မြန်မာ့နွေဦး

တောင်ကြီးမြို့ပေါ်ရပ်ကွက်အများစု စစ်မှုထမ်းဖို့ မဲကောက်ယူမှုပြီးစီး

မဲခေါင် 19 Mar - 2024
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရပ်ကွက် အများစုမှာ စစ်မှုထမ်းဖို့ မဲကောက်ယူမှု ပြီးစီးသလောက်ဖြစ်နေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

မဲခေါင်၊ မတ် ၁၉

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရပ်ကွက် အများစုမှာ စစ်မှုထမ်းဖို့ မဲကောက်ယူမှု ပြီးစီးသလောက်ဖြစ်နေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

တောင်ကြီးမြို့ပေါ်ရပ်ကွက် ၂၂ ရပ်ကွက်ရှိတဲ့အထဲမှာ ၈ ရပ်ကွက်နဲ့ အေးသာယာမြို့နဲ့ ရွှေညောင်တိုက်နယ် အုပ်စုတို့မှာလည်း အသီးသီး မဲနှိုက်ပြီးစီးသွားပြီဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ တောင်ကြီးမြို့ပေါ်က အချို့ရပ်ကွက်တွေကတော့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်မထမ်းဆောင်လိုသူတွေအများစုက ပအိုဝ်းပြည်သူ့စစ်(PNA) အဖြစ် တာဝန်ထမ်းဆောင်ကြမှာ ဖြစ်ပါတယ်။

အဲ့ဒီလို မဲနှိုက်ဖို့ မြို့နယ်ထွေအုပ်စာရင်းအရ အသက် ၁၈ နှစ်နဲ့အထက် အမျိုးသားစာရင်းအလိုက် တရပ်ကွက်ချင်း ကောက်ယူပြီး အကြောင်းကြားခဲ့တာ လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ၁၆ ရက်နေ့ကစပြီး ဒီနေ့အထိ ၈ ရပ်ကွက် ပြီးပြီလို့သိရတာပါ။

အဲ့ဒီရပ်ကွက်တွေကတော့ ဈေးပိုင်း၊ ပြည်တော်သာ၊ ရတနာသီရိ၊ ကန်အောက်၊ ကံသာ၊ သစ်တော၊ စဝ်စံထွန်း နဲ့ ရေအေးကွင်းရပ်ကွက်တို့ ဖြစ်ပါတယ်။ ကျန်ရပ်ကွက်တွေထဲက ပအိုဝ်းတိုင်းရင်းသားအများစု နေထိုင်ကြတဲ့ ညောင်ဖြူစခန်း၊ ဘုရားဖြူနဲ့ ကံကြီးရပ်ကွက်ကတော့ စစ်ကောင်စီ လက်အောက် စစ်မှုထမ်းမယ့်အစား PNA ပအိုဝ်းပြည်သူ့စစ်အဖြစ် တာဝန်ထမ်းဆောင်ကြမယ်လို့ သိရပါတယ်။

Tgi Support Revolution က ရရှိထားတဲ့ စာရင်းတွေအရ ကံကြီး ၆၀၊ ကန်ရှေ့ ၅၊ စျေးပိုင်း ၃၀၊ စိန်ပန်း ၄၅၊ ညောင်ဖြူစခမ်း ၃၅၊ ပြည်တော်သာ ၄၅၊ ကံသာ ၆၊ ရတနာသီရိ ၅၊ ရေအေးကွင်း ၉ ယောက် နဲ့ သစ်တောရပ်ကွက်က ၇၀ ယောက်စီ မဲနှိုက်ရွေးချယ်ခံထားရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၁၇ ရက်နေ့ တောင်ကြီးမြို့၊ အ.လ.က(၉)မှာ ပြည်တော်သာရပ်ကွက်နဲ့ ရတနာသီရိရပ်ကွက်ကို စုပေါင်းပြီးမဲနှိုက်ခဲ့ပါတယ်။ ရတနာသီရိရပ်ကွက်မှာ နေထိုင်သူတစ်ဦးက “ ၅ ယောက်ပေါက်တယ်ကြားတယ်။ နယ်‌မြေ(၈)က ၅ ယောက်စလုံးလို့တော့ကြားတယ်‌ဗျာ။ နောက်ပြီး မဲနှိုက်တာမိသားစုလည်းမနှိုက်ရဘူး။ သူတို့ကိုယ်တိုင်(ရပ်ကွက်ရုံးဝန်ထမ်း) နှိုက်ပြီး ဘယ်သူပေါက်တယ်ဆိုပြီးပဲပြောတာ။ အသိတချို့ကတော့ သူတို့က ကိုယ်တိုင်မဲသွားနှိုက်ရတာမဟုတ်ဘဲ ရုံးက ဖုန်းဆက်ပီပြောတာတဲ့ဗျာ။ အခုတော့မခေါ်သေးဘူးတဲ့။ ၅ လပိုင်းလောက်မှခေါ်မှာလို့ မဲပေါက်တဲ့သူကိုယ်တိုင် ပြောတယ်ဗျ” လို့ မဲခေါင်သတင်းကို ပြောပါတယ်။

