နေ့စဥ်သတင်း

စုဆောင်းထားတဲ့ ပြည်သူ့စစ် တစ်သောင်းခွဲကို အင်အားပြသမယ်လို့ PNO ဆို

မဲခေါင် 28 Sep - 2024
မဲခေါင်၊ စက်တင်ဘာ ၂၈ ရက် ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ(PNO)ရဲ့ အထူးဒေသ ၆ မြင့်မိုရ်တိုင်းမှာ စုဆောင်းခဲ့တဲ့ ပအိုဝ်းပြည်သူ့စစ်အင်အား (PNA) တစ်သောင်းခွဲကို အင်အားထုတ်ဖော် ပြသသွားမယ်လို့ စုံစမ်းသိရပါတယ်။ မြင့်မိုရ်တိုင်းရှိ ပေါမူကျေးရွာအတွင်း လာမယ့် တော်သလင်းလဆုတ် ၁၃ ရက်နေ့ (စက်တင်ဘာ ၃၀)မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး အဓမ္မစုဆောင်းခံရတဲ့ PNA တပ်ဖွဲ့ဝင်တွေနဲ့ သာမာန်ပြည်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ “စစ်သင်တန်းတောင် မပေးရသေးဘူး။ ခုက စစ်တပ်ခိုင်းတဲ့အတိုင်း အင်အားပြမှာ။ အဲဒီ အင်အားကို တကယ်အသုံးချလို့ ရ/မရ သူတို့ စိတ်မဝင်စားဘူး။ သူတို့သိတာက ဝါဒဖြန့်လိုက်မယ်ပေါ့။ မြေပြင်မှာ သူတို့ကို ဘယ်လောက်ထောက်ခံကြလဲ သူတို့

မဲခေါင်၊ စက်တင်ဘာ ၂၈ ရက်

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ(PNO)ရဲ့ အထူးဒေသ ၆ မြင့်မိုရ်တိုင်းမှာ စုဆောင်းခဲ့တဲ့ ပအိုဝ်းပြည်သူ့စစ်အင်အား (PNA) တစ်သောင်းခွဲကို အင်အားထုတ်ဖော် ပြသသွားမယ်လို့ စုံစမ်းသိရပါတယ်။

မြင့်မိုရ်တိုင်းရှိ ပေါမူကျေးရွာအတွင်း လာမယ့် တော်သလင်းလဆုတ် ၁၃ ရက်နေ့ (စက်တင်ဘာ ၃၀)မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး အဓမ္မစုဆောင်းခံရတဲ့ PNA တပ်ဖွဲ့ဝင်တွေနဲ့ သာမာန်ပြည်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“စစ်သင်တန်းတောင် မပေးရသေးဘူး။ ခုက စစ်တပ်ခိုင်းတဲ့အတိုင်း အင်အားပြမှာ။ အဲဒီ အင်အားကို တကယ်အသုံးချလို့ ရ/မရ သူတို့ စိတ်မဝင်စားဘူး။ သူတို့သိတာက ဝါဒဖြန့်လိုက်မယ်ပေါ့။ မြေပြင်မှာ သူတို့ကို ဘယ်လောက်ထောက်ခံကြလဲ သူတို့ အသိဆုံး” လို့ ပေါမူဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်အင်အားပြသဖို့အတွက် PNA တပ်ဖွဲ့ဝင် အပါအဝင် အသက် ၁၈ မှ ၅၀ အတွင်း ပြည်သူတွေကို တစ်အိမ်တစ်ယောက် မဖြစ်မနေ ပါဝင်ကြဖို့ သတ်မှတ်ထားပြီး လာရောက်မယ့် လမ်းစရိတ်၊ စစ်ယူနီဖောင်းအတွက်လည်း တစ်ဦးကို ငွေ ၅ သောင်းကျပ် ထည့်ဝင်ရတယ်လို့ သိရပါတယ်။

“၅ သောင်းကတော့ ထည့်ရတယ်။ တချို့အိမ်ဆို ရှိသမျှ ယောင်္ကျားလေး အကုန်သွားရတယ်။ ၃ ယောက်ရှိ ၃ ယောက်ပေါ့။ မလာရင်လည်း ရွာကနေ ဖယ်ကျဉ်ထားတာတွေ ခံရတယ်” လို့ စစ်အားပြရမှာ ပါဝင်မယ့်သူတစ်ဦးက ပြောပါတယ်။

ပေါမူဒေသမှာ တော်သလင်းလဆုတ် ၉ ရက်နေ့ (စက်တင်ဘာ ၂၆)ကတည်းက အင်အားပြဖို့ စီစဉ်ထားပေမယ့် ရေကြီးရေလျှံမှုတွေကြောင့် ရွှေ့ဆိုင်းလိုက်ရတာပဲ ဖြစ်ပါတယ်။

မြင့်မိုရ်တိုင်း အထူးဒေသ ၆ မှာ ကလော၊ တောင်ကြီး၊ ဟိုပုံး စတဲ့ မြို့နယ်တွေထဲက ကျေးရွာတွေ ပါဝင်ပြီး PNO ရဲ့ ငြိမ်းချန်းယူတဲ့ ၁၉၉၁ ခုနှစ်နောက်ပိုင်းကတည်းက ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

ပအိုဝ်းဒေသတွေတွင်း တိုက်ပွဲမဖြစ်ပွားတဲ့ ကျေးရွာတွေမှာ PNA နဲ့ စစ်ကောင်စီတို့က တပ်သားသစ် အပြိုင်စုဆောင်းနေပြီး ဒေသခံတွေအနေနဲ့ ၂ ဖက်လုံးကို ကြောက်နေရတယ်လို့ ဆိုကြပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now