နေ့စဥ်သတင်း

တာချီလိတ် ရေထပ်ကြီးနေ

မဲခေါင် 16 Aug - 2025
မဲခေါင်၊ သြဂုတ် ၁၆ မယ်ဆိုင်ချောင်းရေမှာ ယနေ့ ဩဂုတ်လ ၁၆ ရက် နံနက် ၈ နာရီခန့်တွင် စိုးရိမ်ရေမှတ်ကို တစ်ပေခန့်ကျော်လွန် ရောက်ရှိနေပြီး တာချီလိတ်မြို့၏ ရပ်ကွက်အချို့တွင် ရေကြီးနေသည်။ ​ချောင်းအနီးရပ်ကွက်များဖြစ်သည့် တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက် ၊ဆန်ဆိုင်း (က)ရပ်ကွက်နှင့် မယ်ခေါင်ရပ်ကွက်များရှိ နေအိမ်များနှင့် လမ်းများအတွင်းရေများဝင်ရောက်နေကြောင်း သိရသည်။ တာချီလိတ်မြို့မှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ရေကြီးမှုဒဏ်ခံခဲ့ရပြီး ယခုအခါ ထပ်မံကြုံတွေ့ရခြင်းဖြစ်သည်။ မယ်ဆိုင်ချောင်းရေမြင့်တက်ပြီး တာချီလိတ်မြို့ ရေဘေးဒဏ်ခံရသည့် အဓိကအကြောင်းအရင်းမှာ မယ်ဆိုင်ချောင်းမြစ်ဖျားခံရာ မိုင်းဆက်မြို့နယ်ဘက်တွင် သစ်တောပြုန်းတီးခြင်းနှင့် အဆင်အချင်မဲ့ သတ္တုတူးဖော်ခြင်းများကြောင့် ဖြစ်ကြောင်း ဒေသခံသဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတစ်ဦးက ထောက်ပြသည်။ “ဒီပြဿနာရဲ့အရင်းအမြစ်က မိုင်းဆတ်ဘက်မှာပဲ။ မယ်ဆိုင်ချောင်းမြစ်ဖျားခံတဲ့လွယ်ဆန်ဆွန်တောင် မိုးများရင်

မဲခေါင်၊ သြဂုတ် ၁၆

မယ်ဆိုင်ချောင်းရေမှာ ယနေ့ ဩဂုတ်လ ၁၆ ရက် နံနက် ၈ နာရီခန့်တွင် စိုးရိမ်ရေမှတ်ကို တစ်ပေခန့်ကျော်လွန် ရောက်ရှိနေပြီး တာချီလိတ်မြို့၏ ရပ်ကွက်အချို့တွင် ရေကြီးနေသည်။

​ချောင်းအနီးရပ်ကွက်များဖြစ်သည့် တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက် ၊ဆန်ဆိုင်း (က)ရပ်ကွက်နှင့် မယ်ခေါင်ရပ်ကွက်များရှိ နေအိမ်များနှင့် လမ်းများအတွင်းရေများဝင်ရောက်နေကြောင်း သိရသည်။

တာချီလိတ်မြို့မှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ရေကြီးမှုဒဏ်ခံခဲ့ရပြီး ယခုအခါ ထပ်မံကြုံတွေ့ရခြင်းဖြစ်သည်။

မယ်ဆိုင်ချောင်းရေမြင့်တက်ပြီး တာချီလိတ်မြို့ ရေဘေးဒဏ်ခံရသည့် အဓိကအကြောင်းအရင်းမှာ မယ်ဆိုင်ချောင်းမြစ်ဖျားခံရာ မိုင်းဆက်မြို့နယ်ဘက်တွင် သစ်တောပြုန်းတီးခြင်းနှင့် အဆင်အချင်မဲ့ သတ္တုတူးဖော်ခြင်းများကြောင့် ဖြစ်ကြောင်း ဒေသခံသဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတစ်ဦးက ထောက်ပြသည်။

“ဒီပြဿနာရဲ့အရင်းအမြစ်က မိုင်းဆတ်ဘက်မှာပဲ။ မယ်ဆိုင်ချောင်းမြစ်ဖျားခံတဲ့လွယ်ဆန်ဆွန်တောင် မိုးများရင် တာချီလိတ်မိုးမရွာရင်တောင် ၆နာရီလောက်အကြာ တောင်ကျရေဆင်းတာပဲ။ သဘာဝတောတွေ သစ်ပင်တွေ ပြုန်းတော့ မြေတွေ၊ မြေအောက်ရေတွေ မထိန်းနိုင်တော့ ချောင်းရေတိုး၊ နုံးတွေကျတယ်၊ တခါ နုံးတွေက ချောင်းကြမ်းပြင်ကို မြင့်တက်စေတော့ ရေနဲနဲကျတာနဲ့ရေကြီးပါပြီ” ဟု ​၎င်းက မဲခေါင်သို့ ပြောသည်။

မယ်ဆိုင်ချောင်း မြစ်ဖျားခံရာ မိုင်းဆတ်ဒေသတွင် သဘာဝပေါက်ပင်တောများ ပြုန်းတီးသွားမှု၊ အထိန်းအကွပ်မဲ့ပရမ်းပတာ တရားမဝင် သတ္တုတူးဖော်မှုများကြောင့်ဖြစ်သဖြင့် ယင်းပြဿနာအရင်းအမြစ်များကို ဖြေရှင်းနိုင်မှသာ တာချီလိတ် ရေကြီး၊ နုံးတင်မှုကို ဖြေရှင်းနိုင်မည်ဟု ဆိုသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ရာသီဥတုပြောင်းလဲမှုများ၊ ရေကြီးရေလျှံမှုများ၊ နုံးတင်မှုများမှာ ရွှေတူးဖော်မှုများကြောင့် ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က မကြာခဏ ဝေဖန်ထောက်ပြနေသည်။

ထိုင်းအစိုးရ၏ လေ့လာမှုများကလည်း မယ်ဆိုင်တွင်ဖြစ်ပေါ်ခဲ့သော ရေကြီးမှုအတွင်း မကြုံစဖူး နုံးမြေများတင် ကျန်မှုသည် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ‌ ရွှေတူးဖော်မှုများကြောင့်ဟု ထောက်ပြပြောဆိုထားသည်။

#MeKongNews
#တာချီလိတ်
#မယ်ဆိုင်ချောင်း
#ရေကြီး
#သစ်တောပြုန်းတီးမှု
#သတ္တုတူးဖော်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now