နေ့စဥ်သတင်း

တာချီလိတ်တွင် လိုင်စင်မဲ့ကားများ ဖမ်းဆီးနေပြန်

မဲခေါင် 3 May - 2025
မဲခေါင်၊ မေ ၃ တာချီလိတ်မြို့ရှိ ကားရေဆေးခုံများ၊ ကားအရာင်းပြခန်းများတွင် လိုင်စင်မဲ့ကားများကို မေလ ၂ ရက်၌ လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီ၏ အဖွဲ့စုံပါသည့်အဖွဲ့များဖြင့် လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး ဆန်ဆိုင်း (က) ရပ်ကွက်အတွင်းရှိ KK ကားဆားဗစ်စင်တာမှ ကားများကို ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “လိုက်ဖမ်းမယ်တော့ ပြောနေသံကြားတယ်။ အခုက အဖမ်းခံရတဲ့လူကလည်း ဘာမှ အသံမထွက်ရဲဘူး။ လူတွေလည်း အစစအရာရာ ဒုက္ခရောက်နေကြတယ်” ဟု ၎င်းကပြောသည်။ KK ကားဆားဗစ်စင်တာမှ ကား ၁၃စီးဖမ်းဆီးသွားကြောင်း နီးစပ်သူတစ်ဦးက ပြောပြီး စစ်ကောင်စီထုတ်ပြန်ချက်တွင်မူ ၁၂ စီး ဖမ်းဆီးရမိကြောင်း ကြေညာထားသည်။ စစ်ကောင်စီအာဘော် မြဝတီသတင်းတွင် မေလ

မဲခေါင်၊ မေ ၃

တာချီလိတ်မြို့ရှိ ကားရေဆေးခုံများ၊ ကားအရာင်းပြခန်းများတွင် လိုင်စင်မဲ့ကားများကို မေလ ၂ ရက်၌ လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ၏ အဖွဲ့စုံပါသည့်အဖွဲ့များဖြင့် လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး ဆန်ဆိုင်း (က) ရပ်ကွက်အတွင်းရှိ KK ကားဆားဗစ်စင်တာမှ ကားများကို ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လိုက်ဖမ်းမယ်တော့ ပြောနေသံကြားတယ်။ အခုက အဖမ်းခံရတဲ့လူကလည်း ဘာမှ အသံမထွက်ရဲဘူး။ လူတွေလည်း အစစအရာရာ ဒုက္ခရောက်နေကြတယ်” ဟု ၎င်းကပြောသည်။

KK ကားဆားဗစ်စင်တာမှ ကား ၁၃စီးဖမ်းဆီးသွားကြောင်း နီးစပ်သူတစ်ဦးက ပြောပြီး စစ်ကောင်စီထုတ်ပြန်ချက်တွင်မူ ၁၂ စီး ဖမ်းဆီးရမိကြောင်း ကြေညာထားသည်။

စစ်ကောင်စီအာဘော် မြဝတီသတင်းတွင် မေလ ၂ ရက်၊ နေ့လယ်ပိုင်းက တာချီလိတ်မြို့၊ ဆန်ဆိုင်း (က)ရပ်ကွက်၊ ပုံလို့လမ်းရှိ ဦးအားမြင့် ပိုင် KK Car Service တွင် တရားမဝင် အကောက်ခွန်မဲ့၊ လိုင်စင်မဲ့ယာဉ်များရှိကြောင်း သတင်းအရ ဝင်ရောက်စစ်ဆေးရာ Honda CRV / Alphard ကဲ့သို့သော မော်တော်ယဥ် ၁၂ စီးကို သိမ်းဆည်းရမိကြောင်း၊ ယင်းဖမ်းဆီးမှုနှင့် ပတ်သက်၍ ဦးအားမြင့် ခြံဝန်းအတွင်း တရားမဝင် အကောက်ခွန်မဲ့ မော်တော်ယာဥ်များအား တင်သွင်းသိမ်းဆည်းထားသည့် ဦးအားချန်အား ပို့ကုန်၊ သွင်းကုန် ဥပဒေဖြင့် တာချီလိတ် မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ဖော်ပြထားသည်။

တာချီလိတ်မြို့အပါအဝင် ရှမ်းပြည်အနှံ့၌ လိုင်စင်မဲ့ယာဉ်များကိုသာ အားပြုစီးနင်းနေခြင်းဖြစ်သော်လည်း ယခုလပိုင်းအတွင်း ရှမ်းအရှေ့နှင့် ရှမ်းတောင်ရှိ မြို့နယ်များတွင် စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုများ တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေသည့်အတွက် ပြည်သူအများ အခက်တွေ့နေကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်ကလည်း ကျိုင်းတုံ ပြည်နယ်ခွဲရဲမှူးကြီး၏ အမိန့်ဖြင့် တာချီလိတ်မြို့အတွင်း လိုင်စင်မဲ့ကားများ ဖမ်းဆီးသည်ဟု အကြောင်းပြကာ လိုင်စင်ရှိကားများ အပါအဝင် ကားစီးရေ ၃၀ ခန့် ဖမ်းဆီးခဲ့သဖြင့် ဖမ်းဆီးခဲ့သူများအား နေပြည်တော်အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဒုချုပ်ကိုယ်တိုင် လာရောက်စစ်ဆေးခဲ့သေးသည်။

 

#MeKongNews
#တာချီလိတ်
#လိုင်စင်မဲ့ကား
#ကားရေဆေးခုံ
#ရှမ်းအရှေ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now