နေ့စဥ်သတင်း

ကာလိတွင် ကျားဖြန့်များ ပြန်လည်လည်ပတ်နေပြီး အလုပ်သမားများကိုလည်း နှိပ်စက်နေ

မဲခေါင် 27 May - 2025
မဲခေါင်၊ မေ ၂၇ ၁၀၂၇ စစ်ဆင်ရေးဖြစ်ကာစတွင် ကာလိဘက်သို့ ပြောင်းရွှေ့လာသည့် ကျားဖြန့်လုပ်ငန်းများမှာ လုပ်ငန်းပြန်လည် လည်ပတ်နေပြီဖြစ်ပြီး အလုပ်သမားများကိုလည်း ရိုက်နှက်ညှင်းပန်းမှုများပြုလုပ်နေကြောင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။ ယင်းကျားဖြန့်လုပ်ငန်းများကို ကာလိပြည်သူ့စစ်က အကာအကွယ်ပေးထားပြီး ပြောင်းရွှေ့လာစဉ်က ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိသော်လည်း ယခုအခါ ပြန်လည်လုပ်ကိုင်နေပြီဖြစ်ကြောင်း ရှမ်းပြည်သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောသည်။ “မြောက်ပိုင်း (၁၀၂၇ စစ်ဆင်ရေး) က စစဖြစ်ဖြစ်ချင်း ၁၀၀ လောက် လာခိုလှုံတာ၊ ပထမတုန်းက ဒီအတိုင်းခိုလှုံခွင့်ပေးထားတာ၊ အခုလုပ်‌နေပြီ။ ခြံစည်းအမြင့်၊ ကာကင်းမျှော်တွေ ဘာတွေနဲ့၊ တချို့ အလုပ်သမားတွေကိုလည်း ခိုင်းတဲ့အတိုင်း မလုပ်ရင် ကြိုးတုပ်နေလှန်းတာတွေလုပ်တယ်။ ရိုက်နှက်တယ်”ဟု ၎င်းက ပြောသည်။ ကာလိရှိ ကျားဖြန့်လုပ်ငန်းများတွင် အလုပ်သမားများကို

မဲခေါင်၊ မေ ၂၇

၁၀၂၇ စစ်ဆင်ရေးဖြစ်ကာစတွင် ကာလိဘက်သို့ ပြောင်းရွှေ့လာသည့် ကျားဖြန့်လုပ်ငန်းများမှာ လုပ်ငန်းပြန်လည် လည်ပတ်နေပြီဖြစ်ပြီး အလုပ်သမားများကိုလည်း ရိုက်နှက်ညှင်းပန်းမှုများပြုလုပ်နေကြောင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ယင်းကျားဖြန့်လုပ်ငန်းများကို ကာလိပြည်သူ့စစ်က အကာအကွယ်ပေးထားပြီး ပြောင်းရွှေ့လာစဉ်က ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိသော်လည်း ယခုအခါ ပြန်လည်လုပ်ကိုင်နေပြီဖြစ်ကြောင်း ရှမ်းပြည်သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောသည်။

“မြောက်ပိုင်း (၁၀၂၇ စစ်ဆင်ရေး) က စစဖြစ်ဖြစ်ချင်း ၁၀၀ လောက် လာခိုလှုံတာ၊ ပထမတုန်းက ဒီအတိုင်းခိုလှုံခွင့်ပေးထားတာ၊ အခုလုပ်‌နေပြီ။ ခြံစည်းအမြင့်၊ ကာကင်းမျှော်တွေ ဘာတွေနဲ့၊ တချို့ အလုပ်သမားတွေကိုလည်း ခိုင်းတဲ့အတိုင်း မလုပ်ရင် ကြိုးတုပ်နေလှန်းတာတွေလုပ်တယ်။ ရိုက်နှက်တယ်”ဟု ၎င်းက ပြောသည်။

ကာလိရှိ ကျားဖြန့်လုပ်ငန်းများတွင် အလုပ်သမားများကို ညှဥ်းပန်းနှိပ်စက်ရိုက်နှက်နေသည့် ပုံများ၊ ဗီဒီယိုများကိုလည်း မဲခေါင်သို့ ​ပြီးခဲ့သည့်ရက်ပိုင်းက ပေးပို့လာသည်။ (ဗီဒီယိုနှင့် ဓာတ်ပုံအပြည့်အစုံကို Telegram Channel -https://t.me/mekongnewsmm/35832 တွင် ကြည့်ရှု့နိုင်သည်)

ကာလိမှာ ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်လမ်း မကြီးပေါ်တွင်တည်ရှိပြီး ယခု ကျားဖြန့်နေရာမှာ ကာလိ၏ မြောက်ဘက်တွင် ရှိသည်ဟု ဆိုသည်။

ရှမ်းပြည်တောင်ပိုင်းရှိ ကာလိတွင် စစ်ကောင်စီ၏ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိသလို ဝမ်ဟိုင်းတွင်လည်း SSPP ဌာနချုပ်ရှိနေကာ ယခု ကျားဖြန့်နေရာသည် SSPP တပ်မဟာ ၇မှ အသွင်ပြောင်းသွားသည့် ပြည်သူစစ်အဖွဲ့ ၏ လှုပ်ရှားနယ်မြေအတွင်း ဖြစ်ကြောင်း သိရသည်။

ကျားဖြန့်လုပ်ငန်းများမှာ မြန်မာနိုင်ငံတွင် ဆက်လက်လည်ပတ်နေဆဲဖြစ်ပြီး ကရင်ပြည်နယ်၊ မြဝတီနှင့် ရှမ်းပြည်တို့တွင် ရှိနေဆဲဖြစ်ကြောင်း နောက်ထပ်သတင်းရင်းမြစ်တစ်ဦးကပြောသည်။

“KK PARK ထဲမှာ လှုပ်ရှားဆဲပဲ။ ရုံ နဲ့ တခြား DKBA ထိမ်းချုပ်နယ်မြေတွေဖက် ပျံ့သွားတာတွေနဲ့ဆို ၂၀၀ နီးပါး လည်ပတ် နေဆဲပါ။ ဥပမာ ရထိုက် ခေါ် Yan Tai လား၊ သူ့က ခေါင်းဆောင် ဖမ်းခံနေရပေမယ့် သူ့လက်ထောက် ညီက ဆက်လက် လှုပ်ရှားနေဆဲပါ။ မန်း နဲ့ မူဆယ်၊ တန့်ယန်း မြို့တွေမှာ လက်ခွဲတွေ ရှိနေဆဲပါ” ဟု ၎င်းကမဲခေါင်ကို ပြောသည်။

လက်ရှိတွင် မြဝတီတွင် ကျားဖြန့်များကို ဖမ်းဆီးနေသည်ဆိုသော်လည်း မြဝတီရှိကျားဖြန့် လုပ်ငန်းခွင်များအတွက် အလုပ်ခေါ်ယူမှုများ ဆက်လက်ရှိနေဆဲဖြစ်သလို တရုတ်နိုင်ငံမှ ကျားဖြန့်ကင်းစင်ပြီဟု ပြောဆိုထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်တွင်လည်း ကျားဖြန့်လုပ်ငန်းများ ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။

မဟာ
#MeKongNews
#ကျားဖြန့်
#ရှမ်းတောင်
#ကာလိ
#ကာလိပြည်သူ့စစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now