နေ့စဥ်သတင်း

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် 3 Sep - 2026
မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို ကွင်းဆင်းစစ်ဆေးပြီးနောက် ယခုတားမြစ်ချက်ကို ထုတ်ပြန်လာခြင်းဖြစ်သည်။ ကွင်းဆင်းစစ်ဆေးမှုအတွင်း အချို့မုန့်များတွင် ကလေးငယ်များ၏ အသည်းနှင့်ကျောက်ကပ်ကို ထိခိုက်စေသည့် ဓာတုပစ္စည်းများ၊ အာရုံကြောကို ထိခိုက်စေသည့် ဓာတုပစ္စည်းများ၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု အရိုးအဆစ်ဖွံ့ဖြိုးမှုကို ထိခိုက်စေသည့် ဓာတုပစ္စည်းများ အလွန်အကျွံပါဝင်နေသည်ကို တွေ့ရသည်ဟုလည်း ကိုးကန့်ထုတ်ပြန်ချက်တွင်ဖော်ပသည်။ ကိုးကန့်ကျန်းမာရေးဌာန၏ ကွင်းဆင်းစစ်ဆေးမှုများအရ ကျောင်းသား၊ ကျောင်းသူများ စားသုံးနေသည့် သွားရည်စာမုန့်အချို့တွင် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဓာတုပစ္စည်းများ၊ အချိုတု၊ တာရှည်ခံဆေး၊

မဲခေါင် ၊ စက်တင်အာ ၃

ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။

ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို ကွင်းဆင်းစစ်ဆေးပြီးနောက် ယခုတားမြစ်ချက်ကို ထုတ်ပြန်လာခြင်းဖြစ်သည်။

ကွင်းဆင်းစစ်ဆေးမှုအတွင်း အချို့မုန့်များတွင် ကလေးငယ်များ၏ အသည်းနှင့်ကျောက်ကပ်ကို ထိခိုက်စေသည့် ဓာတုပစ္စည်းများ၊ အာရုံကြောကို ထိခိုက်စေသည့် ဓာတုပစ္စည်းများ၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု အရိုးအဆစ်ဖွံ့ဖြိုးမှုကို ထိခိုက်စေသည့် ဓာတုပစ္စည်းများ အလွန်အကျွံပါဝင်နေသည်ကို တွေ့ရသည်ဟုလည်း ကိုးကန့်ထုတ်ပြန်ချက်တွင်ဖော်ပသည်။

ကိုးကန့်ကျန်းမာရေးဌာန၏ ကွင်းဆင်းစစ်ဆေးမှုများအရ ကျောင်းသား၊ ကျောင်းသူများ စားသုံးနေသည့် သွားရည်စာမုန့်အချို့တွင် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဓာတုပစ္စည်းများ၊ အချိုတု၊ တာရှည်ခံဆေး၊ ဆိုးဆေးနှင့် ဆားဓာတ်အလွန်အကျွံများ ပါဝင်နေကြောင်း ထုန်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ကြေညာချက်တွင် ထုတ်ပြန်ထားသည့် အန္တရာယ်ရှိ သရေစာ ၁၀ မျိုးအပြင် FDA ထောက်ခံချက်မရှိသော၊ သက်တမ်းလွန်သော အစားအသောက်များကို ကျောင်းဝင်းအတွင်း ရောင်းချခွင့် ပိတ်ပင်လိုက်ပြီး မလိုက်နာပါက အရေးယူမည်ဟု ကိုးကန့်တပ်ကဆိုသည်။

တားမြစ်ချက်ကို အကောင်အထည်ဖော်ရန် ကြေညာချက်ထုတ်ပြန်သည့်နေ့မှစ၍ တစ်လကို ကြိုတင်သတိပေးကာလ သတ်မှတ်ထားပြီး ဈေးသည်များအနေဖြင့် လက်ကျန်မုန့်များကို ရှင်းလင်းရန်နှင့် ထပ်မံမှာယူခြင်း မပြုရန် ညွှန်ကြားထားသည်။

ကြိုတင်သတိပေးခြင်းကာလကုန်ဆုံးပြီးနောက်တွင် ပညာရေးနှင့် ကျန်းမာရေးဌာန ပူးပေါင်းအဖွဲ့က ကျောင်းမုန့်ဈေးတန်းများသို့ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ကာ တားမြစ်ချက်ကို မလိုက်နာသူများအား စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူသွားမည်ဟု ထုတ်ပြန်ချက်တွင်ဆိုသည်။

တားမြစ်ထားသည့် မုန့်များတွင် La Mo Fang၊ KISS TABLETS၊ Su Niu Du၊ ဝက်နားရွက်ကြွပ်၊ Yu Mi Chang၊ Su Xia Pa Zi၊ Xiāng Là Jīn Zhēn Gū၊ Wǎnghóng Bàngbàngtiáo၊ Měi Rì Hǎi Tāi Wèi-Là Piàn နှင့် Duōxīng Lǜshuǎng တို့ ပါဝင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

#MeKongNews
#သွားရည်စာ
#မုန့်
#ကိုးကန့်တပ်
#စာသင်ကျောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now