မဲနှိုက်ရမယ့် အသက် ၁၈ မှ ၃၅ နှစ်ကြား အမျိုးသားစာရင်းကို ထွေအုပ်နဲ့ရပ်ကွက်ရုံးကအိမ်ထောင်စုစာရင်းတွေကနေ ကောက်ယူထားတာဖြစ်ပြီး အဲ့ဒီအထဲကနေမှ မဖြစ်မနေမျက်မှန်တပ်ဆင်ထားရသူ၊ ကျောင်းသား၊ သတ်မှတ်ထားတဲ့ကျန်းမာရေးအရ မကိုက်ညီသူနဲ့ သက်ကြီးရွယ်အို မိဘကိုတစ်ဦးထဲ ပြုစုစောင့်ရှောက်နေရသူတွေကို ဖယ်ထုတ်ကာ ကျန်တဲ့သူတွေကို မဲနှိုက်စေတာလို့ သိရပါတယ်။ သို့သော်လည်း အချို့လူနည်းတဲ့ရပ်ကွက်တွေမှာတော့ မကျန်းမာသူမှလွဲပြီး ချွင်းချက်မရှိ ကောက်ခံတယ်လို့လည်း သိရပါတယ်။

ကိုယ်တိုင်မဲနှိုက်ရတဲ့ ရပ်ကွက်တွေမှာတော့ ဗလာမပါ နံပါတ်စဥ်ပါဝင်တဲ့ မဲလိပ်တွေကို အလှည့်ကျနှိုက်ရပြီး နံပါတ် ၁ ကျတဲ့သူကစပြီး စစ်မှုထမ်းဆောင်ဖို့ သင်တန်းတက်ရမှာဖြစ်ပါတယ်။ တစ်ယောက်ကို ၄ လကြာ တစ်နှစ်ကိုတစ်ရပ်ကွက်လျှင် ၃ ယောက်နှုန်း စစ်သင်တန်းသွားတက်ရမှာဖြစ်ပြီး ကျန်မဲနှိုက်ရွေးချယ်ခံထားရတဲ့ သူတွေကလည်း သင်တန်းသွားတက်မယ့်သူကို တစ်ယောက်တစ်သိန်းထောက်ပံ့ရမှာပါ။ အရံလူကိုလည်း ၆ ယောက်ကနေ ၁၂ ယောက်အထိ မဲနှိုက်ရွေးချယ်ခဲ့ပါတယ်။

အခြေခံလူတန်းစားများတဲ့ ရပ်ကွက်တွေမှာတော့ တစ်ယောက်တစ်သိန်းနှုန်း မကောက်ပဲ တစ်အိမ်ထောင် တစ်သောင်းနှုန်းနဲ့ စစ်သင်တန်းသွားတက်မယ့်သူကို ထောက်ပံ့ရမယ်လို့ ဆိုပါတယ်။ ကိုယ်တိုင်စစ်မှုမထမ်းလိုပါကလည်း အစားထိုးမယ့်သူကို မိမိဘာသာရှာလာနိုင်တယ်လို့ မဲနှိုက်တဲ့နေ့က အစည်းအဝေးမှာပြောပါတယ်။ စစ်သင်တန်းဘယ်တော့စတက်ရမယ်ဆိုတာကိုတော့ အတိအကျမပြောနိုင်ဘူး လို့ဆိုပါတယ်။

“ ကျနော်နံပါတ်က နောက်ကျတယ်ဆိုတော့ အခု ၁၊ ၂၊ ၃ ကျတဲ့သူတွေ ဘယ်လိုလုပ်မလဲ တချက်နားစွင့်လိုက်အုန်းမယ်။ လူစားပဲထိုးမယ်လို့ စိတ်ကူးထားတယ် ခုထိတော့လေ” လို့ ပြည်တော်သာ ရပ်ကွက်နေ မဲပေါက်ထားတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

တောင်ကြီးမြို့မှာ စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်တဲ့ စနစ်ကို ၁၆ ရက်နေ့က ဈေးပိုင်းရပ်ကွက်က စတင်ခဲ့တာပါ။ ဈေးပိုင်းရပ်ကွက်မှာ မီးသတ်ဌာနရှိတာကြောင့် အရံမီးသတ်တပ်ဖွဲ့ကို စစ်မှုထမ်းဖို့ဦးစားပေး ခေါ်ယူလိုတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ကံသာ နဲ့ ကန်အောက်ရပ်ကွက်တွေမှာ မဲလာနှိုက်သူမရှိလို့ ရပ်ကွက်ရုံးကမဲနှိုက်ပြီး မဲပေါက်သူတွေကို ဖုန်းဆက်အကြောင်းကြားပြီး ဖောင်ဖြည့်ခိုင်းတယ်လို့ သိရပါတယ်။

