နေ့စဥ်သတင်း

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင် 27 Oct - 2026
မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC က ထုတ်ပြန်ထားသည့် စွပ်စွဲချက်များသည် မြေပြင်အခြေအနေနှင့် ကင်းကွာနေကြောင်း ကိုးကန့်အဖွဲ့ – MNDAA က အောက်တိုဘာ ၂၃ ရက်တွင် အိတ်ဖွင့်ပေးစာဖြင့် တုံ့ပြန်ထားသည်။ ယင်းအိတ်ဖွင့်ပေးစာတွင် အထူးဒေသ (၁) အတွင်းရှိ အခြေခံပညာကျောင်းများ၌ မြန်မာ ဘာသာစကားကို အဓိကသင်ကြားနေပြီး အင်္ဂလိပ်ဘာသာကို မူလတန်းမှစ၍ သင်ကြားရန်နှင့် တရုတ်ဘာသာကို ရွေးချယ်သင်ကြားနိုင်သည့် ဘာသာရပ်အဖြစ် ထည့်သွင်းထားကြောင်း ဖော်ပြထားသည်။

မဲခေါင်၊အောက်တိုဘာ ၂၇

ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC က ထုတ်ပြန်ထားသည့် စွပ်စွဲချက်များသည် မြေပြင်အခြေအနေနှင့် ကင်းကွာနေကြောင်း ကိုးကန့်အဖွဲ့ – MNDAA က အောက်တိုဘာ ၂၃ ရက်တွင် အိတ်ဖွင့်ပေးစာဖြင့် တုံ့ပြန်ထားသည်။

ယင်းအိတ်ဖွင့်ပေးစာတွင် အထူးဒေသ (၁) အတွင်းရှိ အခြေခံပညာကျောင်းများ၌ မြန်မာ ဘာသာစကားကို အဓိကသင်ကြားနေပြီး အင်္ဂလိပ်ဘာသာကို မူလတန်းမှစ၍ သင်ကြားရန်နှင့် တရုတ်ဘာသာကို ရွေးချယ်သင်ကြားနိုင်သည့် ဘာသာရပ်အဖြစ် ထည့်သွင်းထားကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဒေသခံတိုင်းရင်းသားများ၏ ဘာသာစကားများကိုလည်း ဒေသခံများ၏ ဆန္ဒနှင့်အညီ သင်ကြားခွင့်ပြုထားကြောင်း ဆိုသည်။

မြေယာပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍လည်း အထူးဒေသ (၁) ၏ မြေယာစီမံခန့်ခွဲရေးဥပဒေများအရ နိုင်ငံခြားသားများအား မြေယာပိုင် ဆိုင်ခွင့် ခွင့်ပြုထားခြင်းမရှိဘဲ အထူးဒေသ (၁) မှတ်ပုံတင်ရှိသူများ သို့မဟုတ် မြန်မာနိုင်ငံသားများသာ တရားဝင် မြေယာပိုင်ဆိုင်ခွင့်ရှိကြောင်း တုံ့ပြန်ထားသည်။

သမိုင်းဝင်မြို့ရွာအမည်များကို အတင်းအကျပ် ပြောင်းလဲထားခြင်းမရှိဘဲ မူလအမည်များကို ဆက်လက်အသုံးပြုနေကြောင်းနှင့် ကိုးကန့်ဘာသာစကားဖြင့် အမည်များတွဲဖက်အသုံးပြုခြင်းမှာ အုပ်ချုပ်ရေးလုပ်ငန်းများ လွယ်ကူစေရန်ဖြစ်ကြောင်း အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီက ဆိုသည်။

ထို့အပြင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပွဲများကိုလည်း ကျင်းပခွင့်ပြုထားကြောင်း ဖော်ပြထားသည်။

လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်၍လည်း ဥပဒေဘောင်အတွင်း ဆောင်ရွက်မှုများကို ကန့်သတ်ခြင်း၊ ခြိမ်းခြောက်ခြင်း မရှိကြောင်းနှင့် ဒေသခံပြည်သူများ၏ အခြေခံအခွင့်အရေးများကို အလေး ထားကာကွယ်နေကြောင်း တုံ့ပြန်ထားသည်။

SSJAC ၏ ထုတ်ပြန်ချက်များသည် မြေပြင်အခြေအနေမှန်နှင့် ကင်းကွာပြီး တိုင်းရင်းသားများအကြား အထင်အမြင်လွဲမှားမှုနှင့် လူမျိုး ရေးပဋိပက္ခများ ဖြစ်ပေါ်စေနိုင်သည့် လှုံ့ဆော်မှုများ ဖြစ်ကြောင်းလည်း အထူးဒေသ (၁) ဘက်က စွပ်စွဲထားသည်။

လက်ရှိတွင် အထူးဒေသ (၁) အပါအဝင် ရှမ်းပြည်မြောက်ပိုင်းဒေသ တစ်ခုလုံး တည်ငြိမ်အေးချမ်းနေပြီး စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးနှင့် မိမိတို့နှစ်သက်ရာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိရေးတို့ကိုလည်း လက်တွေ့ကျင့်သုံးနေကြောင်း ဆိုသည်။

ထို့အပြင် SSJAC ၏ ထုတ်ပြန်ချက်တွင် အခြေ အမြစ်မရှိသော စွပ်စွဲချက်များကို မလိုက်နာပါက နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဟု ဖော်ပြထားခြင်းအပေါ် လက်မခံကြောင်းနှင့် ဒေသတွင်းတည်ငြိမ်ရေးကို ထိခိုက်စေရန် သို့မဟုတ် တိုင်းရင်းသားများအကြား ပဋိပက္ခဖြစ်စေရန် ရည်ရွယ်သည့် လှုပ်ရှားမှုများရှိလာပါက ဒေသခံပြည်သူများ ၏ အကျိုးစီးပွားကို ကာကွယ်ရန် တုံ့ပြန်သွားမည်ဖြစ်ကြောင်း၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဖြစ်ကြောင်း အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီက သတိပေးထားသည်။

ယင်းအိတ်ဖွင့်ပေးစာကို ပြည်ထောင်စုမြန် မာနိုင်ငံ အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီ အမည်ဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

#MeKongNews
#ကိုးကန့်
#MNDAA
#SSJAC
#ရှမ်းပြည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကံသာရပ် ယမ်းမီးလောင်မှုတွင် ဒဏ်ရာရသူတစ်ဦး ထပ်မံသေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင် တန်ဆောင်တိုင်မီးပုံးပျံပွဲအတွက် ယမ်းခွေပြင်ဆင်ရာမှတဆင့် ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် ဆေးကုသမှုခံယူနေသူများအနက် တစ်ဦး ထပ်မံသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာ ၂၄ ရက် ညပိုင်းက တောင်ကြီးမြို့၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်ဘက်မှ ကျားဖြန့်လုပ်ငန်းအချို့ နမ့်ခမ်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများအပေါ် ဖိအားများလာပြီးနောက် အဆိုပါ လုပ်ငန်းအချို့ နမ့်ခမ်းမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းအခြေချလာနေကြောင်း ဒေသခံရင်းမြစ်များထံမှ သိရသည်။ ဒေသခံများ၏ ပြောဆိုချက်အရ နမ့်ခမ်းမြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများ လည်ပတ်နေသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၂၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယခု အောက်တိုဘာလ ၁၆ရက်နေ့၌ တာချီလိတ်မြို့၊ အာခါဈေးအနီးတဝိုက်တွင် ကား ၂စီးဖြင့် ပေါ်တာဆွဲသွားပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now