နေ့စဥ်သတင်း

မိုင်းနောင်ဂိတ်တွင် ပြောင်းကားများကို ပိုင်ရှင်ကိုယ်တိုင်လာသတင်းပို့ခိုင်းသဖြင့် အခက်ကြုံ

မဲခေါင် 7 Apr - 2025
မဲခေါင်၊ ဧပြီ ၇ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းနောင်မြို့မှတဆင့် တရုတ်ပြည်သို့ တင်ပို့ရောင်းချနေသည့် ပြောင်းတင်ကားများကို မိုင်းနောင်မြို့ စစ်ကောင်စီစစ်ဆေးရေးဂိတ်က ပြောင်းလုပ်ငန်းပိုင်ရှင်များကိုယ်တိုင် သတင်းပို့ရန် တင်းကြပ်နေသဖြင့် ပြောင်းကုန်သည်များ အခက်တွေ့နေကြကြောင်း သိရသည်။ မတ်လ ၂၈ရက် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အင်တာနက်လိုင်းများ ပြတ်တောက်သည့်အတွက် ဧပြီတစ်လလုံး ပို့ကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ ပို့ကုန်ကြေညာလွှာဖြင့် တိုက်ရိုက်တင်ပို့နိုင်ကြောင်း ဖြေလျော့ပေးထားသော်လည်း မိုင်းနောင်အခြေစိုက် စကခ ၂ က ပြောင်းကားများကို ပိုင်ရှင်ကိုယ်တိုင် လာရောက်အကြောင်းကြားရန် တင်းကြပ်နေခြင်းဖြစ်ကြောင်း ပြောင်းကားယာဉ်မောင်းတစ်ဦးက မဲခေါင်ကိုပြောသည်။ “အရင်ကအတိုင်းသွားတာ ပိုင်ရှင်ကိုယ်တိုင် သတင်းပို့ရမယ်​​ပြောလာလို့ လှမ်းခေါ်ရတယ်။ သူဌေးမက နီးလို့ လာနိုင်ခဲ့တာ၊ ဘာတွေပြောပြီး ဘာတွေဘယ်လို ညှိလည်း မသိရဘူး။ သူဌေး

မဲခေါင်၊ ဧပြီ ၇

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းနောင်မြို့မှတဆင့် တရုတ်ပြည်သို့ တင်ပို့ရောင်းချနေသည့် ပြောင်းတင်ကားများကို မိုင်းနောင်မြို့ စစ်ကောင်စီစစ်ဆေးရေးဂိတ်က ပြောင်းလုပ်ငန်းပိုင်ရှင်များကိုယ်တိုင် သတင်းပို့ရန် တင်းကြပ်နေသဖြင့် ပြောင်းကုန်သည်များ အခက်တွေ့နေကြကြောင်း သိရသည်။

မတ်လ ၂၈ရက် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အင်တာနက်လိုင်းများ ပြတ်တောက်သည့်အတွက် ဧပြီတစ်လလုံး ပို့ကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ ပို့ကုန်ကြေညာလွှာဖြင့် တိုက်ရိုက်တင်ပို့နိုင်ကြောင်း ဖြေလျော့ပေးထားသော်လည်း မိုင်းနောင်အခြေစိုက် စကခ ၂ က ပြောင်းကားများကို ပိုင်ရှင်ကိုယ်တိုင် လာရောက်အကြောင်းကြားရန် တင်းကြပ်နေခြင်းဖြစ်ကြောင်း ပြောင်းကားယာဉ်မောင်းတစ်ဦးက မဲခေါင်ကိုပြောသည်။

“အရင်ကအတိုင်းသွားတာ ပိုင်ရှင်ကိုယ်တိုင် သတင်းပို့ရမယ်​​ပြောလာလို့ လှမ်းခေါ်ရတယ်။ သူဌေးမက နီးလို့ လာနိုင်ခဲ့တာ၊ ဘာတွေပြောပြီး ဘာတွေဘယ်လို ညှိလည်း မသိရဘူး။ သူဌေး မလာနိုင်သေးတဲ့ ကားတွေတော့ ရပ်ထားနေရဆဲပဲ” ဟု ၎င်းက ပြောသည်။

ဧပြီလ ၁ ရက် မတိုင်မီက ၁၇ တန်တင် ပြောင်းကားတစ်စီးလျင် မိုင်းနောင်ဂိတ်တွင် ကျပ်ငွေ ၅ သိန်းစီ ပေးဆောင်၍ သွားနေကြရာမှ ယခုအခါ ပိုင်ရှင်ကိုယ်တိုင် လာရောက်ရန် တင်းကြပ်လာခြင်းဖြစ်သည်။

အင်တာနက်လိုင်းများမကောင်းသည့်အတွက် ပို့ကုန်ကြေညာလွှာဖြင့်သာ တင်ပို့ခွင့်ပြုလိုက်ရာ ပြောင်းတင်ပို့သူများ ဝန်ပေါ့သွားသော်လည်း ယခုကဲ့သို့ ပိုင်ရှင်ကိုယ်တိုင် လာရောက်သတင်းပို့ရမည်ဆိုသည့်အတွက် ပိုမိုအခက်တွေ့သွားကြောင်း၊ မည်သည့်အတွက်ကြောင့် ပိုင်ရှင်ကိုယ်တိုင် လာရောက်သတင်းပို့ခိုင်းသည်ကို မသိရကြောင်း ပြောင်းကုန်သည်တစ်ဦးက ပြောသည်။

“အခုလကုန်အထိ အကောက်ခွန်ကြေညှာလွှာနဲ့ပဲ သွားလို့ရမယ်ဆိုလို့ ဝန်ပေါ့ပြီတွက်တာ၊ ခုတော့ပိုဆိုး၊ အဝေးရောက်နေတဲ့ပိုင်ရှင်ဆို ပိုခက်တော့တာပေါ့” ၎င်းက ပြောသည်။

ပြောင်းကားများကို တာချီလိတ်ဘက်မှတဆင့် ထိုင်းနိုင်ငံဘက်သို့လည်ကောင်း၊ မိုင်းနောင် -ကျေးသီးမှတဆင့် မိုင်းရယ်-တန့်ယန်ကို ဖြတ်ကာ တရုတ်နိုင်ငံဘက်သို့လည်ကောင်း လမ်းကြောင်း ၂ ခုဖြင့် တင်ပို့နေခြင်းဖြစ်ပြီး တာချီလိတ်လမ်းကြောင်းတွင် မည်သည့် အတားအဆီးမျှ မရှိဘဲ ပုံမှန်သွားလာ၍ ရနေကြောင်း၊ မိုင်းနောင်လမ်းကြောင်းတွင်သာ ယခုကဲ့သို့ ပိုင်ရှင်ကိုယ်တိုင် လာရောက်သတင်းပို့ခိုင်းခြင်းဖြစ်ကြောင်း ပြောင်းကုန်သည်များထံမှ သိရသည်။

လက်ရှိပြောင်းဈေးမျာ တရုတ်ပြည်အရောက် စက်ရုံချ တစ်တန်လျင် ၂၆၅၀ မှ ၂၆၈၀ ယွမ်၊ ထိုင်းနိုင်ငံ စက်ရုံအရောက် တစ်တန်လျင် ၁၀၂၀၀ မှ ၁၀၆၀၀ ဘတ်စျေးရှိနေပြီး ယခင်နှစ်က ရောင်းစျေးမတက်သည့်အတွက် ယခုနှစ်တွင် ပြည်တွင်းစိုက်ဧက လျော့နည်းကာ အထွက်နှုန်းလည်း လျော့နည်းနေကြောင်း ပြောင်းစျေးကွက်မှ သိရသည်။

မဟာ
#MeKongNews
#ပြောင်းဈေးကွက်
#မိုင်းနောင်
#ပို့ကုန်ကြေညာလွှာ
#ပို့ကုန်လိုင်စင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now