြည်သူ့စစ်အကြီး အကဲဖြစ်ပြီး လုပ်ငန်းအားလုံးကို ဒေသဆိုင်ရာ စစ်ဖက်၊ အရပ်ဘက်များနှင့် အပေးအယူ နားလည်မှုများဖြင့် ပြုလုပ်နေသည်ဟု အကြောင်းသိ ဒေသခံများထံက စုံစမ်းသိရသည်။

၇၅၈ ပြည်သူ့စစ်သည် စစ်တပ်၏ လက်အောက်ခံဖြစ်ပြီး ဒေသအရ ဝမ်ပန်၊ နားပွဲ စသည်ဖြင့် ဖွဲ့စည်းထားရှိပြီး ရှမ်ပြည်တောင်ပိုင်း နမ့်စန်၊ မိုင်းကိုင်၊ ကျေးသီးများဘက်၌ ဖွဲ့စည်းထားရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၂ နှင့် ၂၃ ရက်များကလည်း သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် နားပြဲ ကျေးရွာအုပ်စု ခေးနင်းကျေးရွာနှင့် လဲချားမြို့နယ် နမ့်ဟူးဘုရားဂူ အကြားရှိ ၇၅၈ ပြည်သူ့စစ်တပ်ဖွဲ့(နားပွဲ)၏ မူးယစ်ဆေးဝါးထုတ်လုပ်သည့် စက်ရုံအား ခလရ ၁၅၂ မှ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့သေးကြောင်း သိရသည်။

#MeKongNews
#လဲချားမြို့နယ်
#ဝမ်ပန်ပြည်သူ့စစ်
#၇၅၈ပြည်သူ့စစ်
#ကျားဖြန့်လုပ်ငန်း
#ရှမ်းပြည်တောင်ပိုင်း
#ခိုလမ်ရလခတိုင်းမှူး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now