စာရင်းပါသူ မိသားစုတွေအနေနဲ့လည်း နည်းမျိုးစုံနဲ့ စစ်မှုထမ်းခွင့် ကင်းလွတ်ခွင့်ရဖို့ ကြိုးစားနေကြပါတယ်။ တချို့ရပ်ကွက်တွေမှာ စစ်တပ်ထဲကအရာရှိ နဲ့ အုပ်ချုပ်ရေးမှုးတွေကို လာဘ်ပေးပြီး နာမည်ဖျက်ဖို့ကြိုးစားတာတွေ ရှိနေပြီး အဲ့လိုနာမည်စာရင်းက ပယ်ဖျက်ဖို့ သိန်း ၂၀ ကနေ သိန်း ၁၀၀ ထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

ကျောင်းသားဖြစ်လျှင် စစ်မှုထမ်းခွင့် ၂ နှစ်ကင်းလွတ်ခွင့်ရမယ်ဆိုတာကြောင့် မတ်လ ၁၈ ရက်နေ့ မနေ့ကစပြီး တောင်ကြီးတက္ကသိုလ် အဝေးသင်ဌာနမှာ ကျောင်းအပ်သူတွေနဲ့ စည်ကားနေတယ်လို့ သိရပါတယ်။

“စစ်မှုထမ်းရမယ်ဆိုတော့ ကျောင်းမတက်တာ ၁၀ နှစ်လောက်ရှိနေလည်း အပြေးလာအပ်ကြတယ်။ မနေ့ ညနေ ၄ နာရီက သစ်တောရပ်ကွက် အုပ်ချုပ်ရေးရုံးမှာ မဲနှိုက်တာ မနက်က ကျောင်းပြေးအပ်ထားတဲ့သူတွေအကုန် မဲနှိုက်ခွင့်ကနေ ကင်းလွတ်ကုန်တဲ့အတွက် အယောက် ၇၀ လောက်ဘဲ မဲနှိုက်ရတယ်။ ၁၂ ယောက် ပေါက်မဲပါတယ်” လို့ တောင်ကြီးတက္ကသိုလ်က ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တောင်ကြီးမြို့နယ်ထဲက ကျေးရွာတွေ နဲ့ အေးသာယာ၊ ရွှေညောင်တိုက်နယ်အုပ်စုတွေမှာလည်း ၁၈ ရက်နေ့ကစပြီး မဲနှိုက်ရွေးချယ်ခံနေရပြီလို့ သိရပါတယ်။ ပအိုဝ်းလူမျိုးများသာနေထိုင်တဲ့ နမ့်ဆီး၊ နောင်လေ ကျေးရွာအုပ်စု ၁၉ ရွာမှာတော့ မဲပေါက်တဲ့ရွာ ၃ ရွာက စစ်မှုထမ်းဖို့ လူတစ်ယောက်စီရှာလာပေးရမယ်လို့ သိရပါတယ်။ တချို့ရွာတွေမှာတော့ မဲနှိုက်စနစ်နဲ့မဟုတ်ဘဲ PNO ပြည်သူ့စစ်က ဦးဆောင်ပြီး ကိုယ်တိုင်လူလာစုပေးတာတွေရှိတယ်လို့လည်း ဆိုပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ စစ်ကောင်စီသာမက သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကလည်း ရှမ်းပြည်နယ်အတွင်း နေထိုင်သည့် မည်သူမဆို အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ လူမျိုးမရွေး ကျား၊ မ မရွေး ရှမ်းပြည်အမျိုးသားရေးအတွက် စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ ပြည်ပသို့ ရောက်ရှိနေသူများလည်း ပြန်လာ၍ စစ်မှုထမ်းရမည်ဖြစ်သလို နိုင်ငံခြားသို့ မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်လျှင် ကျန်ရှိသည့် နေအိမ်နှင့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းသွားမယ်လို့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ထို့အတူ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကလည်း ရှမ်းတောင်အတွင်းက ၎င်းတို့စိုးမိုးဒေသတွေဖြစ်တဲ့ မိုင်းရှုးခရိုင်နဲ့ လွိုင်လင်ခရိုင်၊ တောင်ကြီးခရိုင်(ရပ်စောက််မြို့နယ်)တို့မှာလည်း စစ်သားကောက်ယူမှူတွေပြုလုပ်နေတာဖြစ်ပါတယ်။

CJ001

MeKongNews

တောင်ကြီး

စစ်မှုထမ်း

စစ်ကောင်စီ

ပြည်သူ့စစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်ဘက်မှ ကျားဖြန့်လုပ်ငန်းအချို့ နမ့်ခမ်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများအပေါ် ဖိအားများလာပြီးနောက် အဆိုပါ လုပ်ငန်းအချို့ နမ့်ခမ်းမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းအခြေချလာနေကြောင်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၂၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave 125 ဆိုင်ကယ် ၄ စီးနှင့် ဆိုင်ကယ် အရောင်ပြောင်းရန် အသုံးပြုသည့် မှုတ်ဆေးဘူး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now