မဲခေါင်၊ ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၌ လျှပ်စစ်ဓါတ်အား အခက်အခဲကြောင့် ရေသန့်ဘူးများ အထိုင်ဈေးနှင့် အိမ်အရောက်ပို့ ကွာခြားကာ ၅ ဘတ် မှ ၁၀ ဘတ် အထိ စျေးတက်လာသည်။
ထိုင်းနိုင်ငံမှ ကျားဖြန့်နှိမ်နင်းရေးတွင် တစ်ခုအပါအဝင်ဖြစ်သည့် လျှပ်စစ်ဓါတ်အားနှင့် စက်သုံးဆီ ဖြတ်တောက်ပြီးနောက်ပိုင်း ရေသန့်ဘူးများ စျေးတက်လာရာတွင် ၂၀ လီတာဆံ့ ရေသန့်ဘူးကြီး တစ်ဘူးလျှင် ယခင်က ၁၀ ဘတ်သာရှိရာမှ ယခုအထိုင်ဈေး ၁၅ ဘတ်၊ အိမ်အရောက်ပို့ ဘတ် ၂၀ ရှိနေကြောင်း သိရသည်။
တစ်လီတာ ၁၂ ဘူးပါ တစ်ကတ်လျှင် ယခင် ၂၅ ဘတ်ဈေးရှိရာမှ ယခု ဘတ် ၃၀ ဖြစ်သွားသော်လည်း လက်လီတစ်ဘူးချင်း ၃ ဘတ်သာရှိကြောင်း သိရသည်။
“တစ်ရက်မှာ ၆ နာရီပဲ မီးလာတော့ ကျန်တဲ့အချိန်တွေ မီးစက်မောင်းပြီး လုပ်ရတာ ဆီပုံးနဲ့ဝယ်တာမရလို့ ခက်ခဲနေတာကို ဖြေရှင်းပေးနိုင်ရင်ကောင်းမှာ” ဟု ရေသန့်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် လာအိုနိုင်ငံမှရရှိသည့် လျှပ်စစ်ဓာတ်အား ၁၃ မီဂါဝပ်ဖြင့် တာချီလိတ် တစ်မြို့လုံးကို အပိုင်း လေးပိုင်း သတ်မှတ်ပြီး တစ်နေ့လျှင် အလှည့်ကျ လျှပ်စစ်ဓါတ်အား ပို့လွှတ်သွားမည်ဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီရုံးက ဖေဖော်ဝါရီ ၂၀ တွင် အသိပေးကြေညာထားသည်။
မဟာ
#MeKongNews
#တာချီလိတ်
#ရေသန့်ဘူး
#၅ဘတ်မှ၁၀ဘတ်ထိဈေးတက်
#လျှပ်စစ်ဓါတ်အား








