နေ့စဥ်သတင်း

နမ့်ခမ်းတွင် မူးယစ်ဆေးသုံးစွဲသူတစ်ဦးကို MNDAA က ဖမ်းဆီးရိုက်နှက်သဖြင့် သေဆုံး

မဲခေါင် 25 Jul - 2026
မဲခေါင်၊ ဇူလိုင် ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ၁၂ မိုင်ကျေးရွာတွင် ကိုးကန့်တပ်ဖွဲ့-MNDAA က လူတစ်ဦးကို ဖမ်းဆီးပြီးရိုက်နှက်ပြီး ထိုသူမှာသေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။ ဇူလိုင်လ ၂၂ ရက်တွင် ကိုးကန့်တပ်ဖွဲ့သည် ၁၂ မိုင်ကျေးရွာရှိ လူတစ်ဦးကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟုဆိုကာ ဈေးထဲတွင် ဖမ်းဆီးချုပ်နှောင်ပြီးနောက် ရိုက်သတ်လိုက်ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်ကပြောသည်။ အဆိုပါ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသားသည် ဖမ်းဆီးခံရသည့် နေ့တွင်ပင် ရိုက်သတ်ခံခဲ့ရခြင်းဖြစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲသူကို ဥပဒေအရ အရေးမယူဘဲ ယခုကဲ့သို့ ရိုက်သတ်လိုက်ခြင်းအပေါ် ပြည်သူများက ဝေဖန်နေလျက်ရှိသည်။ “အသတ်ခံရတဲ့ လူက မူးယစ်ဆေးဝါးသုံးလို့ ကိုးကန့်က လာဖမ်းသွားတာ ဖမ်းထားတဲ့အချိန် အစာလည်း မကျွေး ရေလည်း မတိုက်ဘူး။

မဲခေါင်၊ ဇူလိုင် ၂၅

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ၁၂ မိုင်ကျေးရွာတွင် ကိုးကန့်တပ်ဖွဲ့-MNDAA က လူတစ်ဦးကို ဖမ်းဆီးပြီးရိုက်နှက်ပြီး ထိုသူမှာသေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ဇူလိုင်လ ၂၂ ရက်တွင် ကိုးကန့်တပ်ဖွဲ့သည် ၁၂ မိုင်ကျေးရွာရှိ လူတစ်ဦးကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟုဆိုကာ ဈေးထဲတွင် ဖမ်းဆီးချုပ်နှောင်ပြီးနောက် ရိုက်သတ်လိုက်ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်ကပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသားသည် ဖမ်းဆီးခံရသည့် နေ့တွင်ပင် ရိုက်သတ်ခံခဲ့ရခြင်းဖြစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲသူကို ဥပဒေအရ အရေးမယူဘဲ ယခုကဲ့သို့ ရိုက်သတ်လိုက်ခြင်းအပေါ် ပြည်သူများက ဝေဖန်နေလျက်ရှိသည်။

“အသတ်ခံရတဲ့ လူက မူးယစ်ဆေးဝါးသုံးလို့ ကိုးကန့်က လာဖမ်းသွားတာ ဖမ်းထားတဲ့အချိန် အစာလည်း မကျွေး ရေလည်း မတိုက်ဘူး။ သေတဲ့အထိ ဝိုင်းရိုက်ကြတာ ဈေးထဲမှာပဲ သေသွားတယ်။ အရိုက်ခံရချိန်လည်း အော်နေတာ အကျယ်ကြီးပဲ။ မူးယစ်ထုတ်တဲ့လူတွေကျ ဖမ်းပြီး သေဒဏ်ပေးတာ မမြင်ဖူးဘူး။ ဝယ်သုံးတဲ့လူတွေကျ တစ်ခါတည်း ဥပဒေမရှိ ရိုက်သတ်တော့ ဒေသခံတွေက ကိုးကန့်ရဲ့ ဖြေရှင်းပုံကို ဝေဖန်နေကြတယ်။ စိုးရိမ်နေကြတယ်” ဟု ဖြစ်စဉ်ကို သိရှိသည့် သတင်းရင်းမြစ်အမျိုးသားတစ်ဦးက ပြောသည်။

လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူများကို သေသည်အထိ ရိုက်နှက်ခြင်းထက် လူမှုဘဝတွင် ပြန်လည်ဝင်ဆန့်စေရန် ပြုပြင်ရေးလုပ်ငန်များကို ပိုလုပ်စေချင်သည်ဟု ဒေသခံများက ပြောသည်။

“အကျင့်ပြန်ပြုပြင်ပေးတာမျိုး ဒါမှမဟုတ် ထောင်ဒဏ်တစ်နှစ်ပေးပြီး ပြုပြင်ပေးတာမျိုးဆို ပိုကောင်းတာပေါ့ဗျာ။ မူးယစ်ထုတ်လုပ်သူ ဖြန့်ဖြူးသူတွေကိုတော့ ပြင်းပြင်းထန်ထန်အရေးမယူပဲ သုံးတဲ့သူကျ ရိုက်သတ်တယ်ဆိုတာကတော့ တော်တော်လွန်တာပေါ့ဗျာ”ဟု သတင်းရင်းမြစ်က ပြောသည်။

နမ့်ခမ်းမြို့နယ် ၁၂ မိုင်ကျေးရွာသည် တအာင်းတပ်ဖွဲ့-TNLA ထံမှ ကိုးကန့်တပ်ဖွဲ့-MNDAA က တိုက်ခိုက်သိမ်းပိုက်ထားသည့်နေရာဖြစ်သည်။

ကိုးကန့်တပ်ဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့တွင်လည်း အစည်းအဝေးမှ ပြန်လာသည့် ရွာသူကြီးတစ်ဦးကို ဆိုင်ကယ်ချက်ချင်းမရပ်ပေးဟုဆိုကာ ပါးရိုက်ခြင်း သေနတ်ဒင်ဖြင့် ထုထောင်းရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်။

#MeKongNews
#ကိုးကန့်
#နမ့်ခမ်း
#မူးယစ်ဆေး
#ရိုက်သတ်
#ဖမ်းဆီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now