မဲခေါင်၊ ဇူလိုင်လ ၂၃
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၃ နာရီတွင် တိုင်းတာချက်အရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ် (လွယ်တော်ခမ်းကျေးရွာ)တွင် စိုးရိမ်ရေ အမှတ် အောက် ၁ပေခန့်သို့ ရောက်ရှိလာသဖြင့် သတိနှင့် နေထိုင်ကြရန် မိုးဇေလက အသိပေးထုတ်ပြန်ထားသည်။
တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီး နှင့် မြေနှိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန် နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီ ရှောင်ရှားနိုင်ရန် သတိပေးကြောင်း ဖော်ပြထားသည်။
မယ်ဆိုင်ချောင်းရေသည် တာချီလိတ် (လွယ်တော်ခမ်းကျေးရွာ) အနီးတွင် စိုးရိမ်ရေအမှတ် အောက် ၁ပေ ခန့်သို့ ရောက်ရှိနေပါသဖြင့် နောက် ၁၂နာရီအတွင်း ယင်မြို့၏ စိုးရိမ်ရေအမှတ် အထက်ကို ကျော်လွန်ရောက်ရှိနိုင်ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့မှ စတင်ကာ ဝီဖာမုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်အရှေ့ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကို ရင်ဆိုင်နေရပြီး မယ်ဆိုင်ချောင်းရေသည်လည်း မြင့်တက်လာနေခြင်း ဖြစ်သည်။
ဖေသန်း
#MeKongNews
#မယ်ဆိုင်ချောင်း
#တာချီလိတ်
#ဝီဖာ
#ရှမ်းပြည်အရှေ့ပိုင်း
#စိုးရိမ်ရေမှတ်
#ရေကြီးမှု







