နေ့စဥ်သတင်း

နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေးကြိမ်မြောက် ဗုံးကြဲ၊ ဒေသခံတစ်ဦးသေဆုံး

မဲခေါင် 22 Feb - 2025
မဲခေါင်၊ဖေဖော်ဝါရီ ၂၂ တအာင်းတပ်နှင့် စစ်ကောင်စီ၏ မအောင်မြင်သော ဆွေးနွေးပွဲအပြီး လေးကြိမ်မြောက်အဖြစ် ယနေ့(ဖေဖော်ဝါရီ ၂၂ )နံနက်အစောပိုင်း တအာင်းတပ်( TNLA) ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ်၊ ရွှေမုဠောကျေးရွာနှင့် တောင်ရှည်ကျေးရွာများကို စစ်ကောင်စီက ဗုံးကြဲရာတွင် ဒေသခံတစ်ဦးသေဆုံးကာ နေအိမ်များပျက်စီးခဲ့သည်။ လူအိပ်ချိန် ၁၂ နာရီ ၁၅ မိနစ်ခန့်မှ ၁ နာရီ ၃၀ မိနစ်ခန့်အထိ ဗုံးသီး ၃၂ လုံးကြဲချခြင်းဖြစ်ပြီး ရွှေမုဠောရွာသည် တော်လှန်ရေးတပ်များထိန်းချုပ်ထားနိုင်သည့် ဧရိယာအတွင်းပါဝင်သည်။ ရွှေမုဠောကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးသီးများဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီထောက်ခံသော တယ်လီဂရမ်ချန်နယ်များ၌ရေးသားဖော်ပြနေသည်။ ယခုလ ၂၁ ရက်၊  ညပိုင်း ၈ နာရီခန့်တွင်လည်း နောင်ချိုမြို့နယ် လောက်ဖန်းကျေးရွာတွင်
မဲခေါင်၊ဖေဖော်ဝါရီ ၂၂
တအာင်းတပ်နှင့် စစ်ကောင်စီ၏ မအောင်မြင်သော ဆွေးနွေးပွဲအပြီး လေးကြိမ်မြောက်အဖြစ် ယနေ့(ဖေဖော်ဝါရီ ၂၂ )နံနက်အစောပိုင်း တအာင်းတပ်( TNLA) ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ်၊ ရွှေမုဠောကျေးရွာနှင့် တောင်ရှည်ကျေးရွာများကို စစ်ကောင်စီက ဗုံးကြဲရာတွင် ဒေသခံတစ်ဦးသေဆုံးကာ နေအိမ်များပျက်စီးခဲ့သည်။
လူအိပ်ချိန် ၁၂ နာရီ ၁၅ မိနစ်ခန့်မှ ၁ နာရီ ၃၀ မိနစ်ခန့်အထိ ဗုံးသီး ၃၂ လုံးကြဲချခြင်းဖြစ်ပြီး ရွှေမုဠောရွာသည် တော်လှန်ရေးတပ်များထိန်းချုပ်ထားနိုင်သည့် ဧရိယာအတွင်းပါဝင်သည်။
ရွှေမုဠောကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးသီးများဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီထောက်ခံသော တယ်လီဂရမ်ချန်နယ်များ၌ရေးသားဖော်ပြနေသည်။
ယခုလ ၂၁ ရက်၊  ညပိုင်း ၈ နာရီခန့်တွင်လည်း နောင်ချိုမြို့နယ် လောက်ဖန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ တစ်ဦး သေဆုံးကာ ကလေးငယ်အပါအဝင် ဒေသခံ လေးဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ခြောက်လုံးပျက်စီးခဲ့သည်။
အလားတူ ယခုလ ၂၀ ရက် ညပိုင်းက TNLA ထိန်းချုပ်နယ်မြေ မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကို ပေါင် ၅၀၀ ဗုံး နှစ်လုံးဖြင့် ကြဲချသဖြင့် ရှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးကာ ခုဣှစ်ဦးဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီသည် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီလ ၁၆ရက်မှ ယနေ့ ဖေဖော်ဝါရီလ ၂၂ရက်အထိ နောင်ချိုမြို့နယ်အပါအဝင် TNLA ဒေသကို  လက်နက်ကြီးနှင့် လေကြောင်းကို အသုံးပြုပြီး လာရောက်ပစ်ခတ်တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည်။
ယနေ့အထိ ၆ ရက်အတွင်း ကလေးတစ်ဦးအပါအ၀င် အမျိုးသား နှစ်ဦး၊ အမျိုးသမီး လေးဦး သေဆုံးခဲ့ရသည်။ ကလေး တစ်ဦး၊ အမျိုးသား ခုနှစ်ဦးနှင့် အမျိုးသမီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နောင်ချိုပြည်သူ့ဆေးရုံ၊ ဘုန်းကြီးကျောင်းဆောင်နှင့်  ပြည်သူနေအိမ် ၁၁လုံး ထိမှန်ပျက်စီးသွားခဲ့ကြောင်း TNLA မှသတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ  အရပ်သားများအား ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က ထုတ်ပြန်ချက်တွင်တိုက်တွန်းထားသည်။
ဂနိုက်
#MeKongNews
#နောင်ချိုမြို့နယ်
#ရွှေမုဠောကျေးရွာ
#ဗုံး၃၂လုံးကြဲ
#စစ်ကောင်စီ
ဓါတ်ပုံ။  ။ တအာင်းတပ်ထုတ်ပြန်ချက်နှင့်ပူးတွဲထုတ်ပြန်သည့်ပုံများ